အမေ့ကဗျာ

blank

အမေဆိုတာ…

  • အချိန်တိုင်းရုန်းကန်နေရပေမဲ့ ပင်ပန်းတယ်လို့မထင်ဘဲ ပြုံးပျော်နေတတ်သူ
  • အနာဂတ်အပေါ်စိုးရွံ့ကြောက်လန့်နေပေမဲ့ သားသမီးတွေရှေ့မှာ သူရဲကောင်းလို မားမား
  • မတ်မတ်ရပ်ပေးသူ
  • ရှိသမျှအချိန်အားလုံး မိသားစုဝတ္တရားတွေကျေပွန်စေရင်း အမြဲတမ်းအချိန်မလောက်ငှသူ
  • မိုးလင်းမိုးချုပ် ကိုယ်ပိုင်ချိန်မရှိအောင်ပင်ပန်းနေတဲ့ကြားက ရွှင်လန်းနေတတ်သူ
  • တစ်ခါတရံစိတ်အားငယ်ဝမ်းနည်းနေပေမဲ့လည်း စိတ်ဓာတ်မကျသူ
  • လိုအပ်ချက်တွေအတွက် မတောင်းဆိုပေမဲ့ မိသားစုအားလုံးရဲ့လိုအပ်ချက်တွေကို ပင်တိုင် ဖြည့်ဆည်းပေးချင်သူ
  • ခံစားချက်တွေကို မျိုသိပ်ထားတတ်ပြီး ပျော်စရာတွေပဲ မိသားစုကို မျှဝေချင်သူ
  • အတောင်အလက်စုံလို့ သားသမီးတွေပျံသန်းသွားတဲ့အခါ လွမ်းနေပေမဲ့ ပြုံးပျော်ကျေနပ် နေတတ်သူ
  • အထီးကျန်နေပေမဲ့ သားသမီးတွေအမြင့်ရောက်ရင် ကျေနပ်ပျော်ရွှင်နေတတ်သူ
  • နောက်ဆုံးထွက်သက်အထိ သားသမီးတွေအကျိုး မမောမပန်းနိုင်သယ်ပိုးသွားဖို့ ဆုံးဖြတ်ထားသူဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဒါကြောင့် အမေဆိုတာ သားသမီးတွေအတွက်တော့ အနှိုင်းမဲ့ရတနာတစ်ပါး၊ ဆုံးရှုံးသွားပြီးရင် ဘယ်တော့မှ  ပြန်မရနိုင်တော့တဲ့ အကြီးမားဆုံးမေတ္တာတရားဆိုလည်း မမှားပါဘူး။ အဲ့ဒီအဖိုးတန် ရတနာတစ်ပါးကို ယခုချိန်မှာ သက်ရှိထင်ရှားပိုင်ဆိုင်ထားနေရဆဲဆိုရင် သင်က တကယ့်ကို ပျော်ရွှင် ကံကောင်းနေသူပါ။ အမေ့ကို သက်ရှည်ကျန်းမာအောင်စောင့်ရှောက်ရင်း တန်ဖိုးထားလိုက်ပါနော်။

စာစောင်လေးဖတ်ပြီး ပြောချင်တဲ့ခံစားချက်လေးတွေရှိရင် comment box မှာ မျှဝေခဲ့ပါဦးနော်။