အကောင်းဆုံးကလေးပြုစုပျိုးထောင်နည်းကတော့ မိဘနဲ့သားသမီးကြား ရင်းရင်းနှီးနှီးပေါင်းသင်းဆက်ဆံခြင်းပါပဲ။

blank

ဖေဖေမေမေတို့ရေ…

ဒီနေ့ခေတ်မှာ မိဘများအနေနဲ့ ရွေးချယ်စရာကလေးပြုစုပျိုးထောင်နည်းတွေ၊ လမ်းညွှန်စာအုပ် တွေ၊ အကြံပေးနေတဲ့ကျွမ်းကျင်ပညာရှင်တွေ အများကြီးရှိနေပါတယ်။

သင်ဟာ သင့်ဝန်းကျင်က လက်လှမ်းမီရာ နည်းလမ်းတွေကို လိုက်နာကျင့်သုံးနေပေမဲ့ သင်နဲ့ သင့်ကလေးကြားမှာ ထင်သလောက် တိုးတက်မလာဘူးလို့ တွေးနေမိလား။ တကယ်တော့ ကလေး ပြုစုပျိုးထောင်ရေးအတွက် အကောင်းဆုံးနဲ့အခြေခံအကျဆုံးတစ်ချက်ကတော့ မိဘနဲ့ သားသမီးကြား ရင်းနှီးခိုင်မြဲတဲ့ဆက်ဆံရေးတည်ဆောက်ဖို့ပါပဲ။

မှန်ပါတယ်။

အဲ့ဒီလိုပေါင်းသင်းဆက်ဆံရေးတည်ဆောက်ဖို့ သင့်အသက်ဘယ်လောက်၊ သင့်ကလေးရဲ့ အ သက်က ဘယ်လောက်ဆိုတာက အရေးမကြီးပါဘူး။  သားသမီးတွေရဲ့ဘဝမှာ မိဘတွေရဲ့အားပေး ကူညီမှု၊ မှန်ကန်တဲ့လမ်းညွှန်မှုတွေဆိုတာ အမြဲလိုအပ်နေကြတာပါ။ ဒါကြောင့် ကလေးတစ်ယောက် ကို ပြုစုပျိုးထောင်ဖို့ တခြားနည်းလမ်းတွေကို မသုံးခင် မိဘနဲ့သားသမီးကြား ရင်းနှီးနွေးထွေးတဲ့ ဆက် ဆံရေးကို အရင်တည်ဆောက်ပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

  • ကလေးပြောတာ နားထောင်ပေးပါ။
  • ကလေး ခံစားချက်တွေကို ကြည့်ပေးပါ။
  • ကလေးနဲ့အတူ ရယ်မောပါ။
  • စကားစမြည်ပြောပါ။
  • ပွေ့ဖက်ပါ။
  • အတူကစားပါ။
  • အရာရာကို မျှဝေပါ။

စာချစ်သူများအားလုံးလည်း ပျော်ရွှင်တဲ့ မိသားစုဘဝကို တည်ဆောက်နိုင်ပါစေ။

သိမှတ်စရာလေးတွေ မျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။