ဤသူကို သူငယ်ချင်းဟုခေါ်သည်။

blank

ပွေ့ဖက်နှစ်သိမ့်မှုတွေပေးတယ်… ဒါပေမဲ့ နင်ကငါ့ရဲ့ ချစ်သူတော့မဟုတ်ဘူး။

နာကျင်မှုတွေကို မျှဝေခံစားပေးတယ်… တစ်အူတုံဆင်းမောင်နှမတော့ မဟုတ်ဘူး။

လိုအပ်ချိန်တိုင်း ရှိနေပေးတယ်… ဒါပေမဲ့ သွေးသားရင်းချာဆွေမျိုးတော့ မဟုတ်ဘူး။

နင်ကငါ့ရဲ့ သူငယ်ချင်းပါ။ ဒါပေမဲ့နင်က…

အမှားလုပ်မိရင် အဖေတစ်ယောက်လို ဆူပူတယ်…

ဖျားနာချိန်မှာ အမေတစ်ယောက်လို ဂရုစိုက်ပေးတယ်…

တစ်ခါတလေ ညီမလေးတစ်ယောက်လို စိတ်ကသိကအောက်ဖြစ်အောင်လုပ်တယ်..

အစ်ကိုတစ်ယောက်လို စနောက်တယ်…

ချစ်သူတစ်ယောက်ထက် ပိုပြီးချစ်ပေးတယ်။

နင်သာမရှိဘူးဆိုရင် ငါဘဝဟာ အခုလိုပျော်စရာကောင်းခဲ့မှာ မဟုတ်ဘူး။

ကျေးဇူးတင်ပါတယ်ဟာ… ရလိုစိတ်မရှိဘဲ ပေးခဲ့တဲ့ ခံစားမှုတွေအတွက် ..

လူတွေကြားထဲမှာ အော်ရယ်ခဲ့ကြတဲ့ ပေါ့ပါးမှုတွေအတွက်… ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

မျက်ရည်ကျတိုင်း မခံချင်အောင်စပြီး ဖြစ်ပေါ်လာစေခဲ့တဲ့ အပြုံးတွေအတွက်….

ဝေးသွားပေမဲ့ နီးနေပေးခဲ့တဲ့ နှလုံးသားတွေအတွက် ကျေးဇူးပါ…။

ဘယ်လောက်ပဲဝေးသွား ဝေးသွား ငါတို့ဟာ ထာဝရ သူငယ်ချင်းတွေပါနော်။

သင့်ဆီမှာ အဲ့ဒီလို သူငယ်ချင်းလေးတွေရှိရင် သူတို့ကို Mention ခေါ်ပြီး ကျေးဇူးတင်ကြောင်းပြောပြလိုက်ပါဦး။

သဘောနှစ်ခြိုက်ခဲ့ရင် SHARE ပေးလိုက်ပါဦး။