တစ်ခါပဲ အမုန်းခံရမလား။ ရေရှည်စိတ်ညစ်ခံရမလား။

blank

ကျွန်မက အမျိုးသမီးဘော်ဒါဆောင်တစ်ခုမှာ နေထိုင်ပြီး အပြင်ဝန်ထမ်းလုပ်နေတဲ့ မိန်းကလေး တစ်ယောက်ပါ။ အဆောင်ဆိုတော့ ထုံးစံအတိုင်း အများနဲ့အတူပေါင်းနေရတာပေါ့နော်။ ကျွန်မနဲ့အတူ နေရတဲ့အခန်းဖော်က သိပ်စည်းကမ်းမရှိပါဘူး။ ကျွန်မပစ္စည်းတွေကို ယူသုံးတယ်။ မရောသုံးသင့်တဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းတွေဖြစ်တဲ့ သောက်ရေခွက်တွေ၊ နားကြပ်တွေဆိုလည်း ခွင့်တောင်းခြင်းမရှိ ဘဲ ယူသုံးတယ်။ သနပ်ခါးကျောက်ပျဉ်တွေ ယူသုံးတယ်။
ဟိုနေ့ကဆို ကျွန်မတော်တော်စိတ်ဆိုးမိတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

အလုပ်ကမောမောပန်းပန်းနဲ့ပြန်လာတော့ သူက ကျွန်မခုတင်ပေါ် တက်အိပ်နေတယ်လေ။ ကျွန်မက ကြီးကျယ်တဲ့ဆန်းဆန်းတင့်မဟုတ်ပါဘူး။ မလိုအပ်ဘဲ နေရာတကာ ရွံ့တတ်တဲ့သူလည်း မ ဟုတ်ရပါဘူး။ ဒါပေမဲ့ စည်းကမ်းရှိတာကို ကြိုက်တယ်။ ကျွန်မလည်း သူများပစ္စည်းကို မသုံးဘူး။ သူ များခေါင်းအုံးတွေ၊ အိပ်ရာတွေနဲ့လည်း မအိပ်တတ်ပါဘူး။ ပြီးတော့ ကျွန်မခေါင်းအုံးကို တခြားသူလာ အိပ်တာလည်း ကျွန်မ မကြိုက်ပါဘူး။ ကျွန်မက ပြောမယ်ဆိုတော့ ရုံးက ကျွန်မသူငယ်ချင်းက တား တယ်။

“ ပြောလိုက်လို့ နင့်ကိုမုန်းသွားမယ်နော်။ တစ်ခန်းတည်းအတူနေပြီး မတည့်ရင် သိပ်စိတ်ညစ် ဖို့ကောင်းတာ”

သူပြောတာလည်း ဟုတ်နေတယ်။ မနက်မိုးလင်းကတည်းက မြင်နေရတဲ့သူတွေဆိုတော့ မ တည့်ရင် ခက်မှာ။ ဒါပေမဲ့ သူအခုလို စည်းကမ်းပျက်နေတာကိုလည်း ကျွန်မစိတ်ရှုပ်တယ်။ မကြိုက်တဲ့ အကြောင်း အပြတ်ပြောပြီး တစ်ခါပဲ အမုန်းခံလိုက်ရမလား။ အောင့်အည်းသည်းခံနေပြီး အမြဲစိတ်ညစ် ခံနေရမလား။ ဘယ်လိုလုပ်ရင် ကောင်းမလဲဟင်။