သင့်ဖုန်းက သင့်ရည်းစားနေရာကို မျက်စပစ်နေပြီလား

blank

ဘာကြောင့်လဲဆိုတော့….

၁။ သင် မအိပ်ခင်အထိ သူ့ကို ပွတ်သပ်ယုယနေတယ်။

၂။ တစ်ခါတရံ သူ့ထက်ပိုကောင်းတဲ့အသစ်ကို တွေ့တဲ့အခါ သူ့နေရာမှာ အစားထိုးပစ်ချင်တယ်။

၃။ သင့်အတွက် အပန်းပြေစရာဖျော်ဖြေရေးတွေကို သူ့ဆီကပဲ ရှာဖွေဖြစ်တယ်။

၎။ သူငယ်ချင်းတွေကို အချိန်ပေးဖို့ သတိရပေမဲ့ လက်တွေ့မှာ သူ့အနားကမခွာနိုင်ဘဲ ဖြစ်နေတယ်။

၅။ မိုးလင်းတာနဲ့ သူ့ကို သတိရပြီး အိပ်မပျော်ခင်အထိ သူနဲ့ပဲ အတူရှိနေတယ်။

၆။ သင်မှားနေတဲ့အခါ ပြင်ဆင်ပေးတယ်။

၇။ ဘယ်သူတွေဘာပြောပြော သင့်ဖုန်းအကြောင်းကို သင် အသိဆုံးပဲဖြစ်တယ်။

၈။ ဝန်ဆောင်မှုက အမြဲညံ့တယ်။

၉။ သင် ဇာတ်ကားကောင်းကြည့်နေတဲ့အခါ ဖုန်းဝင်လာတာ၊ မက်ဆေ့ဂ်ျဝင်လာတာမျိုးတွေနဲ့ သင့်ကို စိတ်အနှောင့်အယှက်ပေးတတ်တယ်။

၁ဝ။ အားမကုန်အောင် အမြဲအားသွင်းပေးရတယ်။

၁၁။ သူ့ကိုပဲ အချိန်ပြည့် တစိမ့်စိမ့်စိုက်ကြည့်နေချင်တယ်။

၁၂။ သူ့ကို အမြဲစစ်ဆေးနေဖို့ လိုအပ်တယ်လို့ သင်ခံစားရတယ်။

၁၃။ သူ့အထိအတွေ့က နွေးထွေးတယ်။

၁၄။ တစ်ခါတရံ သူနဲ့ဝေးဝေးမှာ နေချင်တယ်။

၁၅။ အချိန်အကြောင်း၊ ရာသီဥတုအကြောင်းသိရဖို့ သူ့ကိုပဲ မေးရတယ်။

၁၆။ သူနဲ့ အမြဲဆက်သွယ်နေရတယ်။

ကဲ… သင်နဲ့ကိုက်ညီတဲ့အချက်လေးတွေပါဝင်နေတယ်ဆိုရင် စာစောင်လေးကို ပြန် SHARE ပြီး သင့်သူငယ်ချင်းတွေကို မျှဝေလိုက်ပါဦးနော်။