လူတိုင်းသိထားသင့်တဲ့ချစ်ခြင်းရဲ့အနုပညာဆိုတာ…

blank

ကိုယ်ပိုင်ဆိုင်ထားတဲ့အချစ်ရေးနဲ့ပတ်သက်ပြီး စိတ်ပျက်စရာတွေ ကြုံဖူးလား။

ကြုံဖူးတယ်ဆိုရင်တော့ ဒါဟာ သာမန်လက္ခဏာတစ်ရပ်ပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြီးပြည့်စုံတဲ့သူဆိုတာ မရှိတဲ့အတွက် အချစ်ရေးတစ်ခုမှာ တစ်ဖက်နဲ့တစ်ဖက် စိတ်တိုင်းမကျတာ၊ စိတ် ပျက်ရတာတွေဆိုတာလည်း ရှောင်လွှဲလို့ရတဲ့အရာတွေမဟုတ်ပါဘူး။ ရှောင်လွှဲလို့မရပေမဲ့ ပျော်ရွှင်တဲ့ အချစ်ရေးဖြစ်အောင်တော့ ပြုလုပ်ဖို့ နည်းလမ်းရှိပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

အဲ့ဒါကတော့ ကိုယ့်ချစ်သူ၊ ကိုယ့်လက်တွဲဖော်ကို ပြီးပြည့်စုံတဲ့သူတစ်ယောက်ဖြစ်စေချင်တဲ့ လောဘလေးကို ရပ်တန့်လိုက်ဖို့ပါပဲ။  ဒါဟာ သုတေသီတွေရဲ့လေ့လာတွေ့ရှိမှုတစ်ရပ်လည်း ဖြစ်ပါ တယ်။

အချစ်ရေးတစ်ခုပြိုကွဲပျက်စီးသွားတဲ့အခါ လူတွေတွေးလေ့ရှိကြတာက တစ်ဖက်သားရဲ့အပြစ်အနာအဆာတွေ၊ ဝတ္တရားပျက်ကွက်မှုတွေကိုပါပဲ။ တကယ်တော့ လူတိုင်းဟာ မတူညီတဲ့အားသာချက်၊ အားနည်းချက်ကိုယ်စီနဲ့ ရှင်သန်နေကြတာပါ။ ဒါကို လက်ခံပေးနိုင်မှုနည်းပါး လေလေ လူနှစ်ယောက်ကြားက ပေါင်းသင်းဆက်ဆံရေးရှည်ကြာတည်တံ့ဖို့ ရာခိုင်နှုန်းနည်းပါးလေ လေပါပဲ။ တချို့ကလည်း အချစ်ဆိုတာ သူ့အလိုလိုဖြစ်ပြီး မှော်ဆန်တဲ့ပျော်ရွှင်မှုလို့ ယုံကြည်ကြပါ တယ်။ မဟုတ်ပါဘူး။ တကယ်တော့ အချစ်ဆိုတာ အနုပညာတစ်ခုပါ။ ဒီအနုပညာဟာ ပြီးပြည့်စုံတဲ့သူ မရှိတာကို လက်ခံဖို့ကြိုးစားခြင်းကနေ စတင်ပါတယ်။ တစ်ယောက်ယောက်ကို အချစ်စစ်နဲ့ချစ်တယ် ဆိုတာ ချစ်သူရဲ့အားနည်းချက်တွေကို သည်းညည်းခံနိုင်ခြင်းပါပဲ။

ဒါကြောင့် သာယာတဲ့အချစ်ရေးကို ပိုင်ဆိုင်ချင်တယ်ဆိုရင် ကိုယ့်ချစ်သူကို အပြီးပြည့်စုံဆုံးဖြစ် စေချင်တဲ့လောဘလေးတွေကို ရပ်လိုက်ဖို့ပဲ လိုပါတယ်။ ပြီးတော့ နှစ်ဦးနှစ်ဖက်ဖြစ်ချင်တာလေးတွေ ကို အတူညှိနှိုင်းကြရင် ချစ်ခြင်းရဲ့လှပတဲ့အနုပညာကို အောင်မြင်စွာ ထုဆစ်နိုင်မှာဖြစ်ပါတယ်။

သင့်မှာလည်း အချစ်နဲ့ပတ်သက်ပြီး မျှဝေချင်တာလေးတွေရှိရင် comment box မှာ မျှဝေခဲ့ပါဦးနော်။