သမီးလေးတွေကို မေမေသင်ပေးချင်တဲ့အရာလေးတွေ

blank

၁။ ပျော်ရွှင်မှုအစစ်ဆိုတာ သမီးတစ်ယောက်တည်းရှိလည်း ပျော်အောင်နေတတ်တာကိုခေါ်တာပါ။

၂။ အနီရောင်နှုတ်ခမ်းနီဆိုးပါ။

၃။ အမှတ်တရဓာတ်ပုံလေးတွေ ရိုက်ပါ။

၎။ သမီးအတွက် သက်တောင့်သက်သာရှိပြီး အဆင်ပြေတာကိုဝတ်ပါ။

၅။ သမီးနေထိုင်ရာကမ္ဘာမြေကြီးကို ချစ်မြတ်နိုးပါ။

၆။ အရာရာတိုင်းဆီကနေ အလှတရားကို ရှာဖွေပါ။

၇။ သမီးမှာ ငွေအပိုအလျှံရှိတဲ့အခါ သူငယ်ချင်းတွေကို ညစာကျွေးပါ။

၈။ ဝေးကွာနေတဲ့သူငယ်ချင်းတွေနဲ့အဆက်အသွယ်မပြတ်အောင် ကြိုးစားပါ။

၉။ သမီးပတ်ဝန်းကျင်က လူတွေရဲ့ပျော်ရွှင်မှုကိုလည်း အလေးထားပါ။

၁ဝ။ လမ်းလျှောက်တဲ့အခါ ခေါင်းမော့ထားပါ။

၁၁။ လက်သည်းကိုက်တတ်တဲ့အကျင့်ကို ရှောင်ပါ။

၁၂။ နေ့စဉ်အမှားတွေဆီကနေ သင်ခန်းစာယူပါ။

၁၃။ အသည်းကွဲတဲ့အခါ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ကျော်ဖြတ်ပါ။

၁၄။ လက်ဖက်ရည်ကြမ်းသောက်ပါ။

၁၅။ ခြေထောက်လေးတွေ လှပကျန်းမာဖို့ ဂရုစိုက်ပါ။

၁၆။ ရေမွှေးဆွတ်ပါ။

၁၇။ အရပ်ရှည်ရင်တောင် ဒေါက်မြင့်ဖိနပ်စီးပါ။

၁၈။ ဂန္ထဝင်ဆန်တာဟာ ဘယ်တော့မှမရိုးနိုင်ဆုံးအလှတရားဆိုတာ နားလည်ပါ။

၁၉။ သမီးနှစ်သက်ချင်တာကို နှစ်သက်ပါ။

၂ဝ။ လွယ်လွယ်ဆင်ခြေပေးတတ်တဲ့အကျင့်ကို ရှောင်ပါ။

၂၁။ မိန်းမတစ်ယောက်ရဲ့ဂုဏ်သိက္ခာကို အမြဲထိန်းပါ။

၂၂။ သူငယ်ချင်းတွေအပေါ် ချစ်ပါ။

၂၃။ သူငယ်ချင်းတွေနဲ့အတူ ငိုစရာရှိရင် မရှက်မကြောက်ငိုပါ။

၂၄။ တစ်ခုခုအဆင်မပြေရင်တောင် အပြုံးမပျက်ရင်ဆိုင်ပါ။

၂၅။ မေမေ့ကို ဘာမဆိုပြောပြပါ။

၂၆။ ကြံ့ခိုင်သန်မာဖို့ လေ့ကျင့်ခန်းလုပ်ပါ။

၂၇။ ချစ်ခြင်းမေတ္တာကို ထုတ်ဖော်ပြသပါ။

၂၈။ ကမ္ဘာကြီးမှာ လိုက်နာသင့်တဲ့စည်းမျဉ်းတွေ အများအပြားရှိတာကို နားလည်ပါ။

၂၉။ မျက်စိစုံမှိတ်ယုံကြည်တာကို ရှောင်ပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃ဝ။ တချို့လူတွေက အသက်ကြီးလေကလေးဆန်လေဆိုတာကို နားလည်ပါ။

၃၁။ ကစီဓာတ်ကို စားသုံးပေးပါ။

၃၂။ တာဝန်ယူထားတဲ့အလုပ်တစ်ခုကို ပြီးမြောက်တဲ့အထိလုပ်ပါ။

၃၃။ တစ်ခါတရံမှာ ဂန္ထဝင်တေးဂီတတွေကိုလည်း နားထောင်ပါ။

၃၄။ ရေနွေးနဲ့ချိုးပါ။

၃၅။ ဆားရေနဲ့ရေချိုးတာကို ရှောင်ပါ။

၃၆။ သမီးက သမီးထင်ထားတာထက် ဉာဏ်ပိုကောင်းတာကိုသိပါ။

၃၇။ မေမေပေးတဲ့ကတိတွေကို ယုံကြည်ပါ။

၃၈။ နားမလည်တဲ့အရာကို သိအောင်မေးပါ။

၃၉။ သမီးရဲ့ဒေါသ၊ ဝမ်းနည်းမှုနဲ့ နာကျင်မှုတွေကို သိပါ။

၎ဝ။ သမီးအတွက် မေမေရှိနေမှာကို အမြဲသတိရပါ။

၄၁။ ခရီးထွက်ပါ။

၄၂။ မေမေ့ကို တက်ကြွပျော်ရွှင်မှုတွေဖန်တီးပေးပါ။

၄၃။ မေမေ့ကို ဂုဏ်ယူစရာတွေဖန်တီးပေးပါ။

၄၄။ သမီးဘဝအတွက် သမီးက ဇာတ်လိုက်ပါ။

၄၅။ တခြားသူတွေရဲ့ဘဝအတွက် သမီးက ဇာတ်ရံတစ်ယောက်ပါ။

၄၆။ တင်းကြပ်တဲ့အဝတ်အစားတွေထက် အံဝင်ခွင်ရှိတဲ့အဝတ်အစားတွေက ပိုစမတ်ကျစေတာသိပါ။

၄၇။ မိန်းကလေးတစ်ယောက်အတွက် အဆင်းသာမကဘဲ အချင်းပါပြည့်စုံဖို့အရေးကြီးတာကို သိပါ။

၄၈။ မိတ်ကပ်ကို ပွဲလမ်းသဘင်နဲ့လိုက်ဖက်အောင် လိမ်းခြယ်ပါ။

၄၉။ သမီးဘေးမှာ မေမေမရှိတဲ့အခါ အရာရာကို ရင်ဆိုင်ဖို့သတ္တိမွေးမြူထားပါ။

၅ဝ။ ကိုယ့်ကိုယ်ကို နှိမ့်ချတာနဲ့ နိမ့်ကျတာကို ခွဲခြားနားလည်ပါ။

၅၁။ တစ်ရက်ကို မျက်နှာနှစ်ကြိမ်သစ်ပါ။

၅၂။ အသားအရေကို ဂရုစိုက်ပါ။

၅၃။ သိပ္ပံကိုစိတ်ဝင်စားပါ။

၅၃။ စာဖတ်ပါ။

၅၅။ သမိုင်းကိုစိတ်ဝင်စားပါ။

၅၆။ သင်္ချာကို စိတ်ဝင်စားပါ။

၅၇။ ကောင်းတာလုပ်ဖို့ ရက်ကောင်းရွေးစရာမလိုတာကို သိပါ။

၅၈။ ကိုယ်အလေးချိန်ကိုထိန်းပါ။

၅၉။ အခက်အခဲတွေကြုံလာတဲ့အခါ လောကကြီးမှာလူတိုင်းကြုံနေရတာကို သတိရပါ။

၆ဝ။ အသီးအရွက်ကို နေ့စဉ်စားပေးပါ။

၆၁။ အပေါ်ယံကြည့်ပြီး အကဲဖြတ်တတ်တဲ့အကျင့်ကို ရှောင်ကြဉ်ပါ။

၆၂။ လူတိုင်းဆီက ကောင်းကွက်တွေကို မြင်အောင်ကြည့်ပါ။

၆၃။ သမီးကို လူတချို့က လဲပြိုစေတဲ့အခါ လောကဓံကိုနားလည်ပါ။

၆၄။ အချစ်စစ်ကို တန်ဖိုးထားပါ။

၆၅။ သမီးရဲ့ပျော်ရွှင်မှုရှိတဲ့နေရာဟာ သမီးရှိနေသင့်တဲ့နေရာပါ။

၆၆။ ကျေးဇူးသိတတ်ပါ။

၆၇။ တစ်ဖက်သားအမြင်ကိုလည်း နားထောင်ပေးပါ။

၆၈။ လိုအပ်ရင် သဘောထားကွဲလွဲပါ။

၆၉။ တန်ဖိုးထားသင့်တဲ့အရာတွေအတွက် အစွမ်းကုန်ကြိုးစားပါ။

၇ဝ။ တန်ဖိုးမရှိတဲ့အရာတွေအတွက် အချိန်ကုန်လူပန်းဖြစ်တာမျိုး ရှောင်ပါ။

သိမှတ်စရာလေးတွေမျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦး။