အိမ်ထောင်သည်တိုင်း တတ်ထားသင့်တဲ့ ချစ်ခြင်းဘာသာစကား (၅)မျိုး

blank
၁။ အပြုသဘောဆောင်တဲ့ မှတ်ချက်လေးတွေ

ချစ်ရတဲ့ အိမ်ထောင်ဖက်ကို သိပ်လှကြောင်း၊ အနားမှာ အတူရှိနေပေးတဲ့အတွက်ကျေးဇူးတင်ကြောင်း၊ သူချက်ပြုတ်ပြင်ဆင်ပေးတဲ့ ညနေစာဟာ သိပ်ကို စားလို့ကောင်းကြောင်း စသည်ဖြင့်အပြုသဘောဆောင်တဲ့ စကားလေးတွေ ပြောပေးပါ။ ဒါဟာ ချစ်ခြင်းရဲ့ လှပတဲ့ ဘာသာစကားတစ်ခုပဲ မဟုတ်လား။

၂။ ကြင်နာယုယတဲ့ အထိအတွေ့လေးတွေ

ပွေ့ဖက်တာ၊ လက်တွဲတာ၊ ပုခုံးဖက်ပြီး နှစ်သိမ့်ပေးတာ စတဲ့ အထိအတွေ့လေးတွေဟာ အိမ်ထောင်ရေးမှာ ရှိနေသင့်တဲ့ ချစ်ခြင်းရဲ့ဘာသာစကားလေးတွေပါ။ ဒီလိုထိတွေ့မှုလေးတွေက အချစ်တွေကို အမြဲတမ်းနွေးထွေးနေစေပါတယ်။

၃။ အတူတူကုန်ဆုံးတဲ့အချိန်လေးတွေ

နှစ်ယောက်စလုံး ဝါသနာပါတဲ့၊ နှစ်သက်တဲ့အလုပ်လေးတွေကို အတူတူပျော်ရွှင်စွာ လုပ်ရင်း အချိန်လေးတွေကို နှစ်ဦးတည်းကုန်ဆုံးခြင်းက ချစ်ခြင်းတွေကို သွယ်ဝိုက်စွာ ဖော်ပြနေတဲ့ ဘာသာစကားလေးတစ်ခုပေါ့။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ အလိုက်သိမှုလေးတွေ

ချစ်ရတဲ့အိမ်ထောင်ဖက်အတွက် ညနေစာချက်ပြုတ်ပြင်ဆင်ပေးတာ၊ မနက်တိုင်းကော်ဖီဖျော်ပေးတာ၊ အဝတ်အစားပြင်ဆင်ပေးတာစတဲ့ အလိုက်သိမှုတွေကလည်း ဘယ်တော့မှ ရိုးမသွားမယ့် ချစ်ခြင်းရဲ့ ဘာသာစကားလေးတွေပေါ့။

၅။ လက်ဆောင်လေးတွေ

မွေးနေ့တွေ၊ မင်္ဂလာနှစ်ပတ်လည်နေ့လေးတွေဆိုတာ ဘယ်တော့မှ မမေ့သင့်တဲ့နေ့လေးတွေပါ။ အဲဒီလိုနေ့လေးတွေမှာ တန်ဖိုးကြီးသည်ဖြစ်စေ၊ နည်းသည်ဖြစ်စေ၊ မမေ့မလျော့ပဲ လက်ဆောင်ပေးတာလေးတွေကလည်း ရင်ခုန်ပျော်ရွှင်မှုတွေကို ပြန်လည်ဆန်းသစ်စေမယ့် ချစ်ခြင်းဘာသာစကားလေးတွေပဲ မဟုတ်လား။

ကဲ… ဂန္ထဝင်စာဖတ်ပရိသတ် အိမ်ထောင်သည်ကိုကိုမမတို့ရေ။ အမြဲတမ်းပျော်ရွှင်ပြီး သာယာနွေးထွေးတဲ့ အိမ်ထောင်ရေးလေးဖြစ်အောင် ဒီဘာသာစကားလေးတွေကိုအသုံးချလိုက်ပါ။ ဒါဆိုရင် ရာသက်ပန်ခိုင်မြဲတဲ့ အိမ်ထောင်ရေးကို တည်ဆောက်နိုင်မှာအသေအချာပါပဲ။

အိမ်ထောင်ဖက်ကို mention ခေါ်ဖို့ မမေ့နဲ့နော်။