စာဖတ်တဲ့ကောင်မလေးတွေကို ဘာကြောင့်ချစ်သူတော်သင့်တာလဲ

blank
Beautiful Business Woman reading paper on grey background

၁။ စာဖတ်တဲ့ကောင်မလေးတွေဟာ မူယာမာယာတွေအတွက် အချိန်မပေးတတ်တာကြောင့် သင့်အနေနဲ့ ချိန်းထားတဲ့နေရာကို နောက်ကျပြီးရောက်သွားတယ်ဆိုရင်တောင် စာဖတ်ပြီး စောင့်နေမှာဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ စိတ်ဆိုးစိတ်ကောက်တာတွေကိုချော့ရင်း အချိန်ကုန်နေရတာမျိုးတွေ ဖြစ်မှာမဟုတ်ပါဘူး။

၂။ စာဖတ်တဲ့ ဖတ်တဲ့ စာအုပ်ထဲက ဇာတ်ကောင်တွေရဲ့ နေရာကို ဝင်ရောက်ခံစားတတ်ကြတာကြောင့် ကိုယ်ချင်းစာတရားလည်း အပြည့်အဝရှိတတ်ပါတယ်။ ဒါကြောင့် သင့်ရဲ့အခက်အခဲတွေကို နားလည်ပေးနိုင်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေလည်း ရှိလာမှာမဟုတ်ပါဘူး။

၃။ စာဖတ်တဲ့ကောင်မလေးတွေဟာ အကြောင်းအကျိုး၊ အကောင်းအဆိုးကို ကောင်းကောင်းဝေဖန်သုံးသပ်နိုင်ကြပါတယ်။ ချစ်သူက စာဖတ်တဲ့ မိန်းကလေးဆိုရင် ပြဿနာရပ်တွေအတွက် အကောင်းဆုံးအဖြေရှာနိုင်ပြီး သင့်ကိုအကြံဉာဏ်ကောင်းတွေပေးနိုင်မှာ မလွဲပါဘူး။

၎။ စာဖတ်တဲ့ကောင်မလေးတွေဟာ အမျှော်အမြင်ကြီးပြီး သည်းခံနိုင်မှုစွမ်းရည်တွေ မြှင့်မားကြပါတယ်။ သူတစ်ပါးတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် ညှိနိုင်းတတ်တာကြောင့် သင့်မိဘတွေနဲ့ အဆင်ပြေပါ့မလားဆိုတဲ့ အတွေးတွေကြောင့် ရင်ပူနေစရာမလိုပါဘူး။

၅။ စာဖတ်တဲ့ကောင်မလေးတွေဟာ ပကာသနနဲ့ ပဓာနကျတဲ့အရာတွေကို ကောင်းကောင်းခွဲခြားနိုင်ကြပါတယ်။ တန်ဖိုးကြီးအသုံးစရိတ်တွေနောက် ပြေးလိုက်နေတာမျိုးထက် စာအုပ်ကောင်းကောင်းလေးတွေ ဖတ်ရင်းကျေနပ်နေတတ်တဲ့ သူတို့တွေကြောင့် သင်ငွေကုန်ကြေးကျများမှလည်း စိုးရိမ်စရာမလိုပါဘူး။

၆။ စာဖတ်တဲ့ကောင်မလေးတွေဟာ အသစ်အဆန်းတွေကို အမြဲလေ့လာနေတတ်ကြတာကြောင့် သင်မသိတဲ့အရာတွေကိုလည်း ဝေမျှပေးနိုင်ပါတယ်။ အသစ်တွေကို လေ့လာရင်းကျေနပ်နေတတ်တဲ့ သူမရဲ့ အသွင်အပြင်ကြောင့် ပျင်းရိစိတ်ကုန်တယ်ဆိုတာ ဘယ်တော့မှရှိလာမှာ မဟုတ်ပါဘူး။

၇။ စာဖတ်တဲ့ကောင်မလေးတွေဟာ အောက်သက်ကျေကြပါတယ်။ ဇာတ်ကောင်မျိုးစုံ၊ ဇာတ်လမ်းမျိုးစုံကို အမြဲလေ့လာဖတ်ရှုနေတဲ့ သူမဟာ သင့်ရဲ့လှိုင်းထန်တဲ့နေ့ရက်တွေအတွက် အဖော်မွန်တစ်ဦးဖြစ်မယ်ဆိုတာ အငြင်းပွားစရာမရှိပါဘူး။

၈။ ဇာတ်လမ်းတစ်ခုကို စိတ်ဝင်တစားရှိကြတဲ့ စာဖတ်တဲ့ကောင်မလေးတွေဟာ နားထောင်တာကိုလည်း နှစ်သက်တတ်ကြပါတယ်။ သင့်အခက်အခဲတွေကို ကောင်းကောင်းနားလည်ပြီး နားထောင်ပေးတတ်တာကြောင့် စိတ်ဖိစီးမှုတွေကြောင့် ရင်မောနေရမှာ မဟုတ်ပါဘူး။

၉။ စာဖတ်တဲ့ကောင်မလေးတွေဟာ မှတ်ဉာဏ်ကောင်းကြပါတယ်။ သင်နဲ့ပတ်သက်သမျှကို အသေးစိတ်မှတ်မိနေပြီး အရာရာကိုဖြည့်ဆည်းပေးတတ်တဲ့ သူမကြောင့်သင်ဟာ စိတ်ချမ်းသာရမှာ မလွဲပါဘူး။

၁ဝ။ စာဖတ်တဲ့ကောင်မလေးတွေဟာ ကမ္ဘာ့အရေး၊ နိုင်ငံအရေးတွေကို စိတ်ဝင်စားကြပါတယ်။ ဗဟုသုတကြွယ်ဝပြီး ပေါင်းသင်းဆက်ဆံရေးပြေပြစ်တဲ့ သူမကြောင့် အပေါင်းအသင်းတွေကြားမှာ သင်ဘယ်တော့မှ ဂုဏ်ငယ်ရမှာ မဟုတ်ပါဘူး။

စာချစ်သူရေ… စာသိပ်ဖတ်တဲ့ကောင်မလေးတစ်ယောက်ကို ချစ်သူအဖြစ်ပိုင်ဆိုင်ထားတယ်ဆိုရင် သင်ဟာလည်းပဲ မကြာခင်မှာ စာဖတ်ဝါသနာပါလာပြီး စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို ခံစားရမှာဖြစ်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။