လေးစားအတုယူဖွယ်အကောင်းဆုံးအချစ်ရေးဆိုတာ….

blank

ပျော်ရွှင်စရာအကောင်းဆုံးအချစ်ရေးဆိုတာ တစ်ဦးအပေါ်တစ်ဦး အပြန်အလှန်ယုံကြည်မှုနဲ့ သစ္စာရှိမှုတွေ တည်ဆောက်ထားနိုင်တဲ့ အချစ်ရေးပါ။

သူတို့ဟာ တစ်ယောက်ဖုန်းကို တစ်ယောက် နေ့တိုင်းစစ်နေစရာမလိုဘူး။ သူတို့အချင်းချင်း ဘာတွေလုပ်နေတယ်ဆိုတာ သိရဖို့ ဖေ့စ်ဘုတ်ခ် (Facebook) အကောင့်တွေကို နေ့တိုင်းဝင်ကြည့်နေစရာမလိုဘူး။ ပြီးတော့ ပြဿနာတစ်ခုကြုံလာပြီဆိုရင်လည်း တစ်ယောက်နဲ့တစ်ယောက် တရားခံကိုစစ်ဆေးနေသလို မစစ်ဆေးတတ်ကြဘူး။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အဆုံးမရှိတဲ့ ယုံကြည်မှုဆိုတာ အဆုံးမရှိတဲ့ ပျော်ရွှင်မှုပါပဲ။ သင့်ချစ်သူကို သံသယတွေထားမနေဘဲ အပြည့်အဝယုံကြည်ပေးလိုက်ခြင်းအားဖြင့် သင့်ကိုလည်း ပြန်ယုံကြည်လာစေပြီး ပျော်ရွှင်ကျန်းမာတဲ့ အချစ်ရေးတစ်ခုကို ပိုင်ဆိုင်နိုင်စေမှာပါ။

စာချစ်သူတို့ အခုပိုင်ဆိုင်ထားတဲ့ အချစ်ရေးအကြောင်းလေးကိုလည်း comment box မှာမျှဝေပေးသွားပါဦးနော်။