ညှဉ်းပန်းနှိပ်စက်ခံ relationship ထဲ သင် ကျရောက်နေပြီလားဆိုတာ ဆန်းစစ်နိုင်စေဖို့…

blank

သင့်ချစ်သူ၊ ဒါမှမဟုတ် သင့်ခင်ပွန်းသည်က…

၁။ သင့်ကိုအော်ဟစ်တာ ၊ ဒါမှမဟုတ် အရှက်ခွဲတာ။

၂။ သင့်ကို အပြစ်ရှာတာ ၊ ဒါမှမဟုတ် စိတ်ဓာတ်ကျစေတာ။

၃။ သင့်သူငယ်ချင်းတွေ နဲ့ မိသားစုဝင်တွေမြင်တဲ့အထိ သင်သိက္ခာကျ၊ အရှက်ကွဲအောင် ဆိုးဆိုးဝါးဝါးဆက်ဆံတာ။

၎။ သင့်အောင်မြင်မှု၊ သင့် အတွေးအမြင်တွေကို လျစ်လျူရှူထားတာ။

၅။ သင့်အပေါ်နှိပ်စက်တာက သင်မကောင်းလို့ဆိုပြီး အပြစ်ပုံချတာ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၆။ သင့်အပေါ်လက်တွဲဖော်တစ်ယောက်ဆိုတာထက် လိင်ဖျော်ဖြေစရာတစ်ခုလို့ပဲ မြင်နေတာ။

၇။ ထင်မှတ်မထားချိန်မှာ ရုတ်တရက်ဒေါသတကြီး နာကျင်အောင်ပြုမူတာ။

၈။ သင့်အသက်အန္တရာယ်ကို ခြိမ်းခြောက်တာ။

၉။ သင့်ကလေးတွေကို အန္တရာယ်ရှိနိုင်တဲ့နေရာကိုခေါ်သွားတာ ၊ ဒုက္ခပေးတာ။

၁ဝ။ သင်က သူ့ အနားကထွက်သွားရင် သူ့ကိုယ်သူသတ်သေမယ်လို့ ခြိမ်းခြောက်တာ။

၁၁။ အလိုမတူဘဲ အတင်းအကြပ် ခွန်အားသုံးပြီး လိင်ဆက်ဆံတာ။

၁၂။ သင်ပိုင်ဆိုင်ထားတဲ့အရာတွေကို ဖျက်ဆီးပစ်တာ။

၁၃။ အလွန်အကျွံသဝန်တိုတာ၊ ပိုင်စိုးပိုင်နင်းလုပ်တာ။

၁၄။ သင့်အသွားအလာမှန်သမျှ ထိန်းချုပ်ထားတာ။

၁၅။ သင့်သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေနဲ အဆက်ဖြတ်ခိုင်းတာ။

၁၆။ သင့်ပိုင်ဆိုင်မှုတွေသုံးစွဲတဲ့အပေါ် လိုက်ကန့်သတ်ထားတာ။

၁၇။ သင့်ကို အမြဲတမ်းစစ်လားဆေးလားလုပ်တာ။

စာချစ်သူတို့ ရေ…. ဒီအချက်တွေနဲ့ အများဆုံးကိုက်ညီနေမယ်ဆိုရင်တော့ သင့် relationship ဟာ အဆိပ်သင့်နေပါပြီ။ ဒီလိုညှဉ်းပန်းနှိပ်စက်ခံရတဲ့ relationship ကနေရုန်းထွက်ဖို့ သင့်ပါပြီနော်။

ဒီစာစောင်လေးကို နှစ်သက်တယ်ဆိုရင် LIKE & SHARE လုပ်ပေးပါဦး။