ချစ်ရက်နဲ့ ဘာကြောင့်ထားခဲ့တာလဲ။

blank

ချစ်တဲ့သူတစ်ယောက်ကို လမ်းခုလတ်မှာ ထားခဲ့တဲ့အခါ ကျန်နေခဲ့တဲ့သူက နာကျင်ခံစားရသလို ထားခဲ့တဲ့သူအတွက်လည်း ခက်ခဲလှပါတယ်။ တစ်ခါတလေမှာ ချစ်သူနှစ်ဦးကြားမှာ အဆင်ပြေနေပါလျက်နဲ့ အကြောင်းပြချက်မရှိဘဲ ထားခဲ့တာခံရတတ်ပါတယ်။ တစ်ယောက်ကိုတစ်ယောက်ချစ်ရက်နဲ့ ဘာ့ကြောင့်များထားခဲ့တာလဲဆိုတာကို အဖြေရှာရင်း သောကဂယက်ထဲမှာ တဝဲဝဲလည်နေတတ်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ချစ်သူက တစ်သက်လုံးဘေးနားမှာရှိနေခဲ့လိမ့်မယ်လို့ တွေးထားဖူးပေမယ့်လည်း ချစ်သူက စကားတစ်ခွန်းသော်မှမဆိုဘဲ ဘေးနားက ထွက်သွားတတ်ပါတယ်။ ချစ်သူဘေးနားက ထွက်သွားတာဟာ….

သင်တို့နှစ်ယောက်ရဲ့ အနာဂတ်ခရီးကို ဆက်လက်ပုံမဖော်နိုင်တော့လို့

သင့်ရဲ့ ထက်မြက်မှုတွေ၊ ရည်မှန်းချက်ပြင်းပြမှုတွေရဲ့ ဒဏ်ကိုမခံနိုင်တော့လို့

သင်ကိုလိုတာထက်ပိုပြီး တွယ်တာမိမှာစိုးလို့

သင်တို့နှစ်ယောက်လုံး အချစ်ကြောင့် နာကျင်ခံစားရမှာကို တွေးပူလို့ စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။