ပြန်ပြင်ဆင်ဖို့နောက်ကျသွားခဲ့ပြီဖြစ်တဲ့ အချစ်ရေးတစ်ခုရဲ့လက္ခဏာရပ်များ

blank

၁။ တစ်ယောက်တည်းရှိနေချိန်က စိတ်ချမ်းသာစရာအကောင်းဆုံးဖြစ်လာတာ။

၂။ အတူတူရှိနေတဲ့အခါ လုံးဝပျော်ရွှင်မှုမရှိတော့တာ။

၃။ သူလုပ်တဲ့အသေးအဖွဲလေးကအစ စိတ်တိုဒေါသထွက်နေတော့တာ။

၎။ သူ့အပေါ် ယုံကြည်မှုရပ်တန့်သွားတာ။

၅။ ရင်းနှီးနွေးထွေးမှုတွေပျောက်ဆုံးပြီး သူစိမ်းဆန်လာတာ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ကမ္ဘာပေါ်မှာရှိတဲ့ချစ်သူတိုင်းကတော့ စချစ်တဲ့အချိန်မှာ ရာသက်ပန်လက်တွဲဖို့ ရည်ရွယ်ကြ တာပါပဲ။ ဒါပေမဲ့ လမ်းတစ်ဝက်မှာ အကြောင်းအမျိုးမျိုးနဲ့လက်တွဲဖြုတ်သွားကြသူတွေလည်း ဒုနဲ့ဒေး ရှိနေပါတယ်။ တချို့က ဖြစ်သမျှအတူရင်ဆိုင်ဖြေရှင်းရင်း ပိုခိုင်မြဲလာကြသလို တချို့စုံတွဲတွေကျ တော့လည်း လမ်းမခွဲသေးတာကလွဲပြီး တစ်နေ့တခြားပိုပိုဝေးကွာလာကြပါတယ်။ လမ်းခွဲတယ်ဆိုတာ ချစ်တတ်သူတွေအတွက် နာကျင်စရာမို့ မိမိတို့အချစ်ရေးမှာ အထက်ပါအချက်တွေ မရှိသေးဘူးဆိုရင်၊ ဒါမှမဟုတ် တစ်ချက်တလေပဲ ရှိသေးတယ်ဆိုရင် ကောင်းမွန်တဲ့အချစ်ရေးဖြစ်အောင် အချိန်မီ ပြန်လည်ပြင်ဆင်ကြဖို့ အကြံပြုတိုက်တွန်းလိုက်ပါတယ်နော်။

ဂန္ထဝင်စာချစ်သူများအားလုံး သာယာပျော်ရွှင်တဲ့အချစ်ရေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။ စာစောင်လေးကို နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါဦးနော်။