တကယ်ချစ်မိပြီဆိုတာနဲ့ လူတိုင်းမေ့သွားတတ်ကြတဲ့ အချစ်ရေးအမှန်တရားလေးများ

blank

၁။ ပျော်ရွှင်ခိုင်မာတဲ့အချစ်ရေးဆိုတာ သူ့အလိုလိုဖြစ်တည်လာတာမဟုတ်ဘဲ ပူးပေါင်းလုပ်ဆောင်မှုတွေလိုအပ်ပါတယ်။ ချစ်သူအချင်းချင်း စိတ်ချင်းနီးနေရမယ်၊ ပွင့်လင်းရိုးသားမှုတွေရှိဖို့ လိုပါတယ်။

၂။ အချစ်မှာ ကိုယ်ပေးသလောက်ပဲ ပြန်ရတတ်တယ်။ ကိုယ့်ကိုဂရုစိုက်စေချင်ရင် ကိုယ်ကလည်း ကြင်နာပေးရမယ်။ ကိုယ့်ကိုနားလည်ပေးစေချင်ရင် ကိုယ်ကလည်းပိုပြီး နားလည်ပေးရမယ်။ ဒါဟာအချစ်ရေးကံကောင်းစေတဲ့ နည်းလမ်းလေးပါပဲ။

၃။ ချစ်သူတွေပဲဖြစ်နေပါစေ၊ သူ့ဘဝထဲမှာ ကိုယ့်ကိုနေရာပေးဖို့ ဇွတ်အတင်းတောင်းဆိုလို့မရပါဘူး။ သူ့ဘဝအတွက် ကိုယ်ကထိုက်တန်မှုရှိတယ်လို့ခံစားမိတယ်ဆိုရင် ကိုယ့်အတွက် အကောင်းဆုံးနေရာတစ်ခု သူဖန်တီးပေးပါလိမ့်မယ်။

၎။ ကြုံဆုံလာတဲ့ချစ်သူတိုင်းဟာ ရည်ရွယ်ချက်ကိုယ်စီနဲ့ ဘဝထဲကို ရောက်လာကြတာပါ။ တချို့တွေက စမ်းသပ်ဖို့၊ တချို့တွေက အသုံးချဖို့၊ တချို့တွေက သင်ခန်းစာပေးဖို့၊ တချို့တွေကတော့ ဘဝရဲ့အကောင်းဆုံးအခိုက်အတန့်တွေကို ဖန်တီးပေးဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ပေါ့။ ကိုယ့်ဘဝထဲမှာ လက်ခံနေရာပေးလိုက်တဲ့ချစ်သူမှာ ဘယ်လိုရည်ရွယ်ချက်တွေရှိနေတာလဲဆိုတာ မြင်အောင်ကြည့်ပြီး အကောင်းဆုံတုန့်ပြန်တတ်ဖို့လိုပါတယ်။

၅။ မမြဲတဲ့အရာတွေထဲမှာ လူ့စိတ်ဆိုတာ ပါဝင်ပါတယ်။ ချစ်သူက အရင်ကနဲ့မတူဘူး၊ ပြောင်းလဲလာပြီဆိုရင် အရင်လိုဆက်ချစ်နေပေးဖို့ တောင်းပန်စရာမလိုပါဘူး။ ကိုယ့်စိတ်ထဲမှာ ဘာတွေခံစားနေရလဲဆိုတာကို ပြောပြပြီး ဦးနှောက်နဲ့ နှလုံးသားကို အကောင်းဆုံးထိန်းချုပ်ကိုင်တွယ်နိုင်ဖို့ လိုပါတယ်။

၆။ ကိုယ့်ပျော်ရွှင်မှုကို ကိုယ်တိုင်ဖန်တီးပြီး ကိုယ်တိုင်ထိန်းချုပ်ကိုင်တွယ်နိုင်ရပါမယ်။ ချစ်သူက ပျော်အောင်မထားလည်း ကိုယ့်ဘာသာ ပျော်အောင်နေတတ်ရမယ်။ အချစ်ကြောင့် ပျော်ရွှင်မှုတွေပျောက်ဆုံးသွားတယ်လို့မပြောခင် ကိုယ့်ကိုယ်ကိုဘယ်လိုပျော်အောင်ထားရမလဲဆိုတာ ပြန်စဉ်းစားကြည့်ပါ။

၇။ ကိုယ့်အပေါ် အပြစ်လုပ်ထားတဲ့သူကို ခွင့်လွှတ်တာဟာ သူ့အတွက်မဟုတ်ပါဘူး၊ ကိုယ့်စိတ်ရဲ့ လွတ်လပ်ပေါ့ပါးမှုအတွက်ပါ။ နှလုံးသားကို လောင်ကျွမ်းစေတဲ့ အမုန်းတွေ၊ အာဃာတတွေကို ခွင့်လွှတ်ခြင်းနဲ့အတူ ကျောခိုင်းလိုက်ပါ။

၈။ ချစ်သူပဲဖြစ်နေပါစေ၊ လူတစ်ယောက်ရဲ့ အကျင့်ကို ဘယ်သူကမှ လာပြီးပြုပြင်ပေးလို့မရပါဘူး။ ကာယကံရှင်ကိုယ်တိုင်က ချစ်တဲ့စိတ်နဲ့ လိုလိုလားလားပြောင်းလဲချင်မှသာ ပြောင်းလဲနိုင်ပါမယ်။ ဒီတော့ ကိုယ့်ဘက်က ကိုယ်မကြိုက်တဲ့သူ့အကျင့်တွေကို ပြောပြထားဖို့လိုပါတယ်။

၉။ ဒေါသစွက်တဲ့ ငြင်းခုံရန်ဖြစ်မှုတွေဟာ အချိန်ဖြုန်းခြင်းသက်သက်ပါပဲ။ ငြင်းခုံတာလေးတွေကို လျှော့ပြီး ပျော်ရွှင်မှုနဲ့ ရင်ခုန်သံတွေအတွက် အချိန်ပေးလိုက်ပါ။ အော်ဟစ်ရန်ဖြစ်တာထက် ပွင့်ပွင့်လင်းလင်းပြောဆိုညှိနှိုင်းဖို့က ပိုပြီးအရေးကြီးပါတယ်။

၁ဝ။ အချစ်ကြောင့် ကိုယ့်ဘဝကြီး ပိုပြီးဆုတ်ယုတ်သွားတယ်ဆိုရင် အဲဒီအချစ်ကို ကျောခိုင်းသင့်နေပါပြီ။ စိတ်ဆင်းရဲစရာအချစ်ရေးကို ဇွတ်ဖက်တွယ်ထားပြီး နာကျင်ခံစားနေတာထက် တစ်ယောက်တည်းပျော်အောင်နေတာက ပိုကောင်းပါတယ်။

၁၁။ အကြင်နာလွှမ်းတဲ့ ချစ်ခြင်းအပြုအမူလေးတွေက အချစ်ရေးကို ရေရှည်တည်တံ့စေတဲ့အရာလေးတွေပါ။ လူတစ်ယောက်ကို ပြုံးအောင်လုပ်နိုင်တာက ကမ္ဘာကြီးကို ပြောင်းလဲစေနိုင်တာနဲ့ အတူတူပါပဲ။ တစ်ကမ္ဘာလုံးမဟုတ်တောင်မှ အပြုံးပိုင်ရှင်ရဲ့ ကမ္ဘာလေးကိုပေါ့။

၁၂။ စံပြစုံတွဲတွေတောင် ထာဝရမပေါင်းဖက်ရတာမျိုးတွေရှိပါတယ်။ လူ့ဘဝဆိုတာ မမြဲတာကြောင့် လက်ရှိအချိန်မှာ ကိုယ်ပိုင်ဆိုင်ထားတဲ့အရာတွေ၊ ကိုယ့်နားကချစ်ရတဲ့သူတွေကို တန်ဖိုးထားအသိအမှတ်ပြုပါ။ လူတစ်ယောက်ရဲ့တန်ဖိုးကို သူမရှိတော့မှ သိပြီး တမ်းတတာမျိုးက နာကျင်စရာအကောင်းဆုံးနောင်တတစ်ခုပါပဲ။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။