လူတွေ ဘာလို့ ဖောက်ပြန်ကြတာလဲ

blank

ယနေ့ခေတ်ကြီးမှာ ချစ်သူတွေကြားမှာ ဖောက်ပြန်ခြင်းဆိုတဲ့ အကြောင်းအရာက အဖြစ်များလာပါတယ်။ လူတွေဘာ့ကြောင့် ဖောက်ပြန်ကြတာလဲဆိုတဲ့ မေးခွန်းကို သိပ္ပံနည်းကျ သုံးသပ်ကြည့်လိုက်တဲ့အခါ….။

၁။ လူမှုကွန်ယက် အသုံးများလာတာ..

ယနေ့ခေတ်ကြီးမှာ လူအများစုက ကိုယ်ပိုင်အချိန်တွေကို  လူမှုကွန်ယက်အသုံးပြုခြင်းနဲ့ ကုန်ဆုံးလာပါတယ်။ လူမှုကွန်ယက်တွေကို ဘဝရဲ့ အစိတ်အပိုင်းတစ်ခုလို သဘောထားပြီး အသုံးပြုလာတာကြောင့် အချစ်ရေးတွေ ရေရှည်တည်မြဲဖို့ အချိန်ပေးတာနည်းလာပါတယ်။ လေ့လာသူတွေကတော့ လူမှုကွန်ယက်တွေကို ချစ်သူထက်ပိုပြီး အလေးထားတတ်တဲ့သူတွေဟာ ဖောက်ပြန်ဖို့အလားအလာပိုများတယ်လို့ဆိုပါတယ်။ ဇာတ်လမ်းအသစ်တွေကလည်း လိုင်းပေါ်မှာအလွယ်တကူရလာတဲ့ ခေတ်ကြီးမှာ ဖောက်ပြန်ဖို့အကြောင်းတရားတွေကို အလွယ်တကူရှာလို့ရသွားတာပေါ့။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၂။ အချစ်ရေးမှာ အလွယ်လမ်းလိုက်တာတွေများလာတာ….

အချစ်ခရီးတိုင်းမှာ အခက်အခဲအတားအဆီးတွေ ကျော်ဖြတ်ရစမြဲပါ။ တချို့လူတွေဟာ အခက်အခဲတွေကို ကျော်ဖြတ်နိုင်ဖို့ သတ္တိမရှိတဲ့အတွက် အဆင်မပြေမှုတွေကို ရင်ဆိုင်မယ့်အစား နောက်ထပ်တစ်ယောက် ထားလိုက်ပါတော့တယ်။

ဖောက်ပြန်မှုတွေ ဘာ့ကြောင့်များလာတယ်လို့ သင်ထင်လဲ။