ဆက်ထုံးအပြည့်နဲ့ အချစ်ကြိုးကို ဆက်လက်ဆုပ်ကိုင်ထားတုန်းပဲလား

blank

အချစ်ရေးတစ်ခု ကြာရှည်တည်တံ့ဖို့ဆိုတာ အားစိုက်ထုတ်ပြီး ကြိုးပမ်းမှ ရမှာပါ။ ဒါပေမဲ့ ဘယ်လောက်ပဲ အားစိုက်ထုတ်ပြီး သာယာဖို့ကြိုးစားပေမဲ့ တစ်ဖက်က ကပျက်ကယက်လုပ်ပြီး အပျက်ဘက်ဦးတည်နေရင်တော့ ဆက်ပြီး မကြိုးစားပါနဲ့တော့။ ဆက်ထုံးများလွန်းတဲ့ ကြိုးကို အတင်းဆုပ်ကိုင်ထားရင် လက်တွေနာကျင်ရသလိုပဲ မချစ်သင့်တဲ့အချစ်တစ်ခုကို ဖက်တွယ်နေရင် နှလုံးသားလေး နာကျင်ရတတ်ပါတယ်။

တကယ်လို့ အချစ်ရေးတစ်ခုမှာ ဒီလိုအခြေအနေတွေရှိနေပြီဆိုရင်တော့ ဘယ်လိုအားထုတ်ထုတ် ပြန်ကောင်းမလာနိုင်တော့တဲ့ အချစ်ရေးလို့ သတ်မှတ်နိုင်ပါပြီ။

၁။ ချစ်သူနဲ့အတူတူရှိနေချိန်တွေထက် တစ်ယောက်တည်းရှိနေချိန်တွေမှာ ပိုပြီးစိတ်သက်သာရာရတယ်လို့ ခံစားနေရပြီဆိုရင်…

၂။ နှစ်ယောက်အတူတူရှိတိုင်း ပျော်ရွှင်ရတယ်ဆိုတာ မရှိဘဲ ရန်ဖြစ်နေရတယ်၊ စိတ်ညစ်စရာစကားတွေပဲ ပြောနေကြားနေရတယ်ဆိုရင်…    ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ ချစ်သူရဲ့ အပြုအမူတိုင်း၊ လုပ်ရပ်တိုင်းက ကိုယ့်အတွက် စိတ်အနှောင့်အယှက်ဖြစ်စရာတွေ၊ ဒေါသဖြစ်စရာတွေ၊ စိတ်ပျက်စရာတွေပဲ ဖြစ်နေတယ်ဆိုရင်…

၎။ ယုံကြည်မှုကို အလွဲသုံးစားလုပ်လွန်းတာကြောင့် ချစ်သူရဲ့ အပြုအမူတိုင်း၊ အပြောအဆိုတိုင်းကို ယုံကြည်မှုမရှိတော့တဲ့အထိ ဖြစ်နေတယ်ဆိုရင်…

၅။ သူ့ကို ထိတွေ့ပွေ့ဖက်ဖို့၊ အကြင်နာပေးဖို့၊ နောက်ဆုံး သူ့လက်ကိုကိုင်ဖို့တောင် စိတ်မပါတော့သလိုဖြစ်နေတယ်၊ သူနဲ့ဝေးဝေးနေချင်တဲ့စိတ်တွေဖြစ်နေတယ်ဆိုရင်…

သေချာပါပြီ။ ဒီလိုအခြေအနေထိ ဆိုးနေတဲ့အချစ်ရေးတွေကို ပြန်ကောင်းအောင်၊ ပြန်သာယာအောင် ဘယ်လိုကြိုးစားကြိုးစား မရနိုင်တော့ပါဘူး။ ဘဝဆိုတာ တိုတိုလေးပါ။ တန်ဖိုးရှိတဲ့ အချိန်နဲ့ စွမ်းအင်တွေကို မဖြုန်းတီးပါနဲ့။ ဖန်ခွက်တစ်ခွက် ကွဲသွားလို့ ပြန်ဆက်လို့ရတယ်ဆိုရင်တောင် အက်ရာတွေနဲ့ဆိုတော့ ဘယ်လိုလုပ်လှပတော့မှာလဲ…၊ အချစ်ရေးလည်း အဲဒီလိုပါပဲ။ ဆက်လက်ဆုပ်ကိုင်ထားမလား…၊ လွှတ်လိုက်တော့မလားဆိုတာကတော့ ကိုယ်တိုင်ဆုံးဖြတ်ရမယ့်အပိုင်းပါ။

သင့်ထင်မြင်ချက်လေးတွေကို comment box မှာ ရေးခဲ့နိုင်ပါတယ်။ ခံစားချက်တွေတူရင် SHARE လိုက်ပါဦး။