မိန်းကလေးတွေ ရစ်တတ်လာတယ်ဆိုတာ..

blank

ချစ်သူအပေါ်သစ္စာကြီးပြီး ချစ်တတ်တဲ့ မိန်းကလေးတွေဟာ…

၁။ တွယ်တာပြီးချစ်တတ်သလို ကြံဖန်ပြီး ရစ်တတ်တယ်။ (ရစ်တတ်လာတယ်ဆိုတာကလည်း သင်ကလွဲလို့ ဘယ်သူ့ကိုမှ စိတ်မဝင်စားဘူးဆိုတဲ့ လက္ခဏာဖြစ်တာကြောင့် သင့်အတွက် ဝမ်းသာစရာပါ။)

၂။ သင့်ကို နားလည်ပေးတတ်သလို အထအနကောက် ကောက်တတ်တယ်။ (စိတ်ကောက်တယ်ဆိုတာ သင့်ဂရုစိုက်မှုကို လိုချင်တဲ့ လက္ခဏာဖြစ်တာကြောင့် သင့်အတွက် ကြည်နူးစရာပါ။)

၃။ သင့်ဘေးနားမှာ မားမားမတ်မတ်ရပ်တည်ပေးတတ်သလို ကောင်မလေးတွေနဲ့ ပတ်သက်ရင် သဝန်တိုတတ်တယ်။ (သဝန်တိုတာက ဆုံးရှုံးရမှာ ကြောက်ခြင်းရဲ့ လက္ခဏာဖြစ်တာကြောင့် သင့်အတွက် စိတ်ကြီးဝင်စရာပါ။)

၎။ သင့်ကို အလျှော့ပေးတတ်သလို သင့်ကို ဂျီကျဆိုးနွဲ့တတ်လာမယ်။ (သူမရဲ့ ကမ္ဘာကို သင်တစ်ယောက်တည်းပိုင်ဆိုင်တာကြောင့် သင့်အပေါ်ဂျီကျနေတဲ့ လက္ခဏာဖြစ်တာကြောင့် သင့်အတွက် ဂုဏ်ယူစရာပါ။)

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ သင့်ကို နှစ်သိမ့်ပေးတတ်သလို သင့်ပုခုံးကိုမှီပြီး ငိုလိမ့်မယ်။ (သင့်ရဲ့ ဝမ်းနည်းမှုတွေတိုင်းကို မျှဝေယူပြီး သူမရဲ့ခံစားမှုတွေတိုင်းကို ဝေမျှပေးချင်တဲ့ လက္ခဏာဖြစ်တာကြောင့် သင့်အတွက် ကျေနပ်စရာပါ။)

သင့်အပေါ်သစ္စာတရားအပြည့်နဲ့ ချစ်မိတဲ့ မိန်းကလေးတစ်ယောက်ဆိုတာလေ…

သင့်ကိုရင်ဘတ်ကြီးအပြည့်နဲ့ချစ်လိမ့်မယ်။

ဂရုစိုက်မှုတွေနဲ့ ကြည်နူးဝမ်းသာစေလိမ့်မယ်။

ချစ်ခြင်းမေတ္တာတွေနဲ့ နွေးထွေးစေလိမ့်မယ်။

တစ်ခါတလေမှာ သင့်ရဲ့ ဂရုစိုက်မှုတွေမရတဲ့အခါ၊ လျစ်လျူရှုမှုတွေကို ရရှိတဲ့အခါ မျက်ရည်ကျလိမ့်မယ်။ သင့်အတွက် စိုးရိမ်တဲ့အခါ ဗျစ်တောက်ဗျစ်တောက်နဲ့ စကားတွေများလာလိမ့်မယ်။ သင်အပေါ်မှာ အစိုးရိမ်ကြီးပြီး ပူပန်ပေးလိမ့်မယ်။

ဒါကြောင့်လည်း သင့်ချစ်သူဟာ သင့်ကိုရစ်နေပြီဆိုရင် သင့်အပေါ်မှာ ချစ်ခြင်းတွေအပြည့် ပုံပေးထားတယ်ဆိုတာ မမေ့ပါနဲ့နော်။

ရစ်တတ်တဲ့ ချစ်သူလေးကို ပိုင်ဆိုင်ထားတယ်ဆိုရင် သူမကို mention ခေါ်ပါ။