ယောက်ျားတွေ ချစ်သူအပေါ်စိတ်ကုန်သွားတဲ့အချိန်မှာ ပြောလေ့ရှိတဲ့ စကားများ

blank
၁။ “မင်းလုပ်ချင်တာသာလုပ်တော့… ငါစိတ်မဝင်စားတော့ဘူး”

ဒီစကားရဲ့ အတိမ်အနက်ကို စဉ်းစားကြည့်ပါ။ အရင်က နှစ်ကိုယ့်တစ်စိတ်ချစ်ခဲ့ကြတုန်းက ချစ်သူအပေါ်မှာ ဘယ်သွားတယ်၊ ဘာလုပ်တယ်ဆိုတာကို စိတ်ဝင်စားပြီး တားသင့်တာတား၊ အားပေးသင့်တာ အားပေးခဲ့ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ သူစိမ်းတွေလို သတ်မှတ်လိုက်တာကြောင့် စိတ်မဝင်စားတော့ဘူးလို့ ပြောခြင်းဖြစ်ပါတယ်။

၂။ “မင်း အရမ်းကို အတွေးတွေလွန်နေပြီ”

ချစ်သူမိန်းကလေးက ပြဿနာတွေ၊ သံသယတွေကို ပြောတဲ့အခါမှာ စိတ်ကုန်နေတဲ့ ယောက်ျားလေးတွေ ပြောလေ့ရှိတဲ့ စကားပါ။ ဒီစကားဟာ ပြဿနာတွေအတွက် အဖြေမဟုတ်သလို၊ သံသယတွေအတွက် ဖြေရှင်းချက်လည်းမဟုတ်ပါဘူး။

၃။ “မင်းမကျေနပ်ရင် ငါ့ထက်သာတဲ့သူကို သွားကြိုက်လိုက်လေ”

ချစ်သူမိန်းကလေးက ဖြစ်စေချင်တာလေးတွေ၊ ပြင်သင့်တာလေးတွေကို ပြောပြတဲ့အခါမှာ ဒီလိုစကားနဲ့ တုံ့ပြန်တတ်ကြပါတယ်။ ချစ်မြတ်နိုးစိတ်ရှိနေဆဲ ယောက်ျားလေးတွေ ပြောမထွက်တဲ့စကားပါ။ တကယ်တော့ မိန်းကလေးဘက်ကဖြစ်စေချင်တာက သူမရဲ့စကားကို နားထောင်ဖို့၊ ပိုပြီးကောင်းအောင် ကြိုးစားစေချင်လို့ပါ။ မိန်းကလေးဘက်က ကိုယ့်ချစ်သူကို တခြားယောက်ျားနဲ့ သွားပြီး နှိုင်းယှဉ်မိတဲ့အခါမှာလည်း ဒီလိုပြောတတ်ကြပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုနှိုင်းယှဉ်တာက ယောက်ျားမာနကိုထိခိုက်စေတာကြောင့် မိန်းကလေးတွေအနေနဲ့လည်း ဆင်ခြင်သင့်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ “ဒါက မင်းပြဿနာပဲ… ငါနဲ့ဘာမှမဆိုင်ဘူး”

ချစ်သူနှစ်ယောက်ကြားမှာ တစ်ယောက်ရဲ့ပြဿနာက နောက်တစ်ယောက်ရဲ့ပြဿနာပါပဲ။ ကိုယ်စားဖြေရှင်းမပေးနိုင်ရင်တောင်မှ နှစ်သိမ့်ပေးရမယ်၊ ဖြေရှင်းနိုင်မယ့်နည်းလမ်းလေးတွေကို ကူပြီး စဉ်းစားပေးရမယ်မဟုတ်လား။ ဒါကို မဆိုင်သလိုနေပြီး ဒီလိုစကားပြောတယ်ဆိုတော့ စိတ်ကုန်နေတာ သေချာလို့ပေါ့။

၅။ “မင်းကို ရှင်းပြစရာ ဘာအကြောင်းမှမရှိဘူး”

အကြောင်းမဲ့မဟုတ်ဘဲ ခိုင်မာတဲ့သံသယတစ်ခုခုနဲ့ ချစ်သူကစွပ်စွဲလာတဲ့အခါမှာ ဟုတ်ရင်ဟုတ်တဲ့အကြောင်းပြောပြီး ဝန်ခံဖို့၊ မဟုတ်ရင် မဟုတ်တဲ့အကြောင်းငြင်းပြီး ရှင်းပြဖို့က ချစ်သူနှစ်ဦးစလုံးရဲ့ တာဝန်ပါ။ ဟုတ်သည်ရှိ မဟုတ်သည်ရှိ လိုအပ်လာပြီဆိုရင် စကားလုံးတွေနဲ့ အပြုအမူတွေအတွက် ရှင်းပြသင့်ပါတယ်။ ရှင်းပြစရာမလိုဘူးဆိုတာ စိတ်ကုန်နေလို့ပါ။

ချစ်သူအပေါ်မှာ စိတ်ကုန်သွားပြီဆိုရင် ယောက်ျားလေးနဲ့ မိန်းကလေးရဲ့ အမူအရာတွေ မတူကြပါဘူး။ ဘယ်သူ့ကြောင့်ပဲဖြစ်ဖြစ် အချစ်ရေးမှာ အဆင်မပြေလို့ ချစ်စိတ်တွေကုန်သွားပြီဆိုရင် ယောက်ျားလေးတွေက စကားလုံးတွေ၊ အပြုအမူတွေနဲ့ ဖော်ပြကြပြီး မိန်းကလေးတွေကတော့ ဆိတ်ဆိတ်နေခြင်း၊ လျစ်လျူရှုခြင်းနဲ့ ဖော်ပြကြပါတယ်။ ယောက်ျားလေးတွေဘက်က ဒီစကားတွေပြောတိုင်း စိတ်ကုန်နေပြီလို့ တပ်အပ်မပြောနိုင်ပေမဲ့ ၈ဝ% လောက်ကတော့ စိတ်ကုန်ရင် ဒီလိုစကားတွေ ပြောတတ်ကြပါတယ်။

သင့်ထင်မြင်ချက်လေးတွေကို comment မှာ ပြောခဲ့ပါဦးနော်။