ဂန္ထဝင်စာချစ်သူပျိုမေတို့ရေ…။
ကျွန်မတို့မိန်းကလေးတွေဟာ အမွှေးပွရုပ်တွေ၊ နှင်းဆီပွင့်လေးတွေ၊ မီးရောင်လှလှနဲ့ ညစာစားပွဲတွေကို နှစ်သက်တတ်ကြတယ်။ ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွေထဲကလို ရိုမန်တစ်ဆန်တဲ့ အရာတွေကိုလည်း လိုချင်ကြတယ်။ မိန်းကလေးတွေဟာ ရုပ်ဝတ္ထုပစ္စည်းတွေထက် ချစ်သူက ဂရုစိုက်ပေးတာ၊ အံ့သြစရာလေးတွေဖန်တီးပေးတာကိုသာ မျှော်လင့်တတ်ကြပါတယ်။ ရိုမန်တစ်မဆန်တတ်တဲ့ ကိုကိုကြောင့် စိတ်ညစ်နေတယ်ဆိုရင် သင့်အတွက်အကြံပြုချက်လေးတွေကို ဒီစာစောင်လေးမှာ တင်ဆက်ပေးလိုက်ပါတယ်နော်။
၁။ သင်လိုချင်တဲ့အရာတွေကို ပွင့်ပွင့်လင်းလင်းပြောဆိုပါ။
၂။ သင်ကစပြီး သူ့အတွက် ရိုမန်တစ်ဆန်တဲ့ အရာလေးတွေ ပြုလုပ်ပေးပါ။
၃။ သူငယ်ချင်းတွေရဲ့ ချစ်သူတွေနဲ့ နှိုင်းယှဉ်နေတတ်တာကို ရပ်လိုက်ပါ။
၎။ ရိုမန်တစ်မဆန်တတ်ပေမယ့် အခြားကောင်းကွက်တွေရှိနေတာကို မြင်အောင်ကြည့်ပါ။
၅။ ချစ်သူတက်ရောက်တဲ့ ပွဲတွေ၊ အခမ်းအနားတွေကို အတူတူတက်ရောက်ပေးပါ။
ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။
၆။ ချစ်သူက သင့်အတွက်လုပ်ပေးတဲ့ အသေးစိတ်အချက်အလက်တွေကစပြီး အသိအမှတ်ပြုပေးပါ။
၇။ သင်သူ့ကို အရမ်းချစ်တယ်ဆိုတဲ့အကြောင်းကို သိအောင်ပြောပြပါ။
၈။ ချစ်သူရဲ့ အကျင့်တွေကို အရှိအတိုင်းနားလည်လက်ခံပေးနိုင်ဖို့ ကြိုးစားပါ။
၉။ ရိုမန်တစ်မဆန်တဲ့အတွက် ချစ်သူကို အပြစ်ရှိသလို ခံစားရစေတာ၊ အတင်းအကြပ်ပူဆာတာမျိုးတွေကို ရှောင်ကြဉ်ပါ။
စာချစ်သူတို့ရေ….။
လူအမျိုးမျိုး၊ စိတ်အထွေထွေဆိုသလိုပဲ လူတစ်ဦးနဲ့ တစ်ဦးရဲ့ အကျင့်စရိုက်တွေ မတူညီနိုင်ပါဘူး။ ယောက်ျားအများစုဟာ ကျွန်မတို့မိန်းကလေးတွေလို ရိုမန်တစ်ဆန်တာတွေ၊ ပြဇာတ်ဆန်တာတွေကို မနှစ်သက်တတ်ကြပါဘူး။ သင့်အနေနဲ့ ချစ်သူရဲ့ အဲ့ဒီအကျင့်လေးကြောင့် စိတ်ညစ်ခံပြီး သင့်ကိုမချစ်ဘူးလို့ ထင်နေတတ်တာလေးတွေကို လျှော့လိုက်ပါ။ အချို့လူတွေဟာ ချစ်ခြင်းတွေကို ထုတ်ဖော်မပြသဘဲ သိမ်းဆည်းထားတာကိုပဲ နှစ်သက်တတ်ကြပါတယ်။ သင့်အနေနဲ့ သူသိမ်းဆည်းထားတဲ့အချစ်တွေကို မြင်အောင်ကြည့်ပြီး သာယာတဲ့အချစ်ခရီးလမ်းကို ပုံဖော်လျှောက်လှမ်းတတ်ဖို့သာ လိုတာပါ။
ချစ်သူတိုင်း သာယာပျော်ရွှင်တဲ့ အချစ်ခရီးလမ်းကို လျှောက်လှမ်းနိုင်ကြပါစေ။