လမ်းပျောက်နေတဲ့အိမ်ထောင်ရေးတစ်ခုမှာ လမ်းကြောင်းမှန်ကို ဘယ်လိုပြန်ရှာဖွေမလဲ။

blank

စာချစ်သူတို့ရေ…

အိမ်ထောင်ရေးပြဿနာတစ်ခုတကယ်ရှုပ်ထွေးလာပြီဆိုရင် ဝင်္ကပါကတောင် အရှုံးပေးရလောက်ပါ တယ်။ တစ်ခါတရံမှာ ကိုယ်က ဘယ်နေရာရောက်လို့ ဘယ်ကိုဆက်သွားရမယ်ဆိုတာကိုတောင် မသိဘဲ ဖြစ် နေတတ်ပါတယ်။ ဆက်နေနေလို့လည်း ပျော်ရွှင်မှုရမလာ၊ လမ်းခွဲဖို့ကျတော့လည်း ပိုဆိုးသွားမလားဆိုတဲ့ ဒွိဟ တွေးတွေနဲ့ နာကျင်နေရတဲ့ နေ့ရက်တွေကိုလည်း အဆင်မပြေတဲ့အိမ်ထောင်ရှင်တိုင်း ဖြတ်သန်းဖူးကြမှာပါ။ ဘေးလူတွေအနေနဲ့ကျတော့လည်း ကာယကံရှင်တွေလောက် အကြောင်းရင်းကို ထဲထဲဝင်ဝင်မသိနိုင်တာ ကြောင့် ဝင်ဆုံးဖြတ်ပေးဖို့ ခက်ပါတယ်။ သေချာတာကတော့ မိမိအိမ်ထောင်ရေးမှာ ထွက်ပေါက်မရှိသလို ခံစား နေရတာဖြစ်ဖြစ်၊ လမ်းပျောက်နေသလို ခံစားနေရတာဖြစ်ဖြစ် ပြဿနာမှန်ရင် အဖြေတစ်ခုတော့ ရှာရမှာပါပဲ။ အဲ့ဒီအဖြေတွေကို ကျွန်မတို့ ဘယ်လိုရှာဖွေကြမလဲ။

၁။ တကယ့်ပြဿနာအစစ်ကို တိတိကျကျဆန်းစစ်ကြည့်ပါ။

တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်လို့မရတော့အောင် ခါးသီးနေကြတဲ့ အိမ်ထောင်တစ်ခုဟာ စစ်ပွဲလိုပါပဲ။ နေ့စဉ်နဲ့အမျှလည်း ရန်ဖြစ်နေကြရတယ်။ တကယ်ဆို ချစ်လို့လက်ထပ်ခဲ့ကြတဲ့ လူသားနှစ်ယောက် ကြားမှာ ရန်သူတွေလို ပြောင်းလဲစေခဲ့တဲ့ အကြောင်းရင်းတွေ သေချာပေါက်ရှိနေမှာပါ။ ပျော်စရာ အိမ်ထောင် ရေးကို ခါးသီးဖွယ်အိမ်ထောင်ရေးအဖြစ် အသွင်ပြောင်းစေခဲ့တဲ့ အဓိကပြဿနာတွေက ဘာတွေလဲ။ ဇနီးမောင် နှံနှစ်ယောက်ကြားမှာ ဆက်ဆံရေးတင်းမာတာ ကြာခဲ့ပြီလား။ အပြန်အလှန် ယုံကြည်မှုတွေကော လုံးဝပျောက် ဆုံးကုန်ပြီလား။ အဲ့ဒါကို ဘယ်လိုပြန်ထူထောင်နိုင်မလဲ။ သေချာစဉ်းစားကြည့်ပါ။

၂။ ရွေးချယ်သင့်တာတွေကို ဆုံးဖြတ်ပါ။

ပြဿနာတွေကို သဲသဲကွဲကွဲအဖြေရှာပြီးပြီဆိုရင် ရွေးချယ်လို့ရတဲ့အရာတွေအားလုံးကို စဉ်းစားကြည့် ပါ။ အဲ့ဒီရွေးချယ်မှုအားလုံးဟာ သင့်ယုံကြည်မှု၊ သင့်တာဝန်ယူနိုင်စွမ်းနဲ့ သင့်မိသားစု တစ်စုလုံးရဲ့ အကျိုးစီးပွား တွေအပေါ်အခြေခံတာမျိုး ဖြစ်သင့်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ ရွေးချယ်မှုတစ်ခုချင်းစီရဲ့ရလဒ်တွေကို မြင်ယောင်ကြည့်ပါ။

ဥပမာ ဆက်ပြီးသည်းခံနေမယ်ဆုရင်လည်း နောက်ဆက်တွဲဖြစ်လာမယ့် အခြေအနေတွေအသေး စိတ် ကို စဉ်းစားကြည့်ပါ။ လမ်းခွဲဖို့ဆုံးဖြတ်မယ်ဆိုရင်လည်း သားသမီးတွေအပေါ် ဘယ်လိုရိုက်ခတ်နိုင်မလဲ။ မိဘ တွေအပေါ် သူတို့နားလည်ပေးနိုင်မလား။ ကွာရှင်းလိုက်ခြင်းအားဖြင့် ဇနီးမောင်နှံနှစ်ယောက်လုံးကော ပျော်ရွှင် လာရမလား။ အိမ်ထောင်ကျိုးနောက်မှာ ကြီးပြင်းရမယ့် သားသမီးတွေရဲ့အနာဂတ်လမ်းကြောင်းကော ဘာတွေ ဖြစ်လာနိုင်သလဲ။ စဉ်းစားကြည့်ရတာ ရင်မောစရာကောင်းပေမဲ့ ဒါတွေဟာ ရွေးချယ်မှုရဲ့နောက်မှာ သေချာ ပေါက်ရင်ဆိုင်ရမယ့် အစစ်အမှန်တွေမို့ အပြန်ပြန်အလှန်လှန် စဉ်းစားကြည့်သင့်ပါတယ်။

၎။ အကြံကောင်းပေးနိုင်တဲ့လူကြီးသူမတွေ မိတ်ဆွေသူငယ်ချင်းတွေနဲ့ တိုင်ပင်ပါ။        

ဒါဟာ မိမိတစ်ယောက်တည်းအတွက်သာမဟုတ်ဘဲ မိသားစုတစ်စုလုံးရဲ့ အနာဂတ်နဲ့ သက်ဆိုင်တဲ့ ကိစ္စဖြစ်တာကြောင့် ကိုယ်တိုင်စဉ်းစားတာအပြင် အမျှော်အမြင်ရှိတဲ့ လူကြီးသူမတွေ၊ မိတ်ဆွေသူငယ်ချင်း ကောင်းတွေနဲ့လည်း တိုင်ပင်သင့်ပါတယ်။ သူတို့တွေဆီက မျှဝေတဲ့အတွေ့အကြုံတွေ၊ စေတနာနဲ့ အကြံပြု ချက်တွေထဲမှာ ကာယကံရှင်တွေအနေနဲ့ မစဉ်းစားမိတဲ့အချက်တွေလည်း ပါဝင်နိုင်တာကြောင့် မှန်ကန်စွာ ဆုံး ဖြတ်နိုင်ဖို့ အကူအညီဖြစ်စေမှာပါ။

စာစောင်လေးကို LIKE & SHARE လေးလုပ်ဖို့ မမေ့ပါနဲ့နော်။