အရူးအမူးချစ်တတ်တဲ့ မိန်းကလေးတွေနဲ့ တွဲသင့်တဲ့အကြောင်းရင်းများ

blank

စာချစ်သူတို့ရေ…

လူရယ်လို့ ဖြစ်လာရင် ချစ်ခြင်းတရားနဲ့ ကင်းကွာလို့ မရပါဘူး။ တစ်ချို့သူတွေက  ချစ်သူကို အရူးအမူး ချစ်တတ်ကြပါသေးတယ်။ တကယ်လို့ သင်က  အရူးအမူးချစ်တတ်တဲ့ ကောင်မလေးတစ်ယောက်ကို လက်တွဲတော့မယ်ဆိုရင် အသည်းအသန်ချစ်ပြတတ်တဲ့ သူမရဲ့ ပင်ကိုယ်ဗီဇလေးကို နားလည်ထားရပါမယ်။ သူမဟာ မေတ္တာတရားကြီးမားသူတစ်ယောက် ဖြစ်တဲ့အပြင် ဘဝကို ကြောက်ရွံ့ခြင်း ကင်းကင်းနဲ့ ရှင်သန်တတ်သူတစ်ယောက်လည်း ဖြစ်ပါတယ်။

ဒီလိုကောင်မလေးတွေအတွက် အရူးအမူးချစ်ရတာဟာ နည်းနည်းလောက်ပဲ ချစ်ရတာထက် ပိုကောင်းတယ်လို့ ခံယူထားပြီး အချစ်မရှိဘဲ အချိန်ဖြုန်းပစ်ရတဲ့ဘဝက တိုလွန်းပါတယ်လို့လည်း ခံယူထားပါသေးတယ်။

အရူးအမူးချစ်တတ်တဲ့ ကောင်မလေးတွေဟာ ရဲစွမ်းသတ္တိနဲ့ ယုံကြည်မှုတွေ အပြည့်ရှိကြပါတယ်။ အရူးအမူးချစ်တတ်တဲ့ ကောင်မလေးတွေမှာ အခြားသူတွေအတွက် အချစ်တွေ ပေးဖို့ အများကြီး ရှိတာကြောင့် သူတို့ဟာ သဘာဝရဲ့လက်ဆောင်မွန်လေးတွေပါ။

ဘဝစိန်ခေါ်မှုတွေ ဘယ်လိုကြုံရပါစေ၊ သူတို့ဟာ ဘယ်လိုအနိုင်ယူရမလဲဆိုတာ သဘောပေါက်တယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သူတို့ဟာ အချစ်ကို သိပ်နှစ်သက်ကြပါတယ်။ သူတို့တွေမှာ တခြားသူတွေကို သူတို့ဘက် ပါလာအောင် ဆွဲဆောင်နိုင်တဲ့ စွမ်းရည်တွေပိုင်ဆိုင်ထားကြပါသေးတယ်။ ဒါဟာ သူတို့ရဲ့ မွေးရာပါ အစွမ်းအစလေးတစ်ခုပဲ ဖြစ်ပါတယ်။ သူတို့ရဲ့သစ္စာရှိမှုကြောင့် ပေါင်းသင်းဆက်ဆံရေးနဲ့ အချစ်ရေးမှာ ဘယ်တော့မှ မနိမ့်ကျပါဘူး။ တကယ်လို့ သင့်မှာ ဒီလိုကောင်မလေးမျိုး ပိုင်ဆိုင်ထားပြီဆိုရင် သူမကို ကြင်ကြင်နာနာဆက်ဆံပါ၊ ဂရုစိုက်ပေးပါ။ ဘာလို့လဲဆိုတော့ သူမဟာ ထိခိုက်လွယ်တဲ့နှလုံးသားတစ်ခုနဲ့ သန်မာတဲ့ကောင်မလေးတစ်ယောက်မို့ပါ။

အရူးအမူးချစ်တတ်တဲ့ကောင်မလေးတွေဟာ နှလုံးသားတံခါးကို အမြဲဖွင့်ထားလေ့ရှိပေမဲ့ သူတို့နှလုံးသားထဲမှာ ခံစားနေရတာကိုတော့ ထုတ်ပြလေ့မရှိပါဘူး။

အရူးအမူးချစ်တတ်တဲ့ကောင်မလေးတွေအပေါ် သစ္စာရှိပါ။ ဘာလို့လဲဆိုတော့ သူတို့တွေဟာ နှလုံးသားတစ်ခုလုံးနဲ့ ပုံအောချစ်ဖို့ အမြဲအဆင်သင့်ဖြစ်နေတတ်ကြတယ်။ သင်က အရူးအမူးချစ်တတ်တဲ့ ကောင်မလေးတစ်ယောက်နဲ့ လက်တွဲတော့မယ်ဆိုရင် သူမရဲ့အကျင့်လေးတွေကို လက်ခံနားလည်ပေးပြီး ချစ်ပေးသင့်ပါတယ်။

စာချစ်သူတို့ရဲ့ အချစ်ရူးမလေးတွေသိအောင် mention ခေါ်လိုက်တော့နော်။