မိဘများအနေနဲ့မိမိတို့သားသမီးတွေကို သင်ကြားထားပေးသင့်တဲ့ လူမှုကွန်ရက်ရဲ့စည်းမျဉ်း ၅ ခု

blank

အရှိန်အဟုန်နဲ့ဖွံ့ဖြိုးတိုးတက်လာနေတဲ့ဒီနေ့ခေတ်ကြီးထဲမှာ မိမိတို့သားသမီးများကို လူမှုကွန် ရက်နဲ့ကင်းအောင်နေစေဖို့ဆိုတာ မိဘများအတွက် ခက်ခဲတဲ့အရာပါ။ “ တခြားကလေးတွေလည်း သုံး နေကြတာပဲ” ဆိုတဲ့ ကလေးတွေရဲ့ဆင်ခြေကို ပြန်လည်ချေပရလည်း ခက်မှာ အမှန်ပါပဲ။ အသက် အ ရွယ်အရ လောကအတွေ့အကြုံမပြည့်စုံသေးတဲ့ အပျံသင်စအရွယ်မှာ လူငယ်တွေဟာ အွန်လိုင်းပေါ် ကအရာတွေကို လူကြီးတွေထက် ပိုအယုံလွယ်နိုင်ပြီး အွန်လိုင်းပေါ်က အန္တရာယ်ကို ကာကွယ်ဖို့လည်း သိဖို့ခက်ပါတယ်။ ဒါကြောင့် မိမိတို့သားသမီးများကို ဘေးအန္တရာယ်ကင်းရှင်းစွာ အွန်လိုင်းသုံးတတ် စေလိုတဲ့မိဘများအတွက် သင်ကြားထားပေးနိုင်တဲ့နည်းလမ်း ၅ ခုကို ဂန္ထဝင်မှ ဝေမျှပေးလိုက်ပါတယ်။

၁။ စကားလုံးတွေကို ဂရုစိုက်သုံးနှုန်းစေပါ။

အွန်လိုင်းဆက်သွယ်ရေးရဲ့အကြီးမားဆုံးအားနည်းချက်က ခန္ဓာကိုယ်ဘာသာဗေဒစကား အားနည်းခြင်းပါပဲ။ မျက်နှာအမူအရာ၊ အသံအနေအထားကို မသိမကြားရတဲ့အတွက် မိမိဘက်က ရေးပို့လိုက်တဲ့စာသားဟာ တစ်ဖက်သားအတွက် အဓိပ္ပာယ်အမျိုးမျိုးကောက်ယူစရာ ဖြစ်သွားနိုင် ပါတယ်။ ဒါဟာ အန္တရာယ်မကင်းစေတဲ့အချက်ထဲကတစ်ချက်ဖြစ်ပါတယ်။ ဒါကြောင့် အင်တာနက် သုံးရာမှာ စကားလုံးအသုံးအနှုန်းဂရုစိုက်ဖို့ သင်ကြားထားပေးပါ။

၂။ လူမှုကွန်ရက်က အငြင်းပွားရမယ့် စစ်မြေပြင်တစ်ခုမဟုတ်တာကို ပြောပြထားပါ။

အွန်လိုင်းပေါ်မှာ အတင်းအဖျင်းတွေတင်တာဟာ လုံးဝမဖြစ်သင့်ပါဘူး။ ဒါဟာ ကိုယ့်ကိုယ်ကို မခုခံမကာကွယ်နိုင်သူကို အွန်လိုင်းပေါ်တင်ပြီး သိက္ခာချရာကျသလို ကိုယ်သုံးစွဲလိုက်တဲ့အသုံးအနှုန်း ကြောင့်လည်း တစ်ဖက်က အဓိပ္ပာယ်ကောက်ယူမှုလွဲပြီး မပြေလည်မှုကို ပိုဆိုးစေပါတယ်။ ဒါကြောင့် အငြင်းပွားစရာရှိရင် အွန်လိုင်းပေါ်မတင်သင့်ကြောင်း ကလေးတွေကို သတိပေးထားပါ။

၃။ အချက်အလက်တွေအွန်လိုင်းပေါ်တင်တာက စိတ်ချလုံခြုံစရာမရှိတာကို ပြောပြပါ။

တင်ပြီးသားပို့စ်ကို ပြန်ဖျက်ရင်တောင် တင်ပြီးသား အခြေအနေတွေက အများသိပြီး ကျန်ခဲ့ပါတယ်။ ဒါကြောင့် တစ်ယောက်ယောက် မမြင်သင့်ဘူးလို့ ထင်တဲ့ပို့စ်မျိုးဆိုရင် အစကတည်းက မတင်ဖို့ ကလေးတွေကို သတိပေးထားပါ။

၎။ ယဉ်ကျေးပါ။

ကလေးတွေအနေနဲ့ တစ်ဖက်သားအပေါ် ချိုသာတဲ့စကားပဲ ပြောဆိုစေပါ။ အကောင်းမြင်စိတ် ထားရှိစေပါ။ အကျည်းတန်ရိုင်းပျတဲ့စကားလုံးတွေ မသုံးနှုန်းမိစေဖို့ သတိပေးထားပါ။ “ ဒီစာကို အမေ ဖတ်မိရင် ဘယ်လိုထင်မလဲ”ဆိုတဲ့အတွေး သူတို့အမြဲတွေးတတ်အောင် ပြောပြထားပါ။

၅။ ပို့စ်တစ်ခုခုတင်မယ်ဆိုရင် စဉ်းစားချိန်ယူခိုင်းပါ။

ဝမ်းနည်းဒေါသထွက်နေတဲ့အချိန်မှာ အဲ့ဒီအရာတွေကို စိတ်လိုက်မာန်ပါ ချရေးပစ်လိုက်ဖို့က တကယ်လွယ်ကူပါတယ်။ တင်ပြီးမှ စိတ်ပြေချိန်မှာ ပြန်ဖျက်ဖို့က မကောင်းပါဘူး။ ဒါကြောင့် ကလေး တွေကို စိတ်တိုနေချိန်မှာ တစ်ခုခုတင်တာမျိုးမလုပ်ဘဲ သွေးအေးချိန်မှသာ တင်သင့်ကြောင်း သင်ကြားထားပေးပါ။

        အန္တရာယ်ရှိတဲ့အွန်လိုင်းရဲ့ဆိုးကျိုးတွေကနေ မိမိတို့ရင်သွေးငယ်များကို ကာကွယ်နိုင်ဖို့ ဒီစာ စောင်လေးကို SHARE လိုက်ပါဦးနော်။