တစ်သက်လုံးနောင်တမရစေဖို့ အားလပ်ရက်တွေမှာ မိသားစုနဲ့အချိန်ဖြုန်းလိုက်ပါ။

blank

 စာချစ်သူတို့ရေ …

တကယ်တော့ မိဘနဲ့သားသမီးဆိုတာ သားသမီးတွေ ၁၈ နှစ်မပြည့်ခင်လေးပဲ နွေးနွေးထွေး ထွေး အပျော်ရွှင်ဆုံးနေခွင့်ရတာပါ။ အဲ့ဒီထဲကမှ အားလပ်ရက်တွက်ရင် (၉၆၃) ပတ်လောက်ပဲ အား လပ်ရက်ရှိတာပါ။ ကျန်တဲ့ရက်တွေကတော့ အလုပ်တွေနဲ့ပဲ ဖြတ်သန်းရတာပါ။

ပြီးတော့မိဘရင်ခွင်ထဲတကယ်နေတဲ့အရွယ်ကလည်း မူကြိုမတက်ခင်(၄)နှစ်အရွယ်လောက် အထိပါပဲ။ (၄)နှစ်ထဲမှာမှ ပထမ(၂)နှစ်က ကလေးပေါက်စအရွယ်သာ ရှိသေးတာမို့ မိဘနဲ့ အားလပ် ရက်အတူပျော်ရွှင်မှုဆိုတာ မတည်ဆောက်နိုင်သေးပါဘူး။ ကလေးတို့သဘာဝ အိပ်မယ်။ ဗိုက်ဆာရင် စားမယ်။ အလိုမကျရင် ငိုမယ်။ ဆော့ပြီးမောရင် အိပ်ငိုက်မယ်။ ပြီးတော့ နုနယ်တဲ့ကလေးတို့သဘာဝ အတိုင်း အကြောင်းတရားအမျိုးမျိုးတွေနဲ့ ရက်သတ္တပတ် ၃ဝ လောက်ကလည်း နေမကောင်းဖြစ်တာ ရှိပါသေးတယ်။ ဒီတော့ စစ်စစ်ပေါက်ပေါက်တွက်ကြည့်ရင် ကလေးတွေအရွယ်မရောက်ခင် မိဘနဲ့အ တူပျော်ရွှင်ခွင့်ရတဲ့ စနေ၊ တနင်္ဂနွေဆိုတာ (၄ဝဝ)အောက်မှာပဲ ကျန်ပါတော့တယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဒီတော့… မိသားစုဘဝရဲ့ အားလပ်ရက်ပျော်ရွှင်ခွင့်ဆိုတာ တကယ်ကို တိုတောင်းလှပါတယ်။ အဲ့ဒီအချိန်လေးတွေကို နောင်တစ်ချိန်မှာမှ ပြန်လည်ပိုင်ဆိုင်ခွင့်ရချင်ပါတယ်ဆိုရင် မဖြစ်နိုင်တော့ပါ ဘူး။

ဒါကြောင့် သင်ဟာ ငယ်ရွယ်တဲ့မိဘ၊ အလုပ်များတဲ့မိဘဖြစ်နေမယ်ဆိုရင် သင့်ရဲ့အားလပ်ချိန် တွေကို ဘယ်လိုကုန်ဆုံးမိနေသလဲဆိုတာ စိစစ်ကြည့်သင့်ပါတယ်။

  • အားလပ်ရက်မှာ မိသားစုကို အချိန်ပေးဖြစ်နေသလား။
  • အမှတ်တရဖြစ်စရာ အပျော်ခရီးလေးတွေ ထွက်ဖြစ်သလား။
  • ကလေးတွေကြိုက်တဲ့ အားကစားပြိုင်ပွဲတွေကို လိုက်ပြဖြစ်သလား။
  • ကလေးတွေအတွက် ဗဟုသုတရစရာနေရာလေးတွေကို အခုတ်တရလိုက်ပို့ပေးမိလား။

ဒီအချက်လေးတွေကို ဆန်းစစ်ကြည့်လို့ ပျော်စရာအားလပ်ရက်လေးတွေက သင့်အတွက် နည်းလွန်းနေတယ်ဆိုရင်တော့ ဒီနေ့ကစပြီး သင့်အားလပ်ရက်လေးတွေကို မိသားစုအတွက် အချိန် ပြန်ပေးဖို့ အကြံပြုပါရစေနော်။  အချိန်တန်လာတဲ့အခါ ကလေးတွေအရွယ်ရောက်လာရင် သူတို့နဲ့ ရွယ်တူသူငယ်ချင်းတွေနဲ့ ပေါင်းသင်းဆက်ဆံရေးတွေကို တည်ဆောက်တော့မှာမို့ မိဘတွေနဲ့ အတူ ဖြတ်သန်းမယ့်အားလပ်ချိန်ဆိုတာ ရှားပါးလာတော့မှာပါ။ အရွယ်ရောက်လာရင်လည်း လောကကြီးထဲ တောင်ပံဖြန့်ကျက်ရင်း မိဘတွေကို အချိန်အပြည့်အဝပေးနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါဟာ လော ကကြီးရဲ့ လွန်ဆန်မရတဲ့သဘာဝပါပဲ။ ဒါ့ကြောင့် အချိန်ရှိခိုက်လေးမှာ မိသားစုရဲ့ ပျော်ရွှင်မှုတွေကို တည်ဆောက်လိုက်ပါ။ နောင်နှစ်ပေါင်းများစွာတိုင်အောင် မိသားစုရဲ့ ချစ်ခင်စည်းလုံးမှုနဲ့ ပျော်ရွှင်မှု တွေကို အမှတ်ရနေစေဖို့ သင့်အားလပ်ရက်တွေကို သင့်မိသားစုအတွက် ရက်ရက်ရောရောပေးထား လိုက်ပါနော်။

ဒီလိုဆိုရင်တော့ နောင်တစ်ချိန်အသက်ကြီးလာတဲ့အခါ သင့်အတွက် နောင်တတွေအစား ပြန် တွေးလိုက်တိုင်း ပြုံးမိစရာ ပျော်ရွှင်ကြည်နူးမှုတွေနဲ့ပဲ ယှဉ်တွဲနေထိုင်ခွင့်ရမှာ အသေအချာပါပဲ။ သင့် ရင်သွေးတွေအတွက်လည်း အဓိပ္ပာယ်ပြည့်ဝတဲ့ အပျော်ရွှင်ဆုံးကလေးဘဝကို ပိုင်ဆိုင်ခွင့်ရခဲ့လို့ အမြဲ ကျေနပ်မိစေမှာ အမှန်ပါပဲနော်။

စာစောင်လေးကို ပြန်လည်မျှဝေဖို့ SHARE လိုက်ပါဦးနော်။