မိခင်ဘဝရောက်လာတဲ့ အမျိုးသမီးတွေသာ ဒါတွေကို ခံစားဖူးလိမ့်မယ်။

blank

၁။ “ငါ” ဆိုတဲ့ နာမ်စားနေရာမှာ “မေမေတို့” ဆိုတဲ့ နာမ်စားလေးကို စပြီး အသုံးပြုလာရပြီ။

၂။ အလုပ်တွေ၊ အိမ်မှုကိစ္စတွေကို တတ်နိုင်သမျှ မြန်မြန်လုပ်လာရပြီ။

၃။ ကလေးအိပ်သွားပြီဆိုတာနဲ့ လုပ်စရာရှိတာတွေကို ထောင့်စေ့အောင် လုပ်လာရပြီ။

၎။ သူငယ်ချင်းတွေဆုံရင် ကိုယ့်အကြောင်းထက် ကလေးအကြောင်းကို ပိုပြီး ပြောတတ်လာပြီ။

၅။ အလုပ်တွေအများကြီးကို တစ်ချိန်တည်းမှာ လုပ်တတ်လာပြီ။ ဥပမာ- ကလေးနို့တိုက်ရင်း ဟင်းချက်ဖို့ ပြင်ဆင်တာမျိုးတွေပေါ့။

၆။ ညဘက်တွေဆိုရင် ခင်ပွန်းနားကပ်ပြီး ချွဲဖို့ထက် စောစောအိပ်ဖို့ ပိုပြီး ဦးစားပေးတတ်လာပြီ။

၇။ ဘယ်လောက်ပဲ အိပ်မောကျနေပါစေ၊ ကလေးအသံတစ်ချက်ကြားလိုက်တာနဲ့ ငေါက်ကနဲ ထထိုင်တတ်လာပြီ။

၈။ ဈေးဝယ်ထွက်ရင်လည်း ကလေးပစ္စည်းအရောင်းဆိုင်ကို အရင်ဆုံးသွားတတ်နေပြီ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၉။ အိမ်ပြင်မှာ အန္တရာယ်ပေါင်းစုံရှိနေတတ်တယ်ဆိုပြီး ဆိုက်ကိုဝင်တတ်နေပြီ။ ဥပမာ –  ဘေးအိမ်ကခွေး၊ လမ်းပေါ်ကကား၊ တက်ရလွယ်တဲ့ သစ်ပင်၊ ဒူးလောက်ရှိတဲ့ရေမြောင်း စသည်ဖြင့်ပေါ့။

၁ဝ။ ကလေးအိပ်ချိန်တွေကို အဖိုးတန်အချိန်လေးတွေအဖြစ် တန်ဖိုးထားတတ်လာပြီ။

၁၁။ ကလေးတွေမပါဘဲ တစ်ယောက်တည်း လွတ်လွတ်လပ်လပ်ဈေးဝယ်ထွက်ရရင်ကို ကံကောင်းလှပြီလို့ သတ်မှတ်တတ်လာပြီ။

၁၂။ ကလေးတွေ ကိုယ့်ဘာသာကိုယ်ရေချိုးနိုင်ပြီဆိုတာကို ကလေးက ဆုရသလို ပျော်ရွှင်ဝမ်းသာနေတတ်ပြီ။

၁၃။ အရုပ်တစ်ရုပ်ကို မြင်တာနဲ့ ဘယ်လောက်ကြာရင် ပျက်မယ်ဆိုတာကို ကြိုပြီး ခန့်မှန်းတတ်လာပြီ။

၁၄။ အင်္ကျီတွေ တော်တော်များများမှာ ကလေးကြောင့်ပေကျံတဲ့ အစွန်းကွက်တွေများလာပြီ။

၁၅။ ရေချိုးခန်းတံခါးကို သေချာပိတ်ပြီး ၁၅ မိနစ်လောက် ရေကောင်းကောင်းချိုးရတာကို မက်မောနေတတ်ပြီ။

၁၆။ ကလေးကြိုက်ကာတွန်းကားထဲက ဇာတ်ကောင်နာမည်တွေကို မကျက်ရဘဲ အလွတ်ရနေပြီ။

၁၇။ ကလေးလေး အိပ်ပျော်သွားပြီး အတော်ကြာတဲ့အထိ ကလေးချော့တေးလေးတွေကို ဆိုမှန်းမသိဆိုတတ်နေပြီ။

၁၈။ တီတီတာတာလေးနဲ့ “မေမေ” လို့ အားကိုးတကြီးခေါ်တဲ့ အသံလေးတွေကြားမှာ ဂုဏ်ယူတတ်နေပြီလေ။

မေမေတစ်ယောက်အနေနဲ့ ဂုဏ်ယူစွာ SHARE လိုက်ပါ။