ပြိဿရာသီဖွားတွေနဲ့ Date မလုပ်ခင် သိထားသင့်တဲ့ အချက်လေးများ

blank

ဂန္ထဝင်စာချစ်သူတို့ရေ…

ရာသီဖွားတိုင်းမှာ မတူညီတဲ့ အကျင့်စရိုက်လက္ခဏာလေးတွေ ရှိနေကြပါတယ်။ သင်ရွေးချယ်မယ့်ချစ်သူဟာ ပြိဿရာသီဖွားတစ်ဦးဆိုရင် သိထားသင့်တဲ့အချက်လေးတွေ ရှိနေပါတယ်နော်။

၁။ အအိပ်မက်တယ်။

အိပ်စက်ခြင်းက သူတို့အတွက်တန်ဖိုးအရှိဆုံးအရာမို့ အိပ်ပျော်နေတုန်း သူများနှောင့်ယှက်ရင် မကြိုက်ပါဘူး။ အိပ်ခွင့်ရဖို့ဆို ဘာနဲ့မဆို အပေးအယူလုပ်ကြသူတွေပါ။

၂။ ဇီဇာကြောင်တယ်။

သူတို့ပိုင်တဲ့ ပစ္စည်းတွေကို သူတို့ခွင့်ပြုချက်မရဘဲ ထိတာကိုင်တာ မကြိုက်ကြတဲ့သူမျိုးတွေ ဖြစ်တယ်။

၃။ ချစ်ခင်တွယ်တာတတ်ကြတယ်။

အတွင်းစိတ်ကို နားလည်ရခက်ပေမယ့် နွေးထွေးကြင်နာမှုပေးတတ်သူတွေ ဖြစ်ပါတယ်။ ယုံကြည်အားကိုးရပြီး သစ္စာရှိတဲ့သူတွေ ဖြစ်ပါတယ်။

၎။ အချိန်ကို သူ့နေရာနဲ့သူ အသုံးချတယ်။

အချိန်ကို သူ့နေရာနဲ့သူ ခွဲခြားပြီး အသုံးချတတ်တယ်။ ချစ်သူကို အချိန်ပေးတတ်တယ်။

၅။ အကောင်း ကြိုက်တယ်။

အဝတ်အစားကောင်းတွေနဲ့ အစားကောင်းတွေကို ချစ်မြတ်နိုးကြတယ်။ အသစ်အဆန်းနဲ့ အမြင်လှ တာလေးတွေကို သဘောကျကြလေ့ ရှိကြတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၆။ ခေါင်းမာတတ်ကြတယ်။

သူတို့ဖြစ်ချင်တာတွေအတွက် ဘယ်အရာကိုမှ ဂရုမစိုက်ဘဲ ရအောင်လုပ်တတ်ကြတယ်။

၇။ အရည်အချင်းတွေအများကြီးပိုင်ဆိုင်ထားကြတယ်။

သူတို့တွေက ဆွဲဆောင်မှုရှိပြီး လှပချောမောသူတွေဖြစ်ရုံသာမက ဖန်တီးမှုကောင်းသူ တွေလည်း ဖြစ်ကြတယ်။ ရုပ်ရည်ချောမောရုံသာမက အချက်အပြုတ်ပါ ကျွမ်းကျင်တဲ့သူတွေကို ပြိဿာရာသီဖွားတွေမှာ တွေ့မြင်နိုင်တယ်။

၈။ မိသားစုကို ဦးစားပေးကြတယ်။

ပိတ်ရက်တွေမှာ မိသားစုနဲ့အတူ အချိန်ဖြုန်းချင်ကြတယ်။ မိသားစုကို ချစ်ခင်တွယ်တာပြီး အရာအားလုံးထက် ဦးစားပေးဆက်ဆံတတ်ကြတယ်။

၉။ လွတ်လပ်မှုကို မြတ်နိုးကြတယ်။

ချစ်ခင်တွယ်တာမှုကို လိုလားကြပေမယ့် လွတ်လွတ်လပ်လပ်နဲ့ နေချင်ကြတယ်။ များသောအားဖြင့် အမှီအခိုကင်းတဲ့သူတွေ ဖြစ်ကြတယ်။

၁ဝ။ အချစ်ကို ခံစားနားလည်ကြတယ်။

အရူးအမူး ချစ်တတ်ကြတယ်။ ချစ်ခင်ယုယမှုတွေပေးတဲ့အခါ သာလွန်တဲ့ ယုယမှုတွေကို ပြန်ပေးတတ်ကြတယ်။ ဂရုတစိုက်ရှိကြတယ်။ ပြိဿရာသီဖွားဘေးမှာ နေရတဲ့သူက ဘယ်တော့မှ အထီးမကျန်နိုင်ပါဘူး။

သင်သိထားတဲ့အချက်လေးတွေရှိရင်လည်း comment box မှာ မျှဝေခဲ့ပါဦးနော်။