ဉာဏ်ရည်မြင့်တဲ့ ချစ်သူကောင်မလေးကို ပိုင်ဆိုင်ထားသူတွေအတွက် သတိပေးစာ

blank

၁။ ဉာဏ်ကြီးရှင်လေးတွေက သူတို့ကို လိမ်ညာတော့မယ်ဆိုရင် အလိုလို သိနေတတ်ပါတယ်။ သူတို့ကို ညာဖို့ မကြိုးစားမိပါစေနဲ့။

၂။ ဉာဏ်ကြီးရှင်လေးတွေက ဘဝကို အကောင်းဆုံး တည်ဆောက်နိုင်တယ်။ ချစ်သူကိုလည်း ချစ်တာထက်ပိုပြီး မှီခိုအားကိုးချင်တာတွေ မရှိဘူး။

၃။ အခန်းဆိုရင်လည်း အမြဲလိုလို ရှုပ်ပွနေတတ်တယ်။ အိမ်သန့်ရှင်းရေးထက် အရေးကြီးတဲ့ အလုပ်တွေရှိနေသေးတာကြောင့်ပါ။ ဉာဏ်ကြီးရှင်လေးတွေကို ချစ်မိရင် ဒီလောက်တော့ သည်းခံရမယ်နော်။

၎။ ဉာဏ်ကောင်းတဲ့ချစ်သူကို ပိုင်ဆိုင်ရပြီဆိုရင် စိတ်ချယုံကြည်လိုက်ပါ။ သူတို့က ကိုယ့်ကိုယ်ကိုရော၊ သူများတွေကိုပါ မလိမ်တတ်ဘူး။ မုသားစကားတစ်ခွန်းရဲ့ အကျိုးဆက်ကို ကောင်းကောင်းသိထားတယ်။

၅။ ဉာဏ်ကောင်းတဲ့ချစ်သူက လိုရင်လိုသလို စိတ်ခံစားမှုတွေကို ထိန်းချုပ်နိုင်တယ်။ ကိုယ့်အထာနဲ့ကိုယ်နေတတ်တာမျိုးပေါ့။

၆။ ဉာဏ်ကြီးရှင်လေးတွေက ဘာလုပ်လုပ် အစီအစဉ်တွေ သေသေချာချာဆွဲပြီးမှ အကွက်ကျကျ လုပ်တတ်တယ်။ အစီအစဉ်အတိုင်းဖြစ်မလာတာတို့၊ ချိန်းထားတာ နောက်ကျမိပြီဆိုရင်တော့ ဘုရားသာ တ, နေပေတော့။

၇။ တစ်ခါတလေမှာ သူမတူအောင် အပျင်းကြီးနေတတ်တယ်။ အမြဲတမ်းတွေးပြီး ဦးနှောက်ကိုပဲ အသုံးများလို့ တက်တက်ကြွကြွ မဖြစ်တဲ့အခါမျိုးတွေမှာပေါ့။ အဲဒီအချက်လေးကိုတော့ သည်းခံပေးရပါမယ်။

၈။ ဉာဏ်ရည်မြင့်တဲ့ ကောင်မလေးတွေက အတိတ်တွေကို မေ့ပစ်ထားကြတယ်။ အတိတ်ကို ပြန်ဆွပြီး ပြဿနာရှာရင်လည်း သိပ်ကိုမုန်းတာ။ ဒါကြောင့် သူမကို အနာဂတ်နဲ့ ပစ္စုပ္ပန်အကြောင်းကိုပဲ ပြောပါ။

၉။ အမှားတွေလည်း လုပ်တတ်တယ်။ ဒါပေမဲ့ အမှားလုပ်လို့ ရှက်စရာကောင်းတယ်လို့ သူတို့ကို မပြောမိစေနဲ့နော်။ ဉာဏ်ရည်မြင့်တဲ့ ကောင်မလေးတွေက အမှားတွေကို သင်ခန်းစာအဖြစ်ပဲ သတ်မှတ်တတ်ကြတယ်။

၁ဝ။ ဉာဏ်ရည်မြင့်တဲ့ ကောင်မလေးတွေကို ချစ်သူတော်ထားရင် ရှောင်ကြည်ရမယ့်အချက်က သက်သေပြခိုင်းတာ၊ ကျိန်ပြောခိုင်းတာတွေပါပဲ။ ဉာဏ်ကြီးရှင်လေးတွေက ကိုယ့်ဘဝနဲ့ကိုယ် နေတတ်ပြီး ဘယ်သူ့ကိုမှ သက်သေပြစရာမလိုဘူးလို့ ခံယူထားတတ်ကြပါတယ်။

သင်က ဉာဏ်ရည်မြင့်တဲ့ ဉာဏ်ကြီးရှင်ကောင်မလေးဆိုရင် သင့်ချစ်သူသိအောင် SHARE ပြီး ပြောပြလိုက်ဦးနော်။