ကလေးတွေကို ကြံ့ခိုင်ရဲရင့်အောင် ပြုစုပျိုးထောင်ပေးပါ။

blank

ဖေဖေမေမေတို့ရေ…

မိမိတို့ရဲ့ရင်သွေးတွေကို ယုံကြည်စိတ်ချရတဲ့အနာဂတ်ကောင်းတစ်ခုပေးချင်ရင် ကလေး တွေကို ကြံ့ခိုင်ရဲရင့်သူတွေဖြစ်အောင် ပြုစုပျိုးထောင်ပေးဖို့ အရေးကြီးလှပါတယ်။

ကလေးရဲ့မျက်လုံးလေးတွေထဲ တည့်တည့်ကြည့်ပါ။

  • သူတို့က ရဲရင့်ပြီးသားဆိုတာ ပြောပြပါ။
  • သူတို့က ကြံ့ခိုင်ပြီးသားဆိုတာ ပြောပြပါ။
  • သူတို့ရှေ့မှာ အမြဲတမ်းမားမားမတ်မတ်ရပ်တည်ပေးနေမယ့် ဖေဖေနဲ့မေမေရှိတယ်ဆိုတာ ပြောပြပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

အဲ့ဒီအရာတွေပြုလုပ်ဖို့ မနက်ဖြန်အထိမစောင့်ပါနဲ့။ တစ်ခုခုပြီးပြည့်စုံတဲ့အချိန်ဖြစ်တဲ့အထိ  လည်း မစောင့်ပါနဲ့။ အဲ့ဒီအပြုအမူတွေဟာ ဖေဖေ၊ မေမေတို့ရဲ့နေ့စဉ်ဘဝပုံမှန်အစိတ်အပိုင်းတစ်ခုလို ဖြစ်လာတဲ့အထိ ဖြည်းဖြည်းလေ့ကျင့်ယူသွားပါ။

အဲ့ဒီအရာတွေ အလေ့အကျင့်ဖြစ်လာတဲ့အခါ ကလေးတွေရဲ့အနာဂတ်ဘယ်လောက် ပိုလှပ လာတယ်ဆိုတာ စောင့်ကြည့်လိုက်ပါ။

သင်ကျင့်သုံးဖြစ်နေတဲ့ ကလေးပြုစုပျိုးထောင်နည်းလေးသိရင်လည်း မျှဝေခဲ့ပါဦး။