ကျွန်တော်ဘာလုပ်သင့်လဲ။

blank

ကျွန်တော်နဲ့ ကျွန်တော့်ကောင်မလေးက တွဲနေတာ (၆) လကျော်လောက် ရှိပါပြီ။ ကျွန်တော်က သူ့ကိုအရမ်းချစ်သလို သူလည်းကျွန်တော့်ကို အရမ်းချစ်တယ်ဆိုတာကို ကျွန်တော်ခံစားလို့တော့ ရပါတယ်။ သူ့မှာ ကျွန်တော့်အရင် ချစ်သူတစ်ယောက်တော့ရှိခဲ့ဖူးပါတယ်။ အဲဒီအကြောင်းကို ကျွန်တော့်ကိုလည်း ပွင့်ပွင့်လင်းလင်းပြောပြထားပါတယ်။ သူ့ချစ်သူက သူ့ကိုထားခဲ့ပြီး မိဘသဘောတူတဲ့ကောင်မလေးတစ်ယောက်နဲ့ လက်ထပ်သွားခဲ့တယ်လို့ ပြောပါတယ်။ ပထမရည်းစားနဲ့ ပြတ်ပြီး ကျွန်တော့်နဲ့ ရည်းစားဖြစ်ဖို့ နှစ်နှစ်လောက်ကြာပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ခက်တာက ကျွန်တော်နဲ့ချစ်နေပေမယ့် ပထမရည်းစားကို သူမေ့နိုင်ပုံမပေါ်သေးဘူး။ တစ်ခါတလေမှာ အဲဒီကောင်လေးကို အိပ်မက်မက်တယ်ဆိုတဲ့အကြောင်း၊ အရမ်းနာကျည်းနေတယ်ဆိုတဲ့အကြောင်းတွေ ကျွန်တော့်ကိုပြောပြပါတယ်။ တစ်ခါတလေ သူ့ရည်းစားဟောင်းရဲ့ wall ထဲကို ဝင်ကြည့်ပြီး “ငါ့ကို ပစ်သွားတဲ့လူ ဘယ်လောက်ပျော်နိုင်မှာလဲ ဝင်ကြည့်တာ” လို့ပြောပါတယ်။ ကျွန်တော်က ဝင်မကြည့်ဖို့ ဘလော့ပစ်ဖို့ပြောပေမယ့် သူက နားမထောင်ပါဘူး။ ကျွန်တော့်ကိုပဲ တကယ်ချစ်တဲ့အကြောင်း အဲဒီတစ်ယောက်ကို နားကျည်းနေတာက လွဲလို့အခြား ခံစားချက်မရှိကြောင်းပြောပါတယ်။

ရည်းစားဟောင်းနဲ့ ပတ်သက်ပြီး ကျွန်တော့်ကို ဘာမှထိမ်ချန်ထားတာမျိုးတော့ မလုပ်ပါဘူး။ Wall ထဲ ဝင်ကြည့်တာ၊ အိပ်မက်မက်တာက အစ ပြန်ပြောပြပါတယ်။ ဒါပေမဲ့ သူအဲဒီလိုဖြစ်နေတာတွေက ကျွန်တော့်ကိုနာကျင်စေပါတယ်။ တစ်ခါတလေမှာ သူနဲ့ကျွန်တော်စိတ် အခန့်မသင့်လို့ နည်းနည်းလောက် စကားများရန်ဖြစ်ကြပြီဆိုရင်လည်း သူဖက်ကပဲစပြီး ပြတ်ဖို့ပြောပါတယ်။ ကျွန်တော်ချော့လိုက်ရင်လည်း ပြန်အဆင်ပြေသွားတတ်ပါတယ်။

သူ့ဆီမှာ ရည်းစားဟောင်းနဲ့ ပတ်သက်ပြီး ခံစားချက်တွေရှိနေသေးတာလား….။

သူ့ရည်းစားဟောင်းကို အခုထိချစ်နေသေးတာလား…။

သူပြောသလို နားကျည်းလို့ပဲ ရည်းစားဟောင်းကို သတိရနေတာလား။

ကျွန်တော်လေ သူလမ်းခွဲသွားမှာကို အရမ်းကိုကြောက်မိတယ်ဗျာ။

ကျွန်တော်ဘာလုပ်ရမလဲ။