အချစ်ရေးတိုင်းက သက်ဆုံးတိုင်ပေါင်းဖက်သွားကြရတယ်ဆိုတာမရှိပါဘူး။ အချို့စုံတွဲတွေက ချစ်ကြ၊ ကြိုက်ကြ၊ လက်ထပ်ကြပြီး နောက်ဆုံးတရားသူကြီးရှေ့က စာချုပ်တစ်စောင်မှာတင် ဇာတ်လမ်းဆုံးသွားတတ်ကြပါတယ်။ အဲဒီအချိန်ကျမှ “ငါသူ့ကို လက်မထပ်ခဲ့မိရင် ကောင်းမှာ” ဆိုတဲ့အတွေးတွေ ဝင်တတ်ကြပါတယ်။
စာရေးဆရာတစ်ယောက် ပြောတာကြားဖူးတယ်။ အိမ်ထောင်ရေးဆိုတာ ဇာတ်ရုံကြီးလိုပဲတဲ့။ ကြည့်ဖူးပြီးတဲ့သူတွေက မကောင်းပါဘူးလို့ပြောတာတောင် အပြင်ကလူတွေက ရုံထဲကို ဇွတ်တိုးဝင်နေကြတုန်းပဲတဲ့။ ဒါဆိုသူတို့ဘာလို့ အိမ်ထောင်ရေးပိုက်ကွန်ထဲကို ဇွတ်တိုးဝင်ကြတာလဲ။ အကြောင်းရင်းတွေကိုလေ့လာလိုက်တော့ ဒီလိုအဖြေထွက်လာပါတယ်။
၁။ အချစ်ရေးဘဝမှာ ပိုပြီးလက်တွေ့ကျတဲ့ အဆင့်ကို တက်လှမ်းချင်လို့…
၂။ အေးစက်သွားတော့မလိုဖြစ်နေတဲ့ အချစ်တွေ တစ်ဖန်ပြန်လည်နွေးထွေးလာစေချင်လို့…
၃။ ရင့်ကျက်သူတစ်ယောက်အဖြစ် ကိုယ့်ဘဝကို ကိုယ်တိုင်စီမံချင်လို့…
၎။ လက်ထပ်ပြီးတဲ့နောက် ကိုယ့်လက်တွဲဖော်က ပိုကောင်းအောင်ကြိုးစားလိမ့်မယ်လို့ ထင်မိနေလို့…
၅။ ဘဝကို တစ်ယောက်တည်း အထီးကျန်စွာဖြတ်သန်းရမှာကြောက်လို့…
၆။ လက်ထပ်ပြီး အတူတူကြိုးစားကြရင်း ပိုကောင်းတဲ့ဘဝကို တည်ဆောက်နိုင်မယ်လို့ထင်လို့…
ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။
၇။ ငွေရေးကြေးရေး၊ နေရေးထိုင်ရေးနဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံစိတ်ချမှုတွေ ရချင်လို့…
၈။ မမျှော်လင့်ဘဲဖြစ်လာတဲ့ အခြေအနေတွေကြောင့် လက်ထပ်ဖို့လိုလာလို့…
၉။ ပတ်ဝန်းကျင်နဲ့ အသိုင်းအဝိုင်းက လက်ထပ်သင့်ပြီလို့ ဝိုင်းပြီးဖိအားပေးကြလို့…
၁ဝ။ အချိန်နဲ့ ဇရာက နှလုံးသားကို မစောင့်တာကြောင့် သမီးကညာအခါမလင့်ခင် လက်ထပ်သင့်တာမို့လို့…
စတဲ့အအကြောင်းအရင်းတွေကြောင့်ဖြစ်ပါတယ်။
ဘယ်လိုအကြောင်းရင်းကြောင့်ပဲ လက်ထပ်ပါစေ… လက်ထပ်ပြီးသွားရင် အိမ်ထောင်တစ်ခုကို ရေရှည်တည်မြဲအောင်၊ အိမ်ထောင်ရေးသာယာအောင် ကာယကံရှင်နှစ်ဦးကပဲ တာဝန်ယူတည်ဆောက်သွားရမှာပါ။
ဂန္ထဝင်စာဖတ်ပရိသတ်ကြီးအားလုံးပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်နိုင်ပါစေရှင်။
သင့်အမြင်လေးကိုလည်း comment box မှာ မျှဝေခဲ့ပါဦးနော်။