အချစ်ရေးသာယာဖို့ဆိုရင် ချစ်သူနှစ်ဦးလုံးမှာ တာဝန်ရှိပါတယ်။

blank

          အချစ်စစ်ဆိုတာဟာ သာယာကြည်နူးမှုတွေနဲ့ပဲ ပြည့်နှက်နေတတ်ပါတယ်လို့ အားလုံးက ယုံကြည်ထားတတ်ကြပါတယ်။  ဒါကြောင့်ပဲ အချစ်မှာ ဘာကြိုးစားအားထုတ်မှုမှ မလိုအပ်ဘူးလို့ ထင်လာကြတာပေါ့။ တကယ်တော့ အချစ်ဆိုတာဟာ လက်တစ်ဖျစ် အတွင်းမှာ ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။ အချစ်တစ်ခု ပေါက်ဖွားလာစေဖို့အတွက် အချိန် နဲ့ စိတ်ရှည်သည်းခံမှုတွေ လိုအပ်ပါတယ်။ ဒါကြောင့် ပြဿနာတွေ ကြုံလာရပြီဆိုရင် ရှောင်ထွက်မသွားဘဲ နှစ်ဦးသား အရင်ညှိနှိုင်းပါ။

အချစ်ရေးမှာ ရလဒ်ကောင်းတွေ ရဖို့ဆိုရင် အပြည့်အဝအာရုံစိုက်မှု၊ ဂရုစိုက်မှု နဲ့ စိတ်ရှည်သည်းခံမှုတွေ လိုအပ်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

တည်မြဲတဲ့ အချစ်တစ်ခု ပိုင်ဆိုင်ချင်တယ် ဆိုရင် အသေးအဖွဲ ပြဿနာလေးတွေ အတွက် တစ်ယောက်ကို တစ်ယောက် အပြစ်တွေတင်နေကြမယ့်အစား နှစ်ဦးနှစ်ဖက်သဘောထားကို သေချာပြောပြပြီး ဖြေရှင်းကြပါ။

ချစ်သူကို တကယ်ဂရုစိုက်တယ်ဆိုရင် ဘာတွေပဲဖြစ်လာလာ သူ့အနားမှာပဲ နေပါ။

ချစ်သူ အရမ်းဒုက္ခရောက်နေတဲ့အချိန်မှာ တစ်ကိုယ်ကောင်းဆန်စွာနဲ့ ထွက်ခွာမသွားသင့်ပါဘူး။ သူ အဆင်ပြေဖို့အတွက် သင် တတ်နိုင်သမျှ အရာအားလုံးကို လုပ်ပေးသင့်ပါတယ်။ အခက်အခဲတွေ ကြုံလာတဲ့အခါ အတူတူ ကြိုးစားမှသာ ရုန်းထွက်နိုင်မှာဖြစ်ပြီး၊ သင်တို့နှစ်ယောက်အတူ ရှိနေသရွေ့ မဖြတ်ကျော်နိုင်တဲ့ အတားအဆီး ဆိုတာ မရှိပါဘူး။

သာယာတဲ့အချစ်ရေးကို တည်ဆောက်နိုင်ဖို့ သင့်ချစ်သူကို mention ခေါ်ရင်း မျှဝေခဲ့ပါဦး။