ရာသီခွင်အလိုက် လူပျိုကြီးအပျိုကြီးဖြစ်နေရခြင်း အကြောင်းရင်းလေးတွေ

blank
၁။ မိဿရာသီဖွား (Aries )
 မတ်လ (၂၁)  မှ ဧပြီလ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

တခြားသူအပေါ် လွှမ်းမိုးချင်စိတ်ကလေးရှိပြီး ဆရာလုပ်ချင်သူပါ။ စိတ်လွတ်လွတ်လပ်လပ် နေရတာကိုကြိုက်တဲ့အတွက် နားလည်မှုတွေညှိယူရမယ့်အချစ်ရေးကိစ္စတွေက သင်နဲ့ အံဝင်ခွင်ကျ မဖြစ်ပါဘူး။ ဒါကြောင့် အချစ်ရေးနဲ့သဟဇာတမဖြစ်တော့ဘဲ တစ်ကိုယ်တည်းဖြစ်နေတာပါ။

၂။ ပြိဿရာသီဖွား (Taurus )
ဧပြီ (၂၁) မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ

ဘဝမှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုရှိခွင့်ရဖို့က သင့်ရဲ့နံပါတ်တစ်ဦးစားပေးဖြစ်ပါ တယ်။ ဒါကြောင့် သင့်အနာဂတ်ကို လုံခြုံနွေးထွေးအောင်ကာကွယ်ပေးမယ့်ချစ်သူမျိုးဖြစ်မဖြစ် မေးခွန်း ပေါင်းများစွာနဲ့အချိန်ယူလေ့လာတတ်ပါတယ်။ သင်ယူတဲ့အချိန်က ရှည်ကြာလွန်းတဲ့အတွက် မစောင့် နိုင်ကြတော့ဘဲ သင်တစ်ကိုယ်တည်းဖြစ်နေရတာပါ။

၃။ မေထုန်ရာသီဖွား (Gemini)
မေလ(၂၂)မှ ဇွန်လ (၂၁)အတွင်း မွေးဖွားသူများ

တစ်ခုခုဆိုရင် ဒွိဟစိတ်တွေနဲ့ ဘာကိုရွေးချယ်ရမလဲ ဝေခွဲမရဖြစ်နေတတ်သူပါ။ ဒါဟာ သင့် ဘေးမှာ ရှိနေတဲ့သူတွေအတွက်တော့ သင် ဘာကိုတကယ်လိုချင်မှန်း စဉ်းစားရခက်စေသလို ရေရှည် မှာ သင့်စိတ်ကို ပျော်ရွှင်အောင်ဖြည့်ဆည်းပေးနိုင်မှာမဟုတ်ဘူးလို့ ခံစားရစေပါတယ်။ ဒါနဲ့ပဲ သင်တစ် ကိုယ်တည်းဖြစ်နေရတာပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)
ဇွန်လ (၂၂) ရက် မှ ဇူလိုင်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

အစစအရာရာကို အလေးအနက်တွေးလွန်းတာကြောင့် သံသယစိတ်တွေများနေတတ်သူပါ။ သံသယစိတ်အလျောက် အမေးအမြန်းလည်း ထူမိတာကြောင့် တစ်ဖက်သားအတွက် သင့်နံဘေးမှာ ရှိနေရတာ မွန်းကြပ်စရာဖြစ်လာပါတယ်။ ဒါကြောင့် သင်တစ်ကိုယ်တည်းဖြစ်နေရတာပါ။

၅။ သိဟ်ရာသီဖွား (Leo)
ဇူလိုင်လ (၂၄) ရက်မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

ထက်မြက်သူဖြစ်ပြီး ဘာပဲလုပ်လုပ် အကောင်းဆုံးဖြစ်အောင် လုပ်တတ်တဲ့သူပါ။ သင့်ဆီချဉ်း ကပ်လာတဲ့သူတွေအပေါ်မှာလည်း သင့်ထက်မြက်မှုအတိုင်းအတာနဲ့တွက်ဆပြီး စိတ်တိုင်းကျဖို့ ခဲယဉ်း တာကြောင့် သင်တစ်ကိုယ်တည်းဖြစ်နေရတာပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၆။ ကန်ရာသီဖွား (Virgo )  
သြဂုတ်လ (၂၄) ရက်မှ စက်တင်ဘာလ (၂၃) အတွင်းမွေးဖွားသူများ

အတွေးခေါင်တတ်ပြီး စိတ်ပူပန်တတ်လွန်းသူဖြစ်ပါတယ်။ အစစအရာရာတွေးလွန်းတာကြောင့် တခြားသူတွေအနေနဲ့ သင်နဲ့စကားပြောဆိုတဲ့အခါ သင့်ခံစားချက်ကို မထိခိုက်အောင် သတိထားကြရ ပါတယ်။ ဒါကြောင့်ပဲ သင့်ကိုချဉ်းကပ်လာတဲ့သူတွေနဲ့ ဝေးကွာပြီး သင်တစ်ကိုယ်တည်းဖြစ်နေရတာပါ။

၇။ တူရာသီဖွား (Libra)
စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

အားငယ်တတ်ပြီး သူတစ်ဖက်သားအပေါ် ပိုဦးစားပေးတတ်သူပါ။ ဖြစ်ချင်တာတွေကိုလည်းမျို သိပ်ထားတတ်တာကြောင့် တစ်ဖက်သားအနေနဲ့ သင့်ခံစားချက်ကို မြင်ဖို့ ခက်ခဲပါတယ်။ ဒါကြောင့် သင်တစ်ကိုယ်တည်းဖြစ်နေရတာပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)    
အောက်တိုဘာ (၂၄) ရက်မှ နိုဝင်ဘာလ (၂၂) ရက်အတွင်းမွေးဖွားသူများ

ပွင့်ပွင့်လင်းလင်းပြောဆိုတတ်ပြီး မဟုတ်မခံသမားဖြစ်တာကြောင့် တော်ရုံလူက သင့်နံဘေးမှာ မနေနိုင်ပါဘူး။ သင့်နံဘေးမှာရှိနေရင် သာယာနာပျော်ဖွယ်စကားထက် ပွင့်ပွင့်လင်းလင်းထောက်ပြတဲ့ တုတ်ထိုးအိုးပေါက်စကားတွေကိုပဲ ကြားရနိုင်တာကြောင့် စိတ်ကူးယဉ်ရတဲ့အချစ်ရေးနဲ့ အဆင်မပြေ နိုင်ပါဘူး။ ဒါကြောင့် သင်တစ်ကိုယ်တည်းဖြစ်နေရတာပါ။

၉။ ဓနုရာသီဖွား (Sagittarius )
နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ

သင်က လူကဲခတ်ကောင်းပြီး အကင်းပါးတဲ့သူပါ။ ခြေထောက်ဗွေပါသလားထင်ရလောက် အောင် တစ်နေရာတည်းမှာ အခြေချထိုင်ရတဲ့အလုပ်မျိုးတွေကို ငြီးငွေ့တတ်သူဖြစ်တာကြောင့် သင့် ဘေးမှာနေရမယ့်သူအဖို့ သင့်အပေါ်ယုံကြည်စိတ်ချဖို့ တွေဝေစရာပါ။ ဒါကြောင့် သင်တစ်ကိုယ်တည်း ဖြစ်နေရတာပါ။

၁ဝ။ မကာရ ရာသီဖွား (Capricorn)
ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်းမွေးဖွားသူများ

အလုပ်က သင့်ဘဝရဲ့ နံပါတ်တစ်ဦးစားပေးဖြစ်ပါတယ်။ အလုပ်ပဲခေါင်းထဲမှာရှိပြီး ရည်မှန်း ချက်ပြင်းထန်သူဖြစ်တာကြောင့် အချိန်ပေးရတဲ့အချစ်ရေးနဲ့ အံဝင်ခွင်ကျမဖြစ်ပါဘူး။ ဒါကြောင့် သင် တစ်ကိုယ်တည်းဖြစ်နေရတာပါ။

၁၁။ ကုံရာသီဖွား (Aquarius )
ဇန်နဝါရီလ (၂၁)ရက် မှ ဖေဖော်ဝါရီ(၁၉) တွင်းမွေးဖွားသူများ

စိတ်ခံစားချက်ကို အလေးထားပြီး စိတ်ချမ်းသာပျော်ရွှင်ဖို့က ဘဝရဲ့ နံပါတ်တစ်လို့ ခံယူထား တဲ့သူပါ။ ထိခိုက်နာကျင်စရာတွေကို ဝေးဝေးရှောင်တတ်သူဖြစ်တာကြောင့် ပြီးပြည့်စုံတဲ့အချစ်ရေးကို စောင့်စားရင်း သင်တစ်ကိုယ်တည်းဖြစ်နေရတာပါ။

၁၂။ မိန်ရာသီဖွား (Pisces )
ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

ဖြစ်ချင်တာတွေများပြားပြီး ရည်မှန်းချက်ကြီးသူဖြစ်ပါတယ်။ အချစ်ရေးနဲ့ပတ်သက်လာရင် သင် သတ်မှတ်ထားတဲ့ စံနှုန်းတွေက မြင့်လွန်းတာကြောင့် တော်ရုံလူတွေနဲ့ အဆင်မပြေပါဘူး။ ဒါကြောင့် သင်တစ်ကိုယ်တည်းဖြစ်နေရတာပါ။

တိုက်ဆိုင်တာလေးတွေပါတယ်ဆိုရင် သင့် Wall ပေါ် ပြန် SHARE ပြီး သင်ချစ်ခင်ရသူတွေကို မျှဝေလိုက်ပါဦးနော်။