ဝိညာဉ်ဘက် (soulmate) ဆိုတာ ဘာလဲ။

blank

Soulmate လို့ ခေါ်တဲ့ဝိညာဉ်ဘက်ဆိုတာ စိတ်နှလုံးသားချင်း ဆက်နွှယ်နေတဲ့ ဘဝလက်တွဲဖော်ကို ဆိုလိုတာပါ။ မျက်လုံးချင်းဆုံအောင်ကြည့်လိုက်တာနဲ့ တစ်ယောက်ရဲ့စိတ်ထဲမှာ ဘာတွေရှိနေတယ်ဆိုတာကို တစ်ယောက်က ချက်ချင်းသိနိုင်တယ်။ ဒီလိုဆက်နွှယ်မှုမျိုးကိုလည်း သူနဲ့ကလွဲပြီး ဘယ်သူနဲ့မှ မဖြစ်ဖူးဘူး။

အချိန်နဲ့အမျှ ဒီဆက်နွှယ်မှုက အားကောင်းလာတယ်။ ချစ်ခြင်းတွေကလည်း ပိုပြီးလေးနက်လာတယ်။ သံယောဇဉ်တွေ ပိုပြီးခိုင်မာလာတယ်။ ပြီးတော့ အရင်လူတွေကို တကယ်ချစ်ခဲ့ရဲ့လားလို့ ကိုယ့်ကိုယ်ကို သံသယဝင်လာတဲ့အထိတောင် ဖြစ်လာတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

သင့်ရဲ့ဝိညာဉ်ဘက်က ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်စေ၊ ဘယ်လိုနည်းမျိုးနဲ့ဖြစ်စေ သင့်ကို နားလည်အောင်၊ သင်နဲ့ စိတ်ချင်းနီးအောင် ကြိုးစားတတ်တယ်။ ပြီးတော့ နှစ်ယောက်ကြားမှာ အေးချမ်းတည်ငြိမ်ပြီးပျော်စရာကောင်းတဲ့ အချစ်ရေးလေးတစ်ခုကို ဖန်တီးပေးတတ်တယ်။

သင်ရော soulmate တွေ့နေပြီလား။ Mention ခေါ်လိုက်ဦးနော်။