အသည်းမာတဲ့ကောင်မလေးတွေကို ချစ်သူတော်တော့မယ်ဆိုရင် သိထားသင့်တဲ့ အချက်လေးများ

blank

စာချစ်သူတို့ရေ…..။

အတိတ်မှာ အသည်းခဏခဏကွဲခဲ့ပြီး နှလုံးသားဒဏ်ရာတွေ ပြည့်နှက်နေတဲ့ ကောင်မလေးတွေဟာ တခြားသူတွေကို ခံစားချက်တွေ ပြောပြလေ့မရှိကြပါဘူး။ ပြီးတော့ အချစ်သင်ခန်းစာကို ခက်ခက်ခဲခဲ လေ့လာခဲ့ရလို့ အသည်းမာလာကြပါတယ်။ ဒါပေမဲ့  အရင်ကထက် ပိုသန်မာလာကြတာတော့ အမှန်ပါပဲ။

ဒီလို အသည်းမာတဲ့ ကောင်မလေးတွေကို ချစ်သူတော်တော့မယ်ဆိုရင် သိထားသင့်တဲ့ အရေးကြီးတဲ့အချက်လေးတွေကို စာချစ်သူတို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

အသည်းမာတဲ့ကောင်မလေးတွေဟာ….

၁။ လက်ဆောင်ပစ္စည်းတွေထက် စစ်မှန်တဲ့မေတ္တာနဲ့ ကြင်နာတဲ့ဂရုစိုက်မှုကို ပိုလိုချင်ကြလိမ့်မယ်။

၂။ ခွန်အားအပြည့်နဲ့ ကိုယ်လမ်းကို လျှောက်လေ့ရှိကြပေမဲ့ သူတို့နဲ့အတူ  လက်တွဲလျှောက်လှမ်းဖို့ ကမ်းလှမ်းလိုက်ပြီဆိုရင် ကံကောင်းတယ်လို့သာ မှတ်ယူလိုက်ပါ။

၃။ သူတို့ကို စကားလုံးတွေနဲ့ စာဖွဲ့ပြောနေရင် အရင်ကလည်း ကြားနေကျမို့  အပြုအမူနဲ့ဆောင်ရွက်ပေးတာကို ပိုမြင်ချင်ကြလိမ့်မယ်။

၎။ သူတို့ရဲ့နှလုံးသားဟာ နူးညံ့သိမ်မွေ့ကြလို့ တခြားသူတွေထက် သင့်ကို ပိုဂရုစိုက်ပေးလိမ့်မယ်။

၅။ သီးသန့်နေရတာကို သဘောကျပေမဲ့ သူတို့ကို ကြင်နာမှု၊ နွေးထွေးမှုတွေ အကောင်းဆုံးပေးတာကို လိုချင်မက်မောကြလိမ့်မယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၆။ ဘယ်လိုလူဖြစ်နေပါစေ သူတို့အပေါ် အချိန်တိုင်း ရိုးရိုးသားသားဆက်ဆံပေးရင် လက်ခံပေးကြလိမ့်မယ်။

၇။ သူတို့ကိုယ်တိုင် ရပ်တည်နိုင်တဲ့အတွက် သင့်အကူအညီကို လိုအပ်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့ဘဝထဲ သင့်ကို ဝင်လာခွင့်ပြုလိုက်ရင်လည်း ရှေ့ဆက်ရပ်တည်ဖို့ ဆုံးဖြတ်နိုင်ကြလိမ့်မယ်။

၈။ ဘယ်သူ့အပေါ်မှ မှီခိုရတာကို မကြိုက်ကြပါဘူး။ ဒါကြောင့် သင်ဖန်တီးပေးသမျှ အရာတွေကို သူတို့က တွေ့ကြုံခဲ့ဖူးတာမို့ သင့်ကိုယ်သင်ပဲ ပျော်ရွှင်အောင် ဖန်တီးပါ။

စာချစ်သူတို့ရေ  အသည်းမာတဲ့ ကောင်မလေးတွေရဲ့ စရိုက်လက္ခဏာလေးတွေကို သိသွားပြီဆိုရင် အချစ်ရေးကို ပျော်ရွှင်စွာ ဖန်တီးတည်ဆောက်နိုင်ကြပါစေရှင်။