ချစ်ခြင်းရဲ့ အဓိပ္ပာယ်

blank

သချာင်္ဆရာမတစ်ယောက်ဟာ ကျောင်းသားတွေကို “တကယ်လို့ A=B, B=C ဆိုရင် B=C ဖြစ်တယ်။ ဒီညီမျှခြင်းလေးအတွက် လက်တွေ့ကျတဲ့ ဥပမာလေးတစ်ခု ပြနိုင်မလား” လို့မေးလိုက်ပါတယ်။ ဒီအခါမှာ ကျောင်းသားတစ်ယောက်က “ဒါက လွယ်လွယ်လေးပါ ဆရာမရယ်။ ကျွန်တော်က ဆရာမကို ချစ်တယ်။ ဆရာမကလည်း ဆရာမသမီးကို ချစ်တယ်။ ဒီညီမျှခြင်းကို အဆုံးထိဆက်ပြောဖို့ လိုမယ်လို့တော့ မထင်ပါဘူးနော်။” လို့ ပြန်ပြောလိုက်ပါတယ်။

အချစ်ရေးဆိုတာဟာ ဖဲချပ်တွေလိုပါပဲ။ ကံကောင်းခြင်းတွေနဲ့ အစပြုခဲ့နိုင်ပေမယ့် ကံဆိုးခြင်းတွေနဲ့ အဆုံးသတ်သွားတတ်ပါတယ်။ မြင်မြင်ချင်း ချစ်မိတာမျိုးရှိသလို မြင်မြင်ချင်းမုန်းတီးမိတာမျိုးလည်း ရှိတတ်တာပါပဲ။

အချစ်ရေးတစ်ခုကို ဘယ်ဟာက အဓိပ္ပာယ်ရှိစေတာပါလိမ့်လို့ စဉ်းစားမိဖူးလား။ စစ်မှန်ရိုးသားမှုကလား။ ထာဝရတည်မြဲမှုကလား။ အချစ်ဆိုတာဟာ “ချစ်တယ်” ဆိုတဲ့စကားလုံးလေးနှစ်လုံးထက် အများကြီး ပိုအဓိပ္ပာယ်ရှိပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

တကယ်တော့ အချစ်ဆိုတာ စိတ်ကူးယဉ်တာတွေ လျော့နည်းသွားပြီးတော့ လေးစားမှုတွေအများကြီး ပါဝင်ရမယ့်အရာတစ်ခုပါ။ စိတ်ကူးယဉ်ဆန်မှုဆိုတာဟာ ပျောက်ကွယ်သွားတတ်ပေမဲ့ တစ်ယောက်အပေါ် တစ်ယောက်ထားတဲ့ လေးစားမှုကတော့ အမြဲတည်ရှိနေမှာမို့ပါ။ အချစ်ရေးတွေကို တည်မြဲစေတာကလည်း လေးစားမှုပါပဲ။ အချစ်ဆိုတာဟာ ကိုယ့်ဆန္ဒတွေကို ဘေးဖယ်ထားပြီး ချစ်သူအတွက် ကိုယ်ရော စိတ်ပါ ပေးဆပ်တတ်ခြင်းပါ။ သူ့ရဲ့ အားနည်းချက်တွေ၊ အပြစ်လေးတွေကို နားလည်လက်ခံနိုင်ပြီး ခွင့်လွှတ်ပေးနိုင်တာပါ။

အချစ်ဆိုတာဟာ ရနံ့မွှေးတဲ့၊ အရောင်အသွေးစုံတဲ့ နှင်းဆီလှလှလေးတစ်ပွင့်လေးလိုပါပဲ ကြည်နူးရင်ခုန်စရာကောင်းပေမဲ့ ဆူးလေးတွေကိုတော့ လက်ခံနိုင်ရမှာပေါ့။

သင်ကော အချစ်ကို ဘယ်လိုအဓိပ္ပာယ်ဖွင့်လဲ…