အိမ်ထောင်ရေးမှာ သာယာနေအောင် ဇနီးသည်ဘက်က လိုက်နာသင့်တဲ့ အချက်လေးများ

blank
၁။ ခင်ပွန်းဖြစ်သူရဲ့ အားနည်းချက်နဲ့အပြစ်တွေကိုပဲ အမြဲထောက်ပြပြီး အပြစ်မတင်ပါနဲ့။

အားနည်းချက်ကို အပြစ်တင်တာဟာ အဲ့ဒီအားနည်းချက်ပိုဆိုးသွားဖို့ပဲ ရှိပါတယ်။ အဲဒီလို အပြစ်တင်မယ့်အစား သူ့ရဲ့အားနည်းချက်တွေကို အားသာချက်ဖြစ်အောင် ပြောင်းပေးပါ။ ကောင်းကွက်လေးတွေကို မြင်အောင်ကြည့်ပါ။ ခင်ပွန်းသည်ကို အပိုင်မတွက်ပါနဲ့။

၂။ ခင်ပွန်းဖြစ်သူကို ချစ်ခင်ကြင်နာကြောင်းပြသပါ။

ချစ်သူတွေမှ မဟုတ်တော့တာ၊ လင်မယားတွေ ဖြစ်သွားပြီပဲ။ အိနြေ္ဒကြီးတစ်ခွဲသားနဲ့ မူသလိုလို၊ စိမ်းသလိုလို မနေပါနဲ့။ အမျိုးသားတွေရဲ့ သဘောက ရင်းနှီးထိတွေ့မှုကို ပိုပြီး နှစ်သက်ကြပါတယ်။ ပွင့်လင်းရင်းနှီးစွာ ပြောဆိုပြုမူပါ။ ကိုယ့်ဘက်က စပြီး အကြင်နာပေးဖို့ မတွန့်ဆုတ်ပါနဲ့။

၃။ ခင်ပွန်းသည်ရဲ့ လိုအပ်ချက်တွေကို သိအောင်ကြိုးစားပါ။

ခင်ပွန်းသည်က လိုအပ်လာပြီဆိုရင် အမြဲတမ်းအသင့်ရှိနေအောင် ကြိုးစားပါ။ ဇနီးသည်ရဲ့ တာဝန်က ထမင်းချက်ဖို့မဟုတ်ပေမဲ့ သင့်လက်ရာကို သူစားချင်နေတယ်ဆိုတာကို သိထားပါ။ ခင်ပွန်းအတွက် အချိန်ပေးပါ။ ကိုယ့်ဘက်က စေတနာထားတဲ့အတိုင်း တူညီတဲ့ မေတ္တာစေတနာ ပြန်ရမှာပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ ခင်ပွန်းသည်အပေါ်မှာ အလုံးစုံ မမှီခိုပါနဲ့။

ငွေကြေးကိစ္စတွေမှာတောင် ခင်ပွန်းသည်အပေါ်မမှီခိုဘဲ ကိုယ်တိုင်ရှာဖွေတတ်အောင် ကြိုးစားတာက အကောင်းဆုံးပါ။ ပြီးတော့ ခင်ပွန်းသည်အပေါ် မှီခိုလွန်းပြီး သူမရှိရင် မနေတတ်တော့လောက်အောင်ထိ မဖြစ်သင့်ပါဘူး။ တစ်ခါတလေ သူလည်း ကိုယ်ပိုင်အချိန်လိုအပ်တယ်၊ သင်လည်း လိုအပ်မှာပါ။

၅။ ခင်ပွန်းသည်အပေါ် မျိုသိပ်မထားပါနဲ့။

စိတ်မှာ ဘာတွေဖြစ်နေတယ်၊ ဘာဆန္ဒတွေရှိနေတယ်ဆိုတာကို အမြဲတမ်းပြောပါ။ မကျေနပ်တာတွေကိုလည်း ပွင့်ပွင့်လင်းလင်းပြောပါ။ အမှားတွေလုပ်ထားရင် ဖွင့်ပြောပါ။ ပြီးရင် သင်မှားနေရင်လည်း တောင်းပန်စကားပြောဖို့ မမေ့ပါနဲ့။

ဒီအကြံပေးချက်လေးတွေဟာ နှယ်နှယ်ရရမဟုတ်ပါဘူး။ နားလည်မှုတွေလွဲပြီး မသာယာတဲ့အိမ်ထောင်ရေးကြောင့် ကွာရှင်းလိုက်ရတဲ့ အိမ်ထောင်ကွဲအမျိုးသမီးတစ်ယောက်ရဲ့ ဘဝနဲ့ရင်းခဲ့ရတဲ့ သင်ခန်းစာတွေပါ။ ဇနီးသည်တွေအနေနဲ့ ဒီအကြံပေးချက်လေးတွေကို လိုက်နာပြီး သာယာတဲ့ အိမ်ထောင်ရေးကို တည်ဆောက်နိုင်ကြပါစေရှင်။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။