လက်ထပ်တော့မယ့် ချစ်သူစုံတွဲတိုင်း ဒီအချက်လေးတွေကို သိထားသင့်ပါတယ်

blank
၁။ အိမ်အလုပ်တွေကို အတူတကွလုပ်ဆောင်ခြင်းက သံယောဇဉ်တွေကို ပိုမိုတိုးပွားစေတယ်။

မျှဝေခြင်းက ဂရုစိုက်ကြင်နာခြင်းပါ။ လေ့လာချက်တွေအရ အိမ်မှုကိစ္စတွေကို အတူတကွခွဲဝေလုပ်ဆောင်တဲ့ လင်မယားတွေဟာ အခြားလင်မယားတွေထက် ပိုချစ်ကြပြီး အချစ်ရေးအဆင်ပြေတာကို တွေ့ရပါတယ်။

၂။ ကြင်စဦးကာလမှာတင် ပျော်ရွှင်ကြည်နူးစရာကောင်းတာမဟုတ်ပါဘူး။

လူအများစုထင်နေတတ်ကြတာက ဟန်းနီးမွန်းကာလက ပျော်စရာကောင်းတယ်၊ အချိန်ကြာလာာတာနဲ့အမျှ အိမ်ထောင်ရေးသာယာမှုတွေ လျော့သွားတယ်လို့ပေါ့။ တကယ်တော့ ဒါဟာ လူတစ်ဦးချင်းစီရဲ့ စိတ်နဲ့ အပြုအမူတွေနဲ့ပဲသက်ဆိုင်တာပါ။ အိမ်ထောင်သက်တမ်းကြာတဲ့အထိ ရင်ခုန်သံတွေမြန်နေတုန်း၊ ချစ်နေတုန်းဆိုရင် အချိန်ကြာလာမှ ပိုပြီးပျော်ရွှင်ချမ်းမြေ့စရာကောင်းလာတာဖြစ်ပါတယ်။

၃။ ပွေ့ဖက်ကြင်နာခြင်းက ကြာရှည်ခိုင်မာတဲ့ အိမ်ထောင်ရေးအတွက် မရှိမဖြစ်ပါ။

ဇနီးမောင်နှံနှစ်ဦးပွေ့ဖက်ကြင်နာတာလေးတွေ တစ်ယောက်နဲ့တစ်ယောက် ကျီစယ်တာလေးတွေက အိမ်ထောင်ရေးကိုသာယာစေပြီး ချစ်ခြင်းတွေကို တိုးသည်ထက်တိုးပွားလာစေပါတယ်။ သားသမီးလေးတွေကို ပွေ့ဖက်ခြင်းကလည်း မိသားစုသံယောဇဉ်ကို ပိုမိုခိုင်မာစေပါတယ်။

၎။ ငွေကြေးပြဿနာတွေကို ကြိုတင်ပြီး ပွင့်ပွင့်လင်းလင်းပြောပြထားပါ။

“အခုရှုပ်မှ နောင်ရှင်း” ဆိုတာ လင်မယားကြားက ငွေကြေးပြဿနာတွေဆိုရင် ပိုမှန်ပါလိမ့်မယ်။ ငွေကြေးပြဿနာတွေကို ကိုယ်တစ်ယောက်တည်းကျိတ်ရှင်းရင်းမနိုင်မှ ဖွင့်ပြောတာထက် ကြိုတင်ဖွင့်ပြောပြီး အခက်အခဲတွေကို နှစ်ယောက်အတူရင်ဆိုင်ကျော်ဖြတ်တာ ပိုမကောင်းဘူးလား။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ လက်ထပ်ခြင်းကြောင့် အမျိုးသားတွေမှာ ပိုပြီးအကျိုးအမြတ်ဖြစ်ထွန်းပါတယ်။

အပေါ်ယံအကျိုးအမြတ်တွေကိုမတွေးဘဲ ကျန်းမာရေးအရကြည့်ရင်တောင် အိမ်ထောင်ရှိအမျိုးသားတွေဟာ လူပျိုကြီးတွေ၊ တစ်ခုလပ်တွေ၊ မုဆိုးဖိုတွေထက် ပိုပြီးကျန်းမာရေးကောင်းတဲ့အပြင် ပိုပြီးအသက်ရှည်ရှည်နေရတာကိုတွေ့ရပါတယ်။

၆။ လက်ထပ်ခြင်းနဲ့ အိမ်ထောင်ရေးဟာ နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

လေ့လာချက်တွေအရ အိမ်ထောင်သည်တွေဟာ လူပျိုလူလွတ်တွေထက် နှလုံးနဲ့ သွေးကြောရောဂါဖြစ်နိုင်ချေ ၅% လျော့ကျတာကို တွေ့ရှိရပါတယ်။ အကြောင်းရင်းကတော့ အိမ်ထောင်သည်တွေဟာ မိသားစုရေးရာစိတ်ခံစားချက်တွေကြောင့် ဟော်မုန်းတွေထွက်ရှိလာပြီး သွေးတိုးကျခြင်း၊ နှလုံးနဲ့ သက်ဆိုင်တဲ့ရောဂါများကင်းဝေးခြင်း စတဲ့အကျိုးကျေးဇူးတွေကို ခံစားရပါတယ်။

ချစ်ရသူသိစေဖို့ SHARE လိုက်ပါဦးနော်။