မချစ်သင့်တဲ့ယောက်ျားတစ်ယောက်အတွက် တန်ဖိုးရှိတဲ့အချိန်တွေပေးနေတာကို ရပ်လိုက်ပါ။

blank
သူငယ်ချင်းရေ…

အမှန်အတိုင်းပြောရရင် ဒီစာကို ရေးနေတဲ့အချိန်မှာ ဆက်ရေးသင့်၊ မရေးသင့် ငါ့စိတ်ထဲ ဒွိဟ ဖြစ်နေမိတယ်။ ဘာလို့လဲဆိုတော့ လူအတော်များများက အချစ်စိတ်ဖုံးလွှမ်းနေတဲ့အခါ  အမှန်တရား ကို မမြင်နိုင်ကြတော့တာ သဘာဝမို့ ငါ့စေတနာက နင့်အတွက် ဝေဒနာဖြစ်သွားမှာကိုလည်း စိုးရိမ်မိ လို့ပါ။

ဒါပေမဲ့… သူငယ်ချင်းကောင်းဆိုတာ ကိုယ့်သူငယ်ချင်းလမ်းမှားရောက်နေတာကို သတိပေးရ မယ့်တာဝန်အပြည့်အဝရှိတယ် မဟုတ်လား။ နင်ပေးသလောက်အချစ်တွေပြန်မရတဲ့အပြင်၊ နင့်ကို နာ ကျင်စေ၊ မျက်ရည်ကျစေတဲ့သူမျိုးကို ခေါင်းမာမာနဲ့ဖက်တွယ်ထားနေတာကိုတော့ ငါ လက်ပိုက်ကြည့် မနေနိုင်တာ အမှန်ပါပဲ။

တကယ်တမ်း သူသာနင့်အပေါ် တကယ်ချစ်ရိုးမှန်ရင် နင့်ကို ဝမ်းနည်းအောင်၊ နာကျင်အောင်၊ မျက်ရည်ကျရအောင် အမြဲလုပ်ပါ့မလားနော်။ နင့်ကိုတောင် အစစအရာရာ စိတ်ချမ်းသာအောင် ဖြည့် ဆည်းပေးဦးမှာလေ။ နင့်အပေါ်လည်း လေးလေးစားစား ဆက်ဆံမှာပဲ။ အခုတော့ သူ့အတွက်ပဲ နင် က တစ်ဖက်သတ်ပေးဆပ်နေရတယ်။ ပေးဆပ်သလောက်လည်း အသိအမှတ်ပြုမခံခဲ့ရဘူး။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဒါဟာ ဘဝတစ်လျှောက်လုံးလက်တွဲသွားသင့်တဲ့ ယောက်ျားတစ်ယောက်ဖြစ်နိုင်ပါ့မလား။ သေချာစဉ်းစားကြည့်ပါ သူငယ်ချင်းရေ…။

တကယ်တော့ နင်က သူ့အတွက်ဆို ဘာမဆိုလုပ်ပေးမှာကို သိနေလို့ သူက နင့်ကို ရွေးချယ် ထားတာပါ။ အချစ်တစ်ခုမှာ စတေးရတဲ့အရာတွေရှိတယ်ဆိုတာ ငါလည်းနားလည်ပါတယ်။ ဒါပေမဲ့ အတိုင်းအတာတစ်ခုထက်တော့ မကျော်လွန်သင့်ဘူးလေနော်။ နင့်မှာလည်း ကိုယ်ပိုင်တန်ဖိုးအပြည့် ရှိတယ်လေ။ ကမ္ဘာပေါ်မှာ နင့်လိုမိန်းမသားတစ်ယောက်ရဲ့အချစ်ကို မျှော်လင့်နေတဲ့၊ အကောင်းဆုံး ချစ်ခြင်းမေတ္တာတွေပေးချင်တဲ့ ယောက်ျားတွေမှ အများကြီးပါဟာ။ သူနင့်ကို ချစ်လို့ နင့်အနားမှာနေ နေတာ မဟုတ်ပါဘူး။ သူ့အတ္တကြောင့် နင့်အနားမှာနေနေတာပါ။

ငါပြောတာကို ယုံပါ သူငယ်ချင်းရယ်။

နင်ကလေ… သိပ်ချစ်စရာကောင်းတယ်။ ရိုးသားဖြူစင်တယ်။  ကိုယ်ပိုင်အရည်အချင်းတွေနဲ့ လင်းလက်တောက်ပပြီးသားသူပါ။ ကမ္ဘာပေါ်က ပျော်ရွှင်ခြင်းအားလုံးနဲ့ ယှဉ်တွဲနေတဲ့၊ နင့်ဘဝကို အ လင်းရောင်ပေးနိုင်တဲ့အချစ်မျိုး တကယ်ပိုင်ဆိုင်ခွင့်ရထိုက်တဲ့ မိန်းကလေးတစ်ယောက်ပါ။

ဒါကြောင့်… သူ့ကို နင့်ဘဝထဲကနေ ဒီနေ့ပဲ ထွက်ခွာခွင့်ပေးလိုက်ပါ သူငယ်ချင်းရေ…။ ပြီးရင် အငြိမ်းချမ်းဆုံးပျော်ရွှင်မှုတွေနဲ့ စောင့်ကြိုနေတဲ့ နင့်အနာဂတ်ကောင်းကင်ယံပေါ် အလွတ်လပ်ဆုံးပျံ သန်းသွားလိုက်ပါနော်။

နင့်ရဲ့ချစ်သူငယ်ချင်း

ခွန်အားဖြည့်စာစောင်လေးကို ပြန်လည်မျှဝေဖို့ SHARE လိုက်ပါဦးနော်။