ချစ်သူအတွက် ရည်းစားစာ

blank

ချစ်တဲ့သူရေ…

ချစ်သူတိုင်းက သူတို့ရဲ့ချစ်သူတွေကို ချစ်ကြတယ်တဲ့။ ကျွန်မလည်း ရှင့်ကိုချစ်တာပေါ့။ အချစ်ကြောင့် အရာရာတိုင်းကိုမေ့နေတာမျိုးမဟုတ်ပေမဲ့ ချစ်သူသာလျှင် ဘဝလို့ သတ်မှတ်ထားတာမျိုးမဟုတ်ပေမဲ့ ကျွန်မလည်း ရှင့်ကို ချစ်ပါတယ်။ ရှင့်ကိုမခွဲမခွာနိုင်လောက်တဲအထိ၊ ရှင်နဲ့ပတ်သက်တဲ့ မိန်းကလေးတွေကို သဝန်တိုတတ်တဲ့အထိ ကျွန်မရှင့်ကိုချစ်ပါတယ်။ ဒါပေမဲ့လေ ဘဝဆိုတာ နှစ်ယောက်တည်းနဲ့ ချည်နှောင်ထားလို့ရနိုင်တဲ့အရာမှ မဟုတ်တာ။ ချစ်စခင်စမှာ ကျွန်မတို့တစ်ယောက်နဲ့ တစ်ယောက်ကိုတစ်ယောက် နီးကပ်နေအောင် ချည်လွန်းတဲ့အခါ အချိန်နည်းနည်းကြာရင် ကျွန်မတို့နှစ်ယောက်လုံး မွန်းကြပ်ကျဉ်းကြပ်လာမယ်။ တစ်ယောက်ကိုတစ်ယောက် ငြီးငွေ့ပျင်းရိလာမယ်။

ချစ်တဲ့သူရေ….

သာယာပျော်ရွှင်တဲ့ အချစ်ရေတိုင်းကိုကြည့်လိုက်ရင် နှစ်ယောက်လုံးက ကိုယ်ပိုင်ရပ်တည်ချက်တွေရှိပြီး ကိုယ်ပိုင်ဘဝတွေကိုတိုးတက်အောင်မြင်အောင် ကြိုးစားကြတာကို တွေ့ရလိမ့်မယ်။ ကျွန်မတို့နှစ်ယောက်လည်းပဲ ကိုယ်စီကိုယ်စီဘဝတွေကို တိုးတက်အောင်မြင်အောင်လုပ်နိုင်မှ တစ်ယောက်ဘဝကိုတစ်ယောက် အကြာကြီးဆွဲဆောင်ထားနိုင်မယ်လို့ ကျွန်မထင်တယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ချစ်တဲ့သူရေ…

ချစ်စခင်စမှာ တစ်ယောက်နဲ့တစ်ယောက်မခွဲမခွာဖြစ်နေတာက အဆင်ပြေပေမယ့် အချိန်ကြာလာတဲ့အခါ ချစ်ခြင်းတွေအေးစက်လာပြီး ပျင်းရိစိတ်ပျက်လာမယ်။ ဒါကြောင့် ကျွန်မတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် လွမ်းဖို့အချိန်ယူကြမယ်။ ရှင်ကလည်း ဝါသနာပါတာတွေအတွက် အချိန်ပေး၊ ကျွန်မကလည်း စိတ်ဝင်စားတာလေးတွေကို လုပ်ဆောင်မယ်။ အလွမ်းတွေဟာ အချစ်တွေကို ပိုမိုခိုင်မာစေတယ်တဲ့လေ။

ချစ်တဲ့သူရေ….

ယောက်ျားလေးဆိုတာ အိမ်ရဲ့စီးပွားရေးအတွက် အဓိကထားတာဝန်ယူရတဲ့သူတဲ့။ ဘယ်သူက သတ်မှတ်ပေးလိုက်လဲမသိပေမယ့် ယောက်ျားလေးတွေကတော့ ငွေရှာဖို့အတွက် ဒိုင်ခံတာဝန်ယူထားရတုန်းပဲ။ တစ်ခါတလေမှာ ငွေကြေးနဲ့ ပတ်သက်ပြီး စိတ်ဖိစီးမှုတွေရှိနေလည်း တစ်ယောက်တည်းကြိတ်ပြီး ခံစားနေရတုန်းပဲ။ ကျွန်မကတော့လေ နှစ်ယောက်တည်ထောင်ထားတဲ့ဘဝကို နှစ်ယောက်အတူတူကြိုးစားချင်တယ်။ “မောင်တစ်ထမ်းမယ်တစ်ရွက်” ဆိုပေမယ့် နိုင်သလောက်ဝန်တွေကို အတူတူသယ်ပေးချင်တယ်။ ရှင့်ရဲ့ပုခုံးက လေးလံနေတဲ့အခါ ကျွန်မကိုရင်ဘတ်ပေါ့ပေါ့နဲ့ ဘယ်ချစ်နိုင်ပါ့မလဲနော်။

ချစ်တဲ့သူရေ…

ကျွန်မတို့ဘဝမှာ အတက်အကျအနိမ့်အမြင့်တွေ အများကြီး ကြုံရလိမ့်မယ်။ အခက်အခဲတွေ အများကြီး ကြုံတွေ့ရလိမ့်မယ်။ လူဆိုတာက တစ်ခါတလေမှာ ကိုယ့်စိတ်နဲ့ကိုယ်တောင် အခန့်မသင့်တာမျိုးတွေဖြစ်တတ်တာကြောင့် ကျွန်မကိုအလိုမကျတာတွေဖြစ်ချင်လည်း ဖြစ်မှာပဲ။ ကျွန်မကလည်းရှင့်ကို စိတ်တိုင်းမကျတာတွေဖြစ်ချင်ဖြစ်မှာပဲ။ အဲဒီအခါမျိုးမှာ တစ်ယောက်ကိုတစ်ယောက် နားလည်မှုအပြည့်နဲ့ စိတ်ရှည်ကြမယ်နော်။ ဘယ်လိုမုန်တိုင်းတွေပဲရောက်လာရောက်လာ လက်တွဲညီညီနဲ့ ဖြေရှင်းကြမယ်။

သင့်ချစ်သူကို ပြောပြချင်တာလေးတွေနဲ့ တူနေခဲ့ရင် SHARE ပေးလိုက်ပါဦး။