Crush ရဲ့ အထင်ကြီးမှုကို ခံရဖို့ သင်ဘယ်လောက်ထိ ကြိုးစားကြည့်ဖူးသလဲ

blank

၁။ Crush က သင့်ကို အထင်ကြီးအောင်လို့ တစ်ခါမှမကြည့်ဖူးတဲ့ ရုပ်ရှင် ဒါမှမဟုတ် TV အစီအစဉ်ကို ကြည့်ဖူးတယ်ဆိုပြီး ခပ်တည်တည်နဲ့ ညာဖူးလား။

၂။ Crush ကြိုက်မယ်ထင်လို့ ကိုယ်တစ်ခါမှ မဝတ်ဖူးတဲ့ ဖက်ရှင်ပုံစံမျိုး ဝတ်ဖူးလား။

၃။ ကိုယ်လုံးဝမကြိုက်တာတောင် crush ကြိုက်တတ်တဲ့ အစားအစာလေးမို့ ကျိတ်မှိတ်ပြီး အရမ်းကြိုက်တဲ့ပုံနဲ့ စားကြည့်ဖူးလား။

၎။ Crush အထင်ကြီးအောင်လို့ စာကြမ်းပိုးမလေးတစ်ယောက်ပုံစံ ဖမ်းဖူးလား။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ Crush က သင့်ကို ကြွေကျသွားစေဖို့ အလှဆုံးပြင်ပြီး crush ရှေ့မှာ တည်ငြိမ်သူတစ်ယောက်လို အိနြေ္ဒရရ လမ်းလျှောက်ဖူးလား။

၆။ တစ်ခါမှမကြားဖူးပေမဲ့  crush ကြိုက်တဲ့ သီချင်းမို့လို့ အသည်းအသန်ရှာပြီး နားထောင်ဖူးလား။

၇။ မစားရက်မသောက်ရက် ကျိတ်စုထားတဲ့ မုန့်ဖိုးလေးတွေကို crush ရှေ့မှာ ရေလိုသုံးပြဖူးလား။

၈။ သင်လုံးဝသဘောမတူ၊ မထောက်ခံတဲ့ ကိစ္စတစ်ခုကို Crush ကြောင့် ဟန်ဆောင်ပြီးသဘောတူဖူးလား။

၉။ Crush ကို အကြောင်းမရှိအကြောင်းရှာပြီး စကားတွေ သွားသွားပြောဖူးလား။

၁ဝ။ ပြီးတော့ နောက်ဆုံးတစ်ချက်အနေနဲ့ crush ကို ဒီပို့စ်အောက်မှာ mention ခေါ်ရဲလား။

ဒီ ၁ဝ ချက်ထဲက ၇ချက်လောက် လုပ်ဖူးတယ်ဆိုရင်တော့ သင်ဟာ သင့် crush ကို တော်တော်လေး စွဲလန်းနေပါပြီ။ ဘယ်အချက်တွေ လုပ်ဖူးလဲဆိုတာလေးကို comment box မှာ ဖြေပေးခဲ့ဦးနော်။ Crush လေးနဲ့ မြန်မြန်အဆင်ပြေပါစေလို့ ဆုတောင်းလိုက်ပါတယ်ရှင်။