အဆုံးသတ်ရမယ့် အချစ်ရေးမှန်း ဘယ်လိုသိနိုင်မလဲ။

blank

အချစ်စစ်တို့ရဲ့ လမ်းဟာ မဖြောင့်ဖြူးဘူးတဲ့။ ဒီလမ်းကို ကောင်းမွန်စွာ လျှောက်လှမ်းနိုင်ဖို့ အတွက် ချစ်သူနှစ်ဦးမှာ တစ်ဦးနဲ့တစ်ဦး တန်ဖိုးထားမှု၊ အလိုက်သိမှု၊ လေးစားမှုတွေ လိုအပ်ပါတယ်။ ဒီလိုမဟုတ်ဘဲ အဆင်မပြေမှုတွေပဲ မကြာခဏကြုံလာရပြီဆိုရင်တော့ သင့်ချစ်သူ ဟာ ဆက်လက်တွဲသင့်တဲ့သူ ဟုတ်သေးရဲ့လားဆိုတာ ဒီအချက်လေးတွေနဲ့ ဆန်းစစ်ကြည့်လိုက်ပါ။

၁။ တစ်ချိန်လုံး ခေါင်းထဲမှာ သူ့လုပ်ရပ်တွေအတွက် မေးခွန်းထုတ်နေမိပြီဆိုရင်။

၂။ ချိန်းတွေ့နေကြတဲ့အချိန်မှာတောင်မှ ရင်ခုန်တာတွေ၊ ကြည်နူးတာတွေ မခံစားမိတော့လို့ သင်တို့ကြားမှာ အချစ်ရော ရှိသေးရဲ့လား လို့ တွေးမိလာပြီဆိုရင်။

၃။ လူအတော်များများက သူ့အကြောင်းတွေ လာလာပြောပြပြီး သင့်အချစ်ရေးကို စိတ်ပူနေကြပြီဆိုရင်။

၎။ သင့်ချစ်သူ အပေါ် အပြည့်အဝ မယုံကြည်နိုင်တော့ဘူးဆိုရင်။

၅။ သင့်ချစ်သူဟာ သူ့အတွက်ပဲ သူကြည့်နေမယ်၊ သံသယများမယ်၊ သူ့အမှားကို သင့်အမှားလုပ်မယ်၊ စိတ်ဆတ်နေမယ်ဆိုရင်။

၆။ သင်တို့နှစ်ယောက်ရဲ့ ဘဝပန်းတိုင်တွေက ပြဒါးတစ်လမ်း၊ သံတစ်လမ်း ဖြစ်နေပြီး တစ်ယောက်နဲ့ တစ်ယောက် အထောက်အကူမပေးနိုင်တော့ရင်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၇။ သင်တို့နှစ်ယောက်ဟာ လူမှုရေး၊ နိုင်ငံရေး၊ သားသမီးရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် ငွေကြေးသုံးစွဲမှုကိစ္စ တွေမှာ အမြင်လုံးဝမတူညီဘူးဆိုရင်။

၈။ သင့်ချစ်သူ ဟာ သူ့ရဲ့ ရွှေရောင်လွှမ်းခဲ့တဲ့ အတိတ်ကိုပဲ တမ်းတနေပြီး သင်တို့နှစ်ယောက်ရဲ့ အနာဂတ်အတွက် မစဉ်းစားဘူးဆိုရင်။

၉။ သင်တို့ရဲ့ဆက်ဆံရေးဟာ အပေါ်ယံလောက်သာ ဖြစ်နေပြီး ပွင့်ပွင့်လင်းလင်း မရှိဘူးဆိုရင်။

၁၀။ ချစ်သူတွေကြားမှာ ပြဿနာဆိုတာ ရှိစမြဲပေမယ့် ဒီပြဿနာတွေကို တစ်ချိန်လုံး စမြုံ့ပြန်ပြောဆိုနေမယ်ဆိုရင်။

၁၁။ သင်တို့နှစ်ယောက်မှာ စိတ်ဝင်စားတဲ့အရာတွေက လုံးဝကွဲပြားနေပြီ ဆိုရင်။

၁၂။ သင်တို့နှစ်ယောက်ရဲ့ ပုံစံ အစစ်အမှန်ကို ထုတ်မပြနိုင်ဘဲ ဟန်ဆောင်နေထိုင်နေရပြီဆိုရင်။

၁၃။ သင့်ကို ဂရုမစိုက်တာတွေ၊ သင်နဲ့ချိန်းထားရင် အချိန်ကို မလေးစားတာတွေ များလာပြီဆိုရင်။

၁၄။ သင့်ချစ်သူ ဟာ သင့်ရည်မှန်းချက်တွေအပေါ် အလေးထားမှုမရှိဘဲနဲ့ သူ့ကိုယ်သူပဲ ဦးစားပေးနေမယ်ဆိုရင်။

၁၅။ လှတဲ့သူမြင်ရင် လိုက်ကြည့်မိတတ်တာမှန်ပေမယ့် သင့်ချစ်သူ က လိုတာထက် ပိုပြီးတော့ မျက်စိကစားလွန်းနေပြီဆိုရင်။

စာချစ်သူတို့ရဲ့ အချစ်ရေးကကော ဒီအချက်တွေထဲက ဘယ်အချက်နဲ့ တိုက်ဆိုင်နေပြီလဲ။ ဘယ်အချက်က သင်တို့လမ်းခွဲလိုက်ဖို့ အဓိကအကြောင်းပြချက် ဖြစ်ခဲ့တာလဲဆိုတာကို comment မှာပြောပြပေးသွားပါဦးနော်။