ပညာရှိကြီးပြောပြတဲ့ သူငယ်ချင်း ၃ မျိုး

blank

လူတစ်ယောက်က ပညာရှိကြီးတစ်ဦးထံကို ချဉ်းကပ်မေးမြန်းပါတယ်။

လူ လောကကြီးမှာ သူငယ်ချင်းအမျိုးအစား ဘယ်နှမျိုးရှိပါသလဲ။
ပညာရှိ  ၃ မျိုးရှိပါတယ်။
နံပါတ်တစ်က အစားအစာနဲ့တူတဲ့ သူငယ်ချင်းပါ။ သူတို့ကို သင်နေ့တိုင်း လိုအပ်ပါတယ်။
နံပါတ်နှစ်က ဆေးဝါးနဲ့တူတဲ့ သူငယ်ချင်းမျိုးပါ။ သင် နေမကောင်းတဲ့အခါ သူတို့ အကူအညီကို လိုအပ်ပါတယ်။
နံပါတ်သုံးက ကပ်ဆိုးနဲ့တူတဲ့ သူငယ်ချင်းပါ။ သင့်ကို အမြဲဒုက္ခပေးနေတယ်။ တူညီတာက သူတို့အားလုံးဟာ သင့်သူငယ်ချင်းပါပဲ။ သူတို့တွေဟာ လေနဲ့အလားသဏ္ဍာန်တူတယ်။ သူတို့ကို သင်မမြင်ရပေမဲ့ သင်နဲ့ အမြဲတမ်းအတူရှိနေကြတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ကဲ… သင်ကော သူငယ်ချင်းဘယ်နှမျိုးပိုင်ဆိုင်ထားပါသလဲ။ Comment box မှာ မျှဝေခဲ့ပါဦးနော်။