အချစ်မှာ အပြစ်ရှိသလား။

blank

စာချစ်သူတို့ရေ….။

“သစ်ပင်မှန်ရင် အမြစ်နဲ့ မကင်းသလို လူမှန်ရင် အချစ်နဲ့ မကင်းဘူး” လို့ လူတွေက ပြောကြတယ်။ တကယ်လည်း လူတစ်ယောက်ရဲ့ ဘဝမှာ အချစ်ဆိုတာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ်ပါဝင်ပါတယ်။ သူငယ်ချင်းအချစ်၊ မိဘမောင်နှမအချစ်၊ သားသမီးအပေါ်ချစ်တဲ့အချစ်၊ ဇနီးမောင်နှံအချစ်၊ ချစ်သူအချစ် စသည်ဖြင့် ကျွန်မတို့နှလုံးသားထဲမှာ အရောင်အသွေးစုံတဲ့ အချစ်တွေရှိပါတယ်။ အခြားချစ်ခြင်းမေတ္တာတွေကြောင့် နှလုံးသားဟာ အေးချမ်းရပေမယ့် သမီးရည်းစားတွေကြားမှာ ရှိတဲ့အချစ်ကြောင့် တစ်ခါတလေမှာ ကျွန်မတို့တတွေ နာကျင်ခံစားရတယ်။ အသည်းကွဲရတယ်။ အဲ့ဒါဆိုရင် အချစ်မှာ အပြစ်ရှိသလား။

အချစ်ရေးမှာ အဆင်မပြေတဲ့သူတိုင်း၊ အချစ်ကြောင့် နာကျင်ဝမ်းနည်းရသူတိုင်းက အချစ်ကို လက်ညှိုးထိုးကြတယ်။ အချစ်ဆိုတာ အက်ဆစ်ထက်ပြင်းတယ်။ ဘဝကိုတမြေ့မြေ့နဲ့ လှိုက်စားစေတယ်တဲ့။ တကယ်ကော အချစ်ဟာ လူတွေရဲ့ဘဝအတွက်နိမိတ်ဆိုးတစ်ခုလား။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

တကယ်တော့ စာချစ်သူတို့ရေ…။

ချစ်ခြင်းတရားဆိုတာ လွန်ကဲတဲ့မျှော်လင့်ချက်တွေ၊ ပေးဆပ်ခြင်းတွေ၊ သစ္စာမဲ့မှုတွေ၊ အလွန်အကျူးမှီခိုမှုတွေ မပါခဲ့ဘူးဆိုရင်…

အပြန်အလှန်နားလည်မှုတွေ၊ အချိန်ပေးမှုတွေ၊ ဂရုစိုက်ခြင်းတွေ၊ ကိုယ်ချင်းစာတရားတွေ နဲ့ တည်ဆောက်ထားရင် သိပ်ကိုအပြစ်ကင်းတဲ့ အရာတစ်ခုပါ။

ချစ်သူနှစ်ဦးကြားမှာ ရှိသင့်ရှိထိုက်တဲ့ သစ္စာတရားနဲ့ အပြန်အလှန်နားလည်တန်ဖိုးထားမှုတွေ ပျောက်ဆုံးနေတဲ့ကြားမှာ ချစ်ခြင်းတရားက အပြစ်ရှိသူတစ်ယောက်လို စွပ်စွဲခံလိုက်ရတယ်။

ချစ်ခြင်းဟာ သိပ်ကိုလှပတဲ့အရာတစ်ခုပါ။

သူ့ချည်းသာလော လို့မေးရင် အပြန်အလှန်နားလည်တန်ဖိုးထားမှုနဲ့ သစ္စာတရားနဲ့ပါလို့ ဖြေရပါလိမ့်မယ်။