သင်ချစ်ရသူတွေအတွက် သင်လုပ်ပေးနိုင်တဲ့ အကောင်းဆုံးဖြည့်ဆည်းမှု (၇) ခု

blank

လက်တွဲဖော်၊ ချစ်သူ၊ သူငယ်ချင်း၊ မိသားစုဝင် ဘယ်သူ့ကိုပဲဖြစ်ဖြစ် သင်ချစ်ရတဲ့သူတွေအပေါ်မှာ ချစ်တဲ့အကြောင်းကို ထုတ်ဖော်ပြသဖို့လိုပါတယ်။ ချစ်တဲ့အကြောင်းကို အပြောနဲ့ပဲ ထုတ်ဖော်လို့ မလုံလောက်ပါဘူး။ အဓိပ္ပာယ်ရှိပြီး မေတ္တာလွှမ်းတဲ့ ဒီလိုအပြုအမူ၊ လုပ်ရပ်လေးတွေနဲ့ ပြသဖို့လိုပါတယ်။

၁။ သူတို့အတွက် အမြဲရှိနေပေးပါ။ ဘယ်အချိန်၊ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် သူတို့ဘက်မှာ ရှိနေပေးပါ။

၂။ သူတို့ပြောချင်တဲ့စကားတွေကို သေသေချာချာ နားထောင်ပေးပါ။ သူတို့ရဲ့ ခံစားချက်တွေကို နှလုံးသားနဲ့ရင်းပြီး ခံစားပေးပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ သူတို့အပေါ် မလိမ်ညာပါနဲ့။ လိမ်ညာတယ်ဆိုတာ ကိုယ့်ကိုယ်ကိုရော၊ တစ်ဖက်သားအပေါ်မှာပါ မလေးစားတဲ့အပြုအမူဖြစ်ပါတယ်။

၎။ သူတို့အပေါ် အော်ဟစ်ကြိမ်းမောင်းတာမျိုးရှောင်ပါ။ ဒေါသဖြစ်လာရင်တောင် ထိန်းချုပ်နိုင်အောင်ကြိုးစားပါ။

၅။ ကြင်နာစွာ ပြောဆိုဆက်ဆံပါ။ စေတနာ၊ မေတ္တာထားပြီး ဆက်ဆံပါ။

၆။ ခွင့်လွှတ်ပေးပါ။ ခွင့်လွှတ်ပေးခြင်းက သင့်မှာရော၊ တစ်ဖက်သားအပေါ်မှာပါ အပူငြိမ်းစေပါတယ်။

၇။ အသိအမှတ်ပြုပေးပါ။ ကျေးဇူးတင်ကြောင်း ပြသပေးပါ။ သူတို့က သင့်အတွက်တော့ ဘုရားပေးတဲ့ဆုလာဘ်တစ်ခုဖြစ်ကြောင်း ပြသပါ။

ဒီလုပ်ရပ်လေးတွေက သင့်အတွက် အပန်းမကြီးပေမယ့် တစ်ဖက်သားအတွက်တော့ အရမ်းကို အဓိပ္ပာယ်ရှိပြီး ကြည်နူးစရာကောင်းတဲ့ အပြုအမူလေးတွေဖြစ်ပါတယ်။ ဒါကြောင့် ချစ်ရသူတွေအတွက် တစ်နေ့တစ်ခါလောက်တော့ ဒီလုပ်ရပ်လေးတွေကို လုပ်ပေးလိုက်ပါနော်။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။