ချစ်သူရဲ့ “ အချစ်ဆုံး” ပဲ အမြဲဖြစ်ချင်တဲ့ မိန်းကလေးများအတွက် ထိထိမိမိဗျူဟာ ၅ ချက်

blank
၁။ အမြဲလိုက်လျောဖြည့်ဆည်းပေးနေတာကို ရပ်ပါ။

ယောက်ျားတွေက ခက်ခဲတဲ့အရာတွေကို ပိုတန်ဖိုးထားတတ်ကြပါတယ်။ မိန်းကလေးတွေ ဘက်က ချစ်စိတ်နဲ့ အရာရာဖြည့်ဆည်းပေးတာမျိုး၊ သူလိုအပ်တာတွေ လိုက်လုပ်ပေးနေတာမျိုးတွေ ကြာလာတဲ့အခါ ငြီးငွေ့စရာတစ်သမတ်တည်း အခြေအနေဖြစ်လာပါတယ်။ ဒါကြောင့် မိမိဘဝကို နံပါတ် ၁ နေရာမှာထားပြီးမှ သူ့အတွက် စဉ်းစားပါ။ ဒီလိုဆိုရင် မိမိကိုယ်တိုင်လည်း ပိုပျော်ရွှင်ပြီး ချစ် သူကိုလည်း ပိုဆွဲဆောင်နိုင်မှာပါ။

၂။ မိမိကိုယ်ကို ယုံကြည်မှုရှိပါ။

မိမိချစ်သူက ခပ်ခွာခွာနေလာပြီး စိတ်မဝင်စားတော့သလို ခံစားလာရပြီဆိုရင် ဒါဟာ သူ့အနေ နဲ့ ဒီအချစ်ရေးကို ငြီးငွေ့စိတ်ပျက်လာတဲ့ လက္ခဏာတစ်ရပ်ပါ။ ဒီအခြေအနေမှာ သူ့အပေါ် ခါတိုင်း ထက်ပိုပြီး ဂရုစိုက်တာမျိုး မပြုလုပ်ပါနဲ့။ ပိုငြီးငွေ့စိတ်ပျက်သွားတတ်ပါတယ်။ ဒါကြောင့် ခဏဝေးဝေး နေပြလိုက်ပါ။ သူ့ဘက်က ဂရုစိုက်မှုတွေပြန်ပေးလာမှာပါ။

၃။ စကားများများပြောတတ်တဲ့အကျင့်ကို ပြင်ပါ။

သိပ္ပံပညာရှင်တွေကတော့ မိန်းမသားတွေဟာ စကားပြောကြပြီး ယောက်ျားတွေကတော့ တွေးကြတယ်လို့ လေ့လာဖော်ထုတ်ထားကြပါတယ်။ ယောက်ျားလေးတွေဟာ နားပူတာကို မကြိုက် ကြပါဘူး။ ဒါကြောင့် သူတို့ကို အမြဲတမ်းနားပူအောင်မလုပ်တာကလည်း မိမိအပေါ် မငြီးငွေ့ဘဲ အမြဲ ချစ်နေစေမယ့် အချက်တစ်ချက်ဖြစ်ပါတယ်။

၎။ ချစ်သူနောက်ကို တကောက်ကောက်လိုက်တာမျိုး ရှောင်ကြဉ်ပါ။

အချစ်ဆိုတာ လိုက်ရင်ပြေးတတ်ပါတယ်။  ယောက်ျားလေးတွေကလည်း သူတို့ကိုပဲ အမြဲ လိုက်နေတာမျိုးကို သဘောမကျကြပါဘူး။ ဒါကြောင့် မိမိကိုယ်မိမိတန်ဖိုးထားပါ။ မိမိဘက်ကချည်း အ လျှော့ပေးနေတာမဟုတ်ဘဲ မာနထားသင့်တဲ့အချိန် ထားမှသာ မိမိတန်ဖိုးကို သူနားလည်မှာပါ။

၅။ မိမိကိုယ်မိမိချစ်ပါ။

ချစ်သူရဲ့စိတ်ဝင်စားမှုကို ထိန်းထားနိုင်ဖို့ မိမိကိုယ်တိုင်က စိတ်ဝင်စားစရာလူတစ်ယောက်ဖြစ် နေဖို့ လိုအပ်ပါတယ်။ မိမိကိုယ်မိမိချစ်ပါ။ မိမိဘဝ၊ မိမိအလုပ်အကိုင်၊ မိမိရဲ့လူမှုဆက်ဆံရေးနဲ့ မိမိရဲ့ဝါ သနာတွေကို အမြဲမြှင့်တင်ဖို့ ကြိုးစားအားထုတ်မှုရှိပါ။ အမြဲတက်ကြွလှုပ်ရှားနေတဲ့ဘဝက ချစ်သူရဲ့ စိတ်ဝင်စားမှုကိုလည်း ဆွဲဆောင်ထားနိုင်မှာပါ။

ကဲ… မိန်းမသားတို့ရေ။ ရိုးရှင်းထိရောက်တဲ့ဗျူဟာလေးတွေက အားလုံးရဲ့အချစ်ရေးမှာ တစ် နည်းတစ်ဖုံအထောက်အကူပြုစေလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ဖတ်ရတာ နှစ်သက်သဘောကျ တယ်ဆိုရင်လည်း LIKE လေးပေးပြီး comment box မှာ တစ်ခုခုရေးခဲ့ပါဦးနော်။