တစ်ဖက်သတ်အချစ်ရဲ့ နာကျင်မှုဆိုတာ ခံစားဖူးသူသာ သိနိုင်တဲ့အရာ

blank
Young woman hands shaped heart against beautiful sunset.

စာချစ်သူတို့ရေ…။

အချစ်ဆိုတာ ရွေးချယ်ခွင့်မရှိသလို၊ ဘယ်လိုလူတစ်ယောက်ကို ချစ်မိမလဲ ဆိုတာကလည်း ကျွန်မတို့ ထိန်းချုပ်နိုင်တဲ့အရာမဟုတ်ပါဘူး။ ကိုယ်ချစ်မိတဲ့သူတစ်ယောက်ဆီက တူညီတဲ့ချစ်ခြင်းမျိုးကို ရနိုင်မလားဆိုတာကလည်း လုံးဝသေချာတဲ့ ကိစ္စတစ်ခုမဟုတ်ပါဘူး။ တစ်ဖက်သတ်အချစ်ရဲ့ နာကျင်မှုဆိုတာကလည်း ကိုယ်တိုင်ခံစားဖူးသူသာသိနိုင်တဲ့အရာတစ်ခုပဲ မဟုတ်လား။

တစ်ဖက်သတ်အချစ်ဆိုတာ အဆုံးအစမရှိတဲ့ ဝင်္ကပါတစ်ခုထဲမှာ ပိတ်မိနေတာနဲ့ တူပါတယ်။ အချစ်ဆိုတဲ့ ကစားပွဲလေးမှာ တစ်ယောက်တည်းပြေးရင်း လမ်းကိုမတွေ့ဘဲ တစ်ယောက်တည်း ပိတ်မိနေတဲ့ ဝင်္ကပါလေးမှာ ပြေးနေသူဟာ ချစ်မိသူတစ်ယောက်သာပဲလေ။

ကိုယ့်ရင်ထဲမှာ ချစ်ခြင်းတွေအပြည့်အသိပ်ရှိနေတယ်ဆိုတာကို တစ်ဖက်လူက သတိတောင်ထားမိမှာမဟုတ်ဘူး။ ရင်ထဲက အချစ်တွေကို သူငယ်ချင်းသံယောဇဉ်အဖြစ်အယောင်ပြရင်း ဟန်ဆောင်ဖုံးကွယ်ထားရတာ ဘယ်လောက်ပင်ပန်းလိုက်လဲ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ကိုယ်က သူငယ်ချင်းထက်အဆပေါင်းများစွာသာတဲ့ ချစ်ခြင်းတွေကို ပွေ့ဖက်ထားချိန်မှာ ချစ်ရသူက သူငယ်ချင်းထက်ဘယ်တော့မှမပိုနိုင်ဘူးဆိုတာ သိလိုက်ရတဲ့တစ်နေ့မှာ အခြေအနေတွေအားလုံးဟာ ခါးသီးရက်စက်လို့။

တစ်ဖက်သတ်အချစ်ဆိုတာ စိတ်ကိုပူလောင်စေပြီး တစ်ဆင့်မပိုနိုင်ပေမယ့် ရှိနေတဲ့ သံယောဇဉ်လေးကို တန်ဖိုးထားနေတတ်တဲ့ အချစ်စိတ်လေးပါ။ ရင်ထဲက ဒဏ်ရာတွေဘယ်လောက်ပဲ နက်နက် အပြုံးမပျက်နေရတဲ့ ကြဉ်းကြပ်တဲ့ခံစားမှုလေးပါ။ ချစ်မိတဲ့ခံစားချက်အားလုံးကို တစ်နေ့မဟုတ်တစ်နေ့မှာတော့ ချစ်လာမှာလို့မျှော်လင့်ချက်လေးမှာ မူတည်ထားမိတတ်ကြတယ်။

တစ်ဖက်သတ်အချစ်ဆိုတာ ခံစားဖူးသူသာသိနိုင်မယ့် ခံစားချက်တစ်ခုပါပဲလေ။