အချစ်ရေးမှာ အမျိုးသားတွေဟာ ဘာကြောင့် အမျိုးသမီးတွေထက် ပိုသွေးအေးကြတာလဲ။

blank

လေ့တာတွေ့ရှိမှုတစ်ခုအရ အချစ်ရေးတစ်ခုရှိလာတဲ့အခါ အမျိုးသမီးတွေက  သူတို့အချစ်ရေး ထဲ စိတ်ကောကိုယ်ပါမြှုပ်နှံလိုက်ကြပြီး သူတို့ရဲ့ပျော်ရွှင်မှုနဲ့ လုပ်ကိုင်နိုင်စွမ်းရည်တွေကလည်း အချစ် ရေးအခြေအနေအပေါ် မူတည်သွားကြပါတယ်။ အမျိုးသားတွေကတော့ ချစ်ပေမဲ့ အမျိုးသမီးတွေလို အချစ်ရေးထဲ နစ်မျြုပ်မသွားဘဲ အမျိုးသမီးတွေထက် သွေးအေးကြပါတယ်။

ဒါဟာ ဘာကြောင့်ပါလဲ။

အမျိုးသမီးတွေဟာ ပင်ကိုယ်သဘာဝအားဖြင့် ဖြည့်ဆည်းပေးလိုသူတွေ ဖြစ်ပါတယ်။ ချစ်သူရဲ့ လိုအပ်ချက်တွေကို အမြဲကြိုတွေးနိုင်ကြပြီး အချစ်ရေးခိုင်မြဲအောင်လည်း ဂရုစိုက်ကြတယ်။ တစ်ခုခု လွဲချော်သွားတဲ့အခါလည်း ပြဿနာတွေကို သေချာဖြေရှင်းကြပါတယ်။

အမျိုးသားတွေကတော့ ပင်ကိုယ်သဘာဝအားဖြင့် ကာကွယ်ပေးသူ၊ ပံ့ပိုးပေးသူတွေ ဖြစ်တဲ့ အတွက် အရေးကြီးတာတွေကို ပိုဦးစားပေးရမယ်၊ အချစ်ရေးမှာ ဦးဆောင်ရမယ်ဆိုတဲ့ အသိရှိကြပါ တယ်။ ဒါကြောင့် ချစ်ကြတာချင်းအတူတူတောင် အမျိုးသားတွေနဲ့ အမျိုးသမီးတွေကြားမှာ ခံယူချက် ချင်းကွာခြားကုန်တာဖြစ်ပါတယ်။ အမျိုးသမီးတွေက နှစ်ဦးသားကြားက ခိုင်မြဲမှုတွေကို တည်ဆောက် တယ်။ ကလေးတွေကို ဂရုစိုက်တယ်။ အိမ်လေးကို နေချင့်စဖွယ်ဖြစ်အောင် ဖန်တီးတယ်။ အမျိုးသား တွေကတော့ အလုပ်ကို ပိုကြိုးစားကြပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဒီလိုမတူညီတဲ့သဘောသဘာဝတွေကြောင့် တစ်ခါတရံမှာ ချစ်သူစုံတွဲတွေ၊ အိမ်ထောင်ဘက် တွေကြားမှာ သံသယဝင်တာတွေ၊ အထင်လွဲစရာလေးတွေဖြစ်ကြရပါတယ်။  တကယ်တော့ မချစ်တာ မဟုတ်ဘဲ သဘောသဘာဝချင်းမတူညီတာကြောင့်သာ ဖြစ်ပါတယ်။

ဒါကြောင့်… အချစ်ရေးတစ်ခုပြေလည်သာယာဖို့ဆိုရင် နှစ်ဦးနှစ်ဖက်မတူညီမှုလေးတွေကို အပြန်အလှန်နားလည်လက်ခံပေးဖို့ ကြိုးစားသင့်ပါတယ်။ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် တန်ဖိုးထားမှုလေးတွေကို ထုတ်ဖော်ပြသပါ။ တစ်ယောက်ရဲ့ဖြစ်တည်မှုကို တစ်ယောက် အသိ အမှတ်ပြုပေးရင် မတူညီမှုလေးတွေက ပြဿနာမဟုတ်တော့ဘဲ ပိုခိုင်မြဲတဲ့ အချစ်ရေးကို တည် ဆောက်နိုင်မှာပါလို့ အကြံကောင်းလေးပေးလိုက်ပါတယ်နော်။

အားလုံးလည်း နားလည်မှုရှိပြီး ပျော်ရွှင်သာယာတဲ့အချစ်ရေးကို တည်ဆောက်နိုင်ကြပါစေ နော်။ စာစောင်လေးကို နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါဦး။