ချစ်ခရီးကို ရင်ခုန်စိတ်လှုပ်ရှုားမှုတွေပြည့်နှက်နေစေဖို့

blank

           အချစ်သက်တမ်းဘယ်လောက်ကြာကြာ ရင်ခုန်စိတ်လှုပ်ရှားမှုတွေပြည့်နှက်နေစေဖို့  ချစ်သူအတွက်  လုပ်ပေးသင့်တဲ့အချက်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ ချစ်သူကို စာတိုက်ကနေ စာပို့ပါ။ ခေတ်အဆက်ဆက် နည်းပညာတွေတွေ ဘယ်လိုပဲ ပြောင်းလဲပါစေ ချစ်သူရဲ့လက်နဲ့ရေးထားတဲ့ စာဖတ်ရတာလောက် ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့အရာမရှိပါဘူး။

၂။ ချစ်သူကို ကိတ်မုန့်ကိုယ်တိုင်ဖုတ်ကျွေးတာ၊ သစ်သီးဖျော်ရည်လေးတွေ ကိုယ်တိုင်ကိုယ်ကျဖျော်တိုက်တာဟာ ချစ်သူရဲ့နှလုံးသားကို နွေးထွေးစေပါတယ်။

၃။ အတူတူကြည့်ခဲ့တဲ့ ရုပ်ရှင်လက်မှတ်တွေ၊ ခရီးထွက်ဖူးတဲ့ ရထားလက်မှတ်တွေ၊ အတူတူရိုက်ထားတဲ့ ဓာတ်ပုံတွေကို မှန်ဘောင်သွင်းပြီး ချစ်သူကိုလက်ဆောင်ပေးပါ။

၎။ ချစ်သူနဲ့ပတ်သက်တဲ့ချစ်စရာကောင်းတဲ့အချက်တွေကို သတိတရနဲ့ အသိအမှတ်ပြုပေးတာကလည်း ချစ်ခြင်းတွေကိုပိုမိုခိုင်မာစေတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၅။ ချစ်သူကို ရယ်မောပျော်ရွှင်စေတဲ့ ဟာသတိုလေးတွေကို message ပို့ပေးတာဟာ ပျော်ရွှင်ကြည်နူးစရာတွေနဲ့အတူ မိမိကိုအမှတ်ရစေပါတယ်။

၆။ သူ့ရဲ့သူငယ်ချင်းတွေနဲ့ အတူလျှောက်လည်နိုင်ဖို့လည်း အချိန်ပေးပါ။ သူ့ရဲ့သူငယ်ချင်းတွေဟာလည်း သူ့ဘဝရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

၇။ ချစ်သူအတွက်စာတိုလေးတွေကို သူ့ရဲ့အသုံးအဆောင်တွေမှာ ဝှက်ထားပေးပါ။ သူ့ရဲ့တစ်နေ့တာ လုပ်ငန်းတွေလုပ်ဆောင်ရင်း အမှတ်မထင်ရရှိမယ့် သင့်ရဲ့စာတိုလေးတွေဟာ သူ့ရဲ့နှလုံးသားလှိုက်မောစေမှာပါ။

၈။ သူ့ရဲ့အလုပ်မှာရရှိတဲ့ အောင်မြင်မှုတွေအကြောင်း ချီးကျူးပြောဆိုပါ။ အဲဒီလိုလုပ်ခြင်းဟာ သူနဲ့ပတ်သက်ပြီး သင့်ရဲ့စိတ်ဝင်စားမှုတွေကို ထင်ဟပ်စေတာကြောင့် သူ့အတွက်တော့ တန်ဖိုးမဖြတ်နိုင်စရာတွေပါပဲ။

၉။ ချစ်သူနဲ့မတွေ့တဲ့နေ့တွေမှာ ချစ်သူကိုလွမ်းရတဲ့အကြောင်းကို စာတိုလေးတွေပို့ပါ။ ချစ်သူကကိုယ့်ကိုအမြဲလွမ်းနေတယ်ဆိုတာကို သိရတာထက် ကောင်းမွန်တဲ့ခံစားမှု ဘယ်မှာမှမရှိပါဘူး။

၁ဝ။ ချစ်သူကြိုက်တတ်တဲ့ ဇာတ်ကားခွေကို လက်ဆောင်ပေးပြီး နှစ်ယောက်အတူကြည့်ပါ။ သူနှစ်သက်တဲ့အရာတွေကို သူနဲ့အတူလိုက်ခံစားပေးတာကလည်း ချစ်ခရီးကိုပိုမိုသာယာစေပါတယ်။

၁၁။ သူကြိုက်တဲ့ အားကစားပွဲတွေအတွက် လက်မှတ်ဝယ်ပေးပြီးလက်ဆောင်ပေးပါ။ သူ့ရဲ့အကြိုက်တွေကို တန်ဖိုးထားပေးတာ၊ ထောက်ပံ့ပေးတယ်ဆိုတဲ့ ခံစားချက်ဟာသင်တို့နှစ်ယောက်ရဲ့ အချစ်တွေကို ပိုမိုခိုင်မြဲစေပါတယ်။