အမျိုးသမီးတစ်ယောက်အတွက် အရေးအကြီးဆုံးက အိမ်ထောင်ပြုဖို့လား။

blank

အမျိုးသမီးတစ်ယောက် အချိန်တန်အရွယ်ရောက်လို့မှ အိမ်ထောင်မပြုသေးဘူး၊ ကလေးမယူသေးဘူးဆိုရင် သူ့ဘဝကြီးတစ်ခုလုံးက အသုံးမဝင်တော့သလိုလို ပတ်ဝန်းကျင်က ပြောဆိုတတ်ကြပါတယ်။ တကယ်တော့ အိမ်ထောင်ရေးကိစ္စကို စိတ်မဝင်စားတဲ့အမျိုးသမီးတွေရှိသလို၊ အိမ်ထောင်ပြုပြီး ကလေးမယူချင်တဲ့အမျိုးသမီးတွေလည်း ရှိတတ်ကြပါတယ်။ ဝါသနာပါတဲ့အလုပ်လေးတွေလုပ်ရင်း၊ ခရီးထွက်ရင်းနဲ့ပဲ တစ်သက်လုံး အပျိုကြီးလုပ်သွားချင်ကြတဲ့သူတွေလည်း ဒုနဲ့ဒေးပါပဲ။ တကယ်တော့အမျိုးသမီးတွေမှာ အိမ်ထောင်ပြု၊ ကလေးယူတာထက် ပိုအရေးကြီးတဲ့၊ ကိုယ့်ဘဝအတွက်ကိုယ်လုပ်ရမယ့် ဘဝမှတ်တိုင်တွေရှိပါတယ်။ အဲ့ဒါလေးတွေကတော့….

၁။ ဘွဲ့တွေရဖို့ ကြိုးစားခြင်း။

၂။ ဝါသနာပါတဲ့အလုပ်ကို လုပ်ခြင်း။

၃။ ကိုယ်ပိုင်ကားဝယ်ခြင်း။

၎။ အိမ်မွေးတိရစ္ဆာန်လေးတွေမွေးခြင်း။

၅။ Gymတစ်ခုသွားပြီး ပုံမှန်ကစားခြင်း။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၆။ မပျော်ရွှင်တဲ့အလုပ်ကနေ ထွက်ခြင်း။

၇။ မကောင်းတဲ့ဆက်ဆံရေးတွေကို အဆုံးသတ်ခြင်း။

၈။ ခရီးထွက်ခြင်း။

၉။ ကိုယ့်ဘဝအတွက် ကိုယ်ပိုင်နေရာတည်ဆောက်ခြင်း စတာတွေပဲဖြစ်ပါတယ်။

သင့်အတွက်ကော ဘယ်အရာတွေက အရေးကြီးလဲ။