ထက်မြက်တဲ့ပါရမီဖြည့်ဖက် မိန်းမသားတစ်ယောက်ဆိုတာ…

blank

၁။ ခင်ပွန်းသည်ကို ရပ်တည်မှုမှန်ကန်စေပြီး ကျဆုံးမှုနည်းနည်းနဲ့ အောင်မြင်မှုကြီးကြီးမားမားရအောင် ပံ့ပိုးပေး တယ်။ လုပ်စေချင်တာကို ဖိအားပေးဖို့ထက် ခင်ပွန်းသည်ဖြစ်ချင်တာကို ယုံကြည်စွာ ပါရမီဖြည့်ပေးတယ်။

၂။ ခင်ပွန်းသည်ရဲ့သဝန်တိုမှုတွေရရှိဖို့ ကလေးဆန်ဆန်မပြုမူဘဲ သူမတည်ဆောက်ထားတဲ့ အချစ်ရေးအပေါ် ယုံကြည်မှုအပြည့်ထားရှိသူပါ။ သူမကိုယ်သူမတန်ဖိုးထားတယ်။

၃။ အလိုလောဘတွေမများဘဲ ခင်ပွန်းသည်ကို ချစ်ခြင်း၊ လေးစားမှုတွေနဲ့ဆက်ဆံသလို အဲ့ဒီအရာတွေပြန်ရဖို့ပဲ မျှော်လင့်တယ်။ သူမရဲ့ပျော်ရွှင်မှုအတွက် ခင်ပွန်းသည်ရဲ့စိတ်ကူးတွေကို နှိမ့်ချထားတာမျိုး ရှောင်ကြဉ်တယ်။

၎။ ခင်ပွန်းသည်ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ကိုလည်း အပြည့်အဝနားလည်ပေးထားတယ်။

၅။ ခင်ပွန်းသည်ရဲ့ မိဘ၊ မိတ်ဆွေအပေါင်းအသင်းတိုင်းနဲ့စိတ်ချလက်ချ တွေ့ဆုံပေးရလောက်အောင် လိမ္မာပါး နပ်တဲ့ ပေါင်းသင်းဆက်ဆံရေးစွမ်းရည် သူမမှာရှိတယ်။

၆။ အစစအရာရာ တခြားသူအပေါ် မှီခိုနေရတာကိုမုန်းပြီး ကိုယ့်အားကိုယ်ကိုးတတ်တယ်။ သူမကိုယ်သူမ ဘယ် လိုဂရုစိုက်ရမယ်ဆိုတာကိုလည်း ကောင်းကောင်းသိတယ်။

၇။ သူမက အနေအထိုင်သိုသိပ်တယ်။ သူမရဲ့အတွင်းရေးမှန်သမျှကို လူတကာသိအောင် ထုတ်ဖော်ပြတတ်တဲ့ မိန်းမမျိုးမဟုတ်ပါဘူး။ လူတွေရဲ့ရှေ့မှာ ဘယ်လိုပုံစံရပ်တည်ရမလဲဆိုတာ သူမသိတယ်။

၈။ အငြင်းပွားမှုပြေလည်ရုံသက်သက်နဲ့ အမှားကို အမှန်မလုပ်တတ်ပါဘူး။ အရာရာကို အကျိုးအကြောင်းနဲ့ သေ ချာသုံးသပ်တတ်ပြီး ပွင့်ပွင့်လင်းလင်းဆွေးနွေးကာ ပြေလည်အောင် ဖြေရှင်းတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၉။ ခင်ပွန်းသည်ရဲ့ခံစားချက်ကို လေးလေးနက်နက်နားထောင်ပြီး မတူညီမှုတွေကို နားလည်လက်ခံပေးတယ်။

၁ဝ။ ဘဝရည်ရွယ်ချက်တွေကို သေချာသိပြီး အဲ့ဒီရည်ရွယ်ချက်တွေဆီရောက်အောင် မှန်ကန်စွာ ကြိုးစားတယ်။

အမျိုးသားတို့ရေ…. ဒီလိုမိန်းမသားလေးကို သင်ပိုင်ဆိုင်ထားရတယ်ဆိုရင် သင်ဟာ ကံအကောင်းဆုံး လူပါနော်။ ဘာကြောင့်လဲဆိုတော့ စိတ်ဓာတ်ကြံ့ခိုင်တဲ့မိန်းမသားလည်းဖြစ်တဲ့ သူမဟာ ဘဝမှာ တစ်ယောက် တည်းနေရလည်း မကြောက်တတ်သူမို့ သင့်ကိုတကယ်ချစ်တဲ့အတွက်သာ သင့်ဘေးမှာ အတူရှိနေလို့ပါ။

စာစောင်လေးကိုသဘောကျနှစ်သက်ခဲ့ရင် SHARE လိုက်ပါဦးနော်။