မိဘတွေရဲ့ဂရုစိုက်မှုကို ရသင့်သလောက်မရခဲ့တဲ့ကလေးဘဝမျိုး ဖြတ်သန်းခဲ့ဖူးလား

blank

ကလေးဘဝမှာ မိဘတွေရဲ့ ဂရုစိုက်မှုတွေ၊ အကြင်နာတွေကို မရရှိခြင်းက အဲဒီကလေးရဲ့ အနာဂတ်ဘဝကို အကျိုးသက်ရောက်စေပါတယ်။ တကယ်လို့ သင်က ကလေးဘဝမှာ မိဘတွေရဲ့ ဂရုစိုက်မှုကို ရသင့်သလောက်မရခဲ့ဘူးဆိုရင် သင့်ဘဝအတွက် မဖြစ်မနေလုပ်ရမယ့်အရာလေးတွေ ရှိပါတယ်။

၁။ သင့်အတွင်းစိတ်ကို သင်ပြန်မေးကြည့်ပါ။

သင့်ကိုယ်သင် ကလေးတစ်ယောက်လို သတ်မှတ်ကြည့်လိုက်ပါ။ ပြီးတော့ ကလေးတစ်ယောက်အနေနဲ့ သင်ဘာတွေလိုအပ်နေလဲ၊ ဘာတွေဖြစ်နေလဲ၊ ဘယ်လိုခံစားချက်တွေရှိနေလဲဆိုတာကို ပြန်မေးကြည့်ပါ။

၂။ သင့်ကိုယ်သင် မိဘတစ်ယောက်လို သတ်မှတ်ပါ။

ကလေးတစ်ယောက်ရဲ့ လိုအပ်ချက်တွေကို သိပြီးရင်တော့ သင့်ကိုယ်တိုင် သင့်မိဘလို့ သတ်မှတ်ပြီး လိုအပ်တာတွေကို ဖြည့်ဆည်းပေးပါ။ သင့်ကိုယ်သင် ဂရုစိုက်ပါ။ သင့်ကိုယ်သင်ချစ်ပါ။ ဒါဟာ အကောင်းဆုံးနည်းလမ်းပါပဲ။

၃။ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သူဖြစ်အောင် ကြိုးစားပါ။

မိဘတွေရဲ့ လျစ်လျူရှုခြင်းကိုခံရတဲ့ကလေးအများစုဟာ ပေါင်းသင်းဆက်ဆံရေးမကောင်းတဲ့ တစ်ကိုယ်တည်းသမားတွေ ဖြစ်လာတတ်ကြပါတယ်။ ဒါဟာ ဘဝအတွက်လုံးဝမကောင်းပါဘူး။ ပြီးတော့ မိဘတွေဆီကမရတဲ့ ရင်းနှီးနွေးထွေးမှုတွေကို အပေါင်းအသင်းမိတ်ဆွေတွေဆီက ရနိုင်တာကြောင့် ပေါင်းသင်းဆက်ဆံရေးကောင်းမွန်အောင် ကြိုးစားပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ ခံစားချက်တွေကို ချရေးပါ။

နေ့စဉ်မှတ်တမ်းထားပြီး ခံစားချက်တွေကို ချရေးပါ။ ဘယ်လိုခံစားချက်မျိုးပဲရှိရှိ ချရေးပါ။ သူများတွေကို ပေးမဖတ်ချင်ဘဲ သိမ်းထားမယ်ဆိုလည်း ရပါတယ်။ ဒါပေမဲ့ သင့်ခံစားချက်တွေအပေါ်မှာ စစ်မှန်ပါစေ။

၅။ နာကျင်စရာယုံကြည်ချက်တွေကို သတ်မှတ်ပြီး အစားထိုးပါ။

ကလေးဘဝမှာ ဂရုစိုက်မခံရဘူးဆိုတာ သင့်ရဲ့ မပြည့်စုံမှု၊ ကံမကောင်းမှုလို့ ယုံကြည်နေမိတယ် မဟုတ်လား။ ဒီယုံကြည်မှုက မှားတယ်နော်။ ဒီလိုမျိုး နာကျင်စရာ ယုံကြည်ချက်တွေလည်း သင့်မှာ ရှိကောင်းရှိနေလိမ့်မယ်။ သင့်ဘက်က လုပ်ရမှာက သင်ယုံကြည်ထားတဲ့ နာကျင်စရာအတွေးတွေကို ဖယ်ထုတ်ပြီး ကောင်းမွန်တဲ့ အတွေးတွေ တွေးပါ။ သင့်ကိုယ်သင် ယုံကြည်မှုထားပါ။

ခံစားချက်တွေ၊ အဖြစ်တွေတူနေရင် SHARE လိုက်ပါ။ သင့်ခံစားချက်လေးတွေကိုလည်း comment မှာ မျှဝေခဲ့နိုင်ပါတယ်နော်။